Part 7

1K 146 11
                                    

   Mark ဆီကိုရုတ်တရက်ဝင်လာတဲ့ဖုန်းသံကြောင့် သူအလုပ်လုပ်နေရာကနေဖုန်းကိုင်လိုက်တယ်
Mark : ဘာ သတိရလာပြီလို့ပြောလိုက်တာလား အဲ့ဒါတ
ကယ်လား
Mark ပျော်သွားတဲ့အပျော်က ဘယ်သူသတိရလာတယ်ဆို
လို့သူအဲ့လောက်ပျော်နေရတာလဲ
Mark : ကျွန်တော်ချက်ချင်းလာခဲ့ပါ့မယ် ဟုတ်ကဲ့
G : သူဌေး ခေါ်တာပါလား
Mark : အမေရိကကိုသွားဖို့ အမြန်ဆုံးလေယာဉ်ကိုစီစဉ်ပေး
Saint တစ်ယောက်ထဲစဉ်းစားနေခဲ့တယ် Perth ဘာလို့သူ့ကိုမမှတ်မိရတာလဲ သူ့ရဲ့ပြင်းထန်တဲ့ဝေဒနာကြောင့်လား ဘာလို့လဲ
Mark : Saint
Saint : ဝင်ခဲ့လေ Mark
Mark : ငါခရီးတစ်ခုသွားမလို့ ဘယ်လောက်ကြာမလဲမသိဘူး
မင်းတစ်ယောက်ထဲဖြစ်တယ်မလား
Saint : ဘယ်ကိုလဲ ရုတ်တရက်ကြီး
Mark : US ကိုပါ ငါပြန်လာမှအကြောင်းစုံရှင်းပြနိုင်မယ်
Saint : ဘယ်လောက်ကြာမှာလဲ
Mark : တစ်လလောက်
Saint : ဘာလို့အဲ့လောက်ကြာမှာလဲ
Mark : ငါပြန်လာမှသေချာရှင်းပြမယ် သွားပြီနော်
   Pin ကအောက်ထပ်မှာမနက်စာစားနေတုန်း Ae ကအပြင်
သွားဖို့ပြင်လိုက်တယ်
Pin : အကို ဘယ်သွားဖို့လဲ
Ae : ဒီနေ့ ဝယ်စရာရှိလို့ shopping သွားမလို့ Pin လိုက်ဦးမ
      လား
Pin : မလိုက်တော့ပါဘူး သွားလေ
Ae : inn ပြန်လာခဲ့မယ်နော်
   Ae ကအပြင်သွားမယ်ဆိုပေမယ့် သူ့ကားက Saint ရဲ့ရုံးခန်းထဲကိုမောင်းချသွားတယ်
Saint : Ae ကတွေ့ဖို့ခွင့်တောင်းတယ်ဟုတ်လား ဝင်ခိုင်း
          လိုက်
Ae : ငါမေးစရာရှိလို့လာတာ
Saint : ဘာကိုလဲ Ae
Ae : Perth ကဘယ်သူလဲ
  ဒီလိုမေးခွန်းမျိုးကိုမေးလာမယ်မထင်ထားဘူး Perth က Ae
ပဲလေ အတူတူပဲလေ
Saint : အစအဆုံးပြောပြနိုင်တယ် ဒါပေမယ့် ကျွန်တော်လဲ 
          မေးချင်တာရှိတယ်
Ae : ထိုင်ပြီးအေးဆေးပြောရအောင် ဘာမေးဖို့လဲ
Saint : ကျွန်တော့်ကိုယုံလား
   မသိဘူး ဘယ်သူ့ကိုမှမယုံကြည်နိုင်သေးဘူး ဘယ်သူမှန်
နေလဲဆိုတာမသိဘူး
Ae : ငါယုံကြည်တာ Dior နဲ့ pin ပဲ
Saint : ဒါဆိုဘာလို့ ကျွန်တော့်ဆီလာမေးတာလဲ Pin ကိုမ
            မေးဘဲနဲ့လေ
Ae : ဟုတ်တယ် ငါဘာလို့မင်းဆီရောက်လာတာလဲ ဒါပေ
      မယ့်ငါ့စိတ်ထဲမှာတစ်မျိုးကြီးပဲ ဘယ်သူ့ကိုယုံလို့ယုံရမလဲ
       မသိဘူး
Saint : Dior ကိုသိလား Perth မှတ်မိလား
Ae : သူကငါ့ကောင်မလေး ငါချစ်တဲ့သူလေ မှတ်မိတာပေါ့
Saint : Earth ရော Mark ရော ပြီးတော့ Saint ဆိုတဲ့ကောင်
            လေးကိုရော သိရဲ့လား
   Saint ဆီကမျက်ရည်ကိုမြင်ရင်ပျော်နေမယ်လို့ထင်ခဲ့တာ
ဒါပေမယ့် အခုမြင်လိုက်ရတော့ရင်ထဲမှာတစ်မျိုးကြီးပဲ ဝမ်းနည်းသလို ပူဆွေးသလိုခံစားရတယ်
Saint : သိရဲ့လား Perth ကကျွနိတော့်ချစ်သူဆိုတာကို
Ae : Perth ကမင်းချစ်သူ
Saint : ကို့ကိုကိုယ်ဘာလို့တစ်ခြားတစ်ယောက်လိုပြောနေရ
            တာလဲ Perth ကအခု Ae ပဲလေ
Ae : Earth Mark သူတို့ကဘယ်သူလဲ ငါသိတာကမင်းကို
Saint : ကျွန်တော့်ကိုသိတာလား မှတ်မိနေတာလား
Ae : မင်းကြောင့် Dior သေခဲ့တာ
   Saint မျှော်လင့်နေခဲ့တာဒီစကားမဟုတ်ဘူး ဘာလို့ Dior
ကိုသူသတ်ခဲ့တာဖြစ်မှာလဲ Perth ဘာတွေပြောနေတာလဲ
Saint : ဘာတွေပြောနေတာလဲ
Ae : မင်းကားနဲ့တိုက်ခဲ့လို့သူသေခဲ့တာ မင်းကငါတို့ကိုခွဲခဲ့တာ
Saint : ဘယ်တုန်းကအကြောင်းတွေပြောနေတာလဲ Perth
   Ae ကမတ်တပ်ရပ်လိုက်တယ် ဒီအကြောင်းတွေတွေးမိတိုင်းခေါင်းကိုက်လာတယ် Saint ကိုမုန်းတီးစိတ်ဖြစ်မိတယ်
Saint : မသွားပါနဲ့ဦး ပြောခဲ့ပါ ဘယ်တုန်းကဟာကိုပြောခဲ့တာ
            လဲဆိုတာ
   Saint က Ae ရဲ့လက်ကိုဆွဲကိုင်ထားလိုက်တယ်
Ae : ငါ့ကိုလွှတ်
  Ae ကလက်ကိုရုန်းပြီးအမြန်ထွက်သွားလိုက်တယ်
Perth ဘာတွေပြောနေတာလဲ သူဘာလို့အဲ့လိုအတွေးတွေဝင်နေရတာလဲ ဒါဆို ဒါဆိုသူအတိတ်မေ့နေတာမဟုတ်ဘူး
Ae : ငါဘာတွေလုပ်နေမိတာလဲ Pin ကိုမယုံကြည်ဘဲဘာလို့
        ဒီကောင်ဆီလာခဲ့မိတာလဲ
     Mark အနားမှာမရှိတဲ့အချိန် သူ့အားသူကိုးပြီးရသလောက်စုံစမ်းရမှာပဲ Ae နဲ့ Mean အိမ်ထဲကအတူထွက်လာတာကို
စောင့်နေပြီး သူတို့ကိုကင်မရာနဲ့ချိန်ပြီးဓာတ်ပုံရိုက်လိုက်တယ်
Saint : Mean ဆိုတာသူနဲ့ဘယ်လိုပတ်သတ်နေတာလဲ
    Mark ကလေဆိပ်ကိုရောက်တာနဲ့သူ့အဖေကိုပြေးဖက်
လိုက်တယ်
Dad : သားလည်းအခုမှတွေ့ရတော့တယ်
Mark : အဖေကသားဆီမှမလာတာ
Dad : ဆေးရုံကပြစ်ထားခဲ့လို့မှမရတာ လာလေ သားတွေ့
          ချင်တဲ့သူသတိရလာပြီ အဖေတို့အစွမ်းကုန်ကုသထား
           ရတာ
    Ae  ကားမောင်းရင်းနဲ့သူတို့အတူနေခဲ့တဲ့ဆိုင်လေးကို
မြင်လိုက်တယ် သူ့ကားကိုအရှိန်သတ်ပြီးရပ်ကြည့်လိုက်တယ်
Mean : ဘာဖြစ်တာလဲ
Ae : ဒီအိမ်ကိုရင်းနှီးနေသလိုပဲ ငါနေခဲ့ဖူးလားမသိဘူး Mean
       ဘာလို့ငါ့မှတ်ညဏ်တစ်ဝက်ကိုရှာမတွေ့နိုင်တာလဲ
Mean : Dior သေပြီးထဲကမင်းကအတိတ်မေ့နေတာလေ
             အများကြီးစဉ်းစားမနေနဲ့ မင်းနေမကောင်းဖြစ်နေဦး
              မယ်
Ae : ငါခဏဆင်းကြည့်ချင်တယ်
Mean : Ae အတူသွားမယ်လေ
     ဆိုင်အရှေ့မှာသူခဏရပ်ကြည့်လိုက်တယ် သော့ပိတ်ထား
လို့အထဲကိုတော့ဝင်မကြည့်နိုင်ဘူး ဒါပေမယ့် ဒီနေရာလေးက
တော်တော်ရင်းနှီးနေတယ်
  " Perth Saint " ခေါ်သံတွေကိုသူကောင်းကောင်းကြီးကြား
နေရတယ် နားထဲမှာအဲ့အသံတွေပဲကြားနေရတယ် ဒီအိမ်က
သူနဲ့ပတ်သတ်နေတာလား ဘာတွေဖြစ်နေတာလဲ ဘာတွေဖြစ်ခဲ့တာလဲ သူတကယ်ရူးချင်နေပြီ မသိစိတ်က Saint ကလူ
ကောင်းလို့ပြောနေပေမယ့် အသိစိတ်က Saint ကြောင့်
အားလုံးပျက်စီးခဲ့တာလို့ပြောနေတယ် ဘာကိုသူယုံကြည်ရမလဲ ဘယ်သူ့ကိုယုံကြည်နိုင်မလဲ ဘာပဲဖြစ်ဖြစ်ဒီအိမ်က Saint
နဲ့ပတ်သတ်နေရင်သူအဖြေတစ်ခုတော့သိနိုင်မှာပဲ
G    : ဒါရိုက်တာမရှိပါဘူး အရေးကြီးကိစ္စကြောင့်သူခရီးသွား
        ပါတယ်
Ae : ဟုတ်ကဲ့ ကျေးဇူးပါ
   Mark က VVIP အခန်းကျယ်ထဲကိုဝင်လာခဲ့တယ် အိပ်ရာ
ပေါ်ကကောင်မလေးလက်ကိုကိုင်ထားရင်သူငိုလိုက်တယ်
ကောင်မလေးကိုဖက်လိုက်တယ်
Mark : ကျေးဇူးတင်ပါတယ် ပြန်လာခဲ့ပေးလို့ သတိရလွန်းလို့
            ရူးမှာပဲ ကျေးဇူးပါပဲ
    Paris မှာစုံစမ်းလာတာတစ်ပတ်ရှိနေပြီ ဘာမှတိတိကျကျ
မသိရဘူး Saint ကဒီလိုနေရာမှာမကျွမ်းကျင်ဘူးလေ ပိုက်ဆံ
ရှိတိုင်းလွယ်လွယ်ကူကူစုံစမ်းလို့ရတဲ့အရာတွေမဟုတ်ဘူး
Pin ကအရမ်းညဏ်ပြေးတဲ့လူ Mean ရဲ့နောက်ကြောင်းတွေ
ကိုပါဖွက်ထားပြီးသား
Pin : Saint က Paris ရောက်နေတာလား စုံစမ်းလေ
         ရအောင်ရှာ နင့်လိုငတုံးကငါ့ကိုယှဉ်နိုင်မယ်တဲ့လား
    Ae ကအိမ်ထဲကိုပြန်ဝင်လာတယ်
Pin : ရောက်လာပြီလား အကို Pin တို့မနက်ပြန်ဖို့လုပ်ပြီးပြီ
        အကို့အိတ်တွေအကုန်ပြင်ပြီးပြီ
Ae : inn ပြန်မယ်လေ
    ပြန်မယ်လို့သာပြောလိုက်ပေမယ့် သူသိချင်တဲ့အကြောင်း
တွေကိုသိအောင်လုပ်ချင်သေးတယ် Pin က Ae အတွက်ဆေးတစ်ခွက်လာတယ်
Pin : ဆေးသောက်လိုက်ဦးလေ
Ae : အင်း ကျေးဇူး
   Ae ကဆေးသောက်ချင်ယောင်ဆောငိလိုက်ပြီးသန့်စင်ခန်း
ထဲပြေးပြီးအန်ထုတ်လိုက်တယ် ဘာဆေးမှန်းလည်းမသိဘဲ
သူသောက်နေခဲ့တာတစ်နှစ်တောင်ရှိပြီ သူ့မှာရောဂါကြီးကြီး
မားမားလည်းမရှိဘဲဒီဆေးတွေကိုဆက်သောက်မနေသင့်ဘူး
Saint : ဘာ သူတို့ပြန်သွားပြီလား
    Saint ကစားပွဲပေါ်ကပစ္စည်းတွေကိုရိုက်ချလိုက်တယ်
Pin လုပ်သွားပြီ Perth ကိုသူနဲ့ခွဲထုတ်သွားပြန်ပြီ
" တီ တီ " ဖုန်းသံကြောင့်သူဖုန်းကိုကိုင်လိုက်တယ်
Mark : Saint ငါပြန်လာနေပြီ မနက်ဖြန်ညငါ့အိမ်ကိုလာခဲ့
             လက်ဆောင်ပါတယ်
Saint : အခုအဲ့ဒါအရေးမကြီးဘူး Perth ကို Pin ခေါ်ထုတ်
            သွားပြီ ဘာဆကိလုပ်ရမလဲ
Mark : ငါ့အိမ်ကိုသာအရင်လာခဲ့ပါ
     Saint ကို Mark ကအိမ်ခန်းထဲကိုခေါ်သွားတယ်
Mark : ဝင်သွားလိုက် မင်းအတွက်လက်ဆောင်ပေးတာ
    Saint အခန်းထဲဝင်သွားလိုက်တယ် ထိုင်ခုံပေါ်မှာသူ့ကို
ကျောပေးပြီးထိုင်နေတဲ့မိနိးကလေးတစ်ယောက်ကိုတွေ့လိုက်တယ် ဆံပင်ကလည်းခါးထိရှည်တယ် သူ့အနောက်ကဆံ
ပင်နဲ့ဖုံးနေလို့ကောင်းကောင်းတောင်မမြင်နိုင်ဘူး ဒါဘယ်သူလဲ ..........
                                The End
    

My Sunshine Boy(Season 3 ❤️)Where stories live. Discover now