Part 15❤️

1.2K 155 22
                                    

Perth : စောင့်နေတာကြာသွား
    Perth ဖုန်းပြောပြီးလို့အခန်းထဲပြန်ဝင်လာပေမယ့် Saint ကထိုင်နေပြီးသူ့လက်ထဲမှာလည်းစာရွက်မှတ်တမ်းတွေကိုင်
ထားတယ် Perth ဘက်တောင်လှည့်မကြည့်နိုင်ဘဲကြမ်းပြင်
ပေါ်မှာပဲထိုင်နေခဲ့တယ်
Perth : S Saint
Saint ကမတ်တပ်ရပ်လိုက်ပြီး Perth ဆီစာရွက်တွေကို
လွှတ်ပစ်လိုက်တယ်
Saint : ကျွန်တော့်လုပ်ငန်းတွေကိုအမြဲနှောင့်ယှက်နေတဲ့
Sior ဆိုတဲ့ Company က Perth ပိုင်တာလား ဘာ
လို့လဲ ကျွန်တော့်ကိုရှောင်ပုန်းနေခဲ့ပြီးဘာလို့နောက်
ကွယ်ကနေ ဓားနဲ့ထိုးရက်တာလဲ
Saint ကြည့်ရတာတကယ်စိတ်ဆိုးနေပုံမို့ Perth မှာပြန်ဖြေ
ရှင်းစရာစကားတောင်ရှာမတွေ့ဘူး
Perth : မဟုတ်ဘူး ငါက Nat ကိုပဲ
Saint : လက်စားမချေဖို့ ပြောထားတယ်မလားးးးး
Saint ရဲ့အော်သံကတစ်ခန်းလုံးကိုပြန့်သွားတယ် သူ့မျက်
ရည်တွေကလည်းတသွင်သွင်စီးကျလာတယ်
Saint : Perth သိလား ကျွန်တော်လည်းသူ့ကိုမကျေနပ်ဘူး
အတတ်နိုင်ဆုံးလက်စားချေပြီးပြီ လုံလောက်နေပြီ
လေ ဘာလို့ ဘာလို့ကျွန်တော်တို့အေးအေးချမ်းချမ်း
နေလို့မရနိုင်တာလဲ
Perth : Saint မင်းကိုလည်းငါနားလည်တယ် အဲ့လိုပဲ Dior
နဲ့ Earth ကိုလည်းငါနားလည်ပေးရမယ် သူတို့သေ
ခဲ့တာ ငါ့မျက်စိရှေ့တင်သေဆုံးခဲ့တာ
Saint : သိပါတယ် အဲ့အတွကိလည်း Perth နဲ့ထပ်တူခံစားရ
ပါတယ် ကျွန်တော်ကြောက်နေတာဘာလဲသိရဲ့လား
သူတို့လို သူတို့လိုမျိုး
Saintကပြောနေရင်းနဲ့ငိုချလိုက်တော့ Perth ကသူ့ကိုဆွဲပြီး
ဖက်ထားလိုက်တယ် သူဘာပြောချင်လဲဆိုတာလည်းသိတယ်
သူပြောမထွက်တာကိုလည်းသိတယ် သူကျွန်တော့်ကိုဆုံးရှုံးရမှာသေမတတ်ကြောက်နေခဲ့တာပါ အဲ့အတွက်အခုလိုနှစ်သိမ့်မှုကလွဲရင်ဘာမှမပေးနိုင်လို့တောင်းပန်ပါတယ် Saint
Perth : မငိုနဲ့ Saint မင်းငိုရင်ငါ့ရင်တွေအစိတ်စိတ်ပိုင်းခံနေ
ရသလိုပဲ ဒါကြောင့် ငါ့ကိုချစ်ရင်မငိုပါနဲ့နော်
Saint : အတူတူ အေးချမ်းတဲ့နေရာမှာသွားနေကြရအောင်
နော် ကျွန်တော့်ကိုချစ်ရင်ဒါလေးပဲလိုက်လျောပေးပါ
Perth
Perth က Saint ကိုသေချာကြည့်ပြီးပြုံးပြလိုက်တယ်
Perth : မင်းက ငါနဲ့အတူတစ်သက်လုံးနေချင်တာလား
Saint : ဟုတ်တယ် Perth နဲ့သာဆိုရင်ဘယ်နေရာမှာဖြစ်ဖြစ်
နေနိုင်ပါတယ်
Perth : အင်း ငါလည်းမင်းနဲ့ဆိုဘယ်လိုဖြစ်ဖြစ်ရှင်သန်နိုင်ပါ
တယ် မင်းအခုလိုငိုနေတာငါဘယ်လိုပျော်နိုင်မှာလဲ
Perth ကသူ့လက်ကိုကတိပြုတဲ့သင်္ကေတလုပ်ပြလိုက်တယ်
Perth : ကတိပေးတယ် နောက်ဆိုမင်းကိုအခုလိုမငိုစေချင်
တော့ဘူး ဒါကြောင့် ငါတို့အေးချမ်းတဲ့နေရာမှာအားလုံး
မေ့ပြီးနေကြမယ်လေနော်
Saint သူ့နားသူတောင်မယုံကြည်နိုင်ဘူး Perth ကသူ့အ
တွက်အခုလိုကတိတစ်ခုပေးလိုက်တာ သူ့တစ်ဘဝလုံးစာ
ပျော်ရွှင်ပြီးမမေ့နိုင်တော့မယ့် ကတိတစ်ခုပါပဲ အဲ့အတွက် Perth ကိုလည်းကျေးဇူးတင်ပြီး ပိုချစ်မိတယ်
Pin : အမ ပေးထားတဲ့ကတိကိုမတည်နိုင်လို့ Pin ကိုခွင့်
လွှတ်ပေးပါ P Perth ကအရင် Pin ကိုကျောခိုင်းဖို့စဉ်း
စားနေတာ အဲ့တော့ Pin ကတစ်ယောက်ထဲပဲလှုပ်ရှားရ
တော့မယ်
Dior အုတ်ဂူရှေ့မှာထိုင်ပြီးစကားပြောနေတဲ့ Pin ကို Mark
မြင်လို့အံ့သြမိတယ်
Mark : ဒီကောင်မလေးကဘာလို့ဒီရောက်နေတာလဲ သူ
ဘယ်သူနဲ့ပတ်သတ်နေတာလဲ
ခဏအကြာတော့ pin ကငိုနေတာကိုသူထပ်မြင်လိုက်တယ်
Mark : Perth နဲ့အတူနေတယ် Perth ကိုလည်းအကိုလို့ခေါ်
တယ် ငယ်ငယ်ကပုံလေးထဲမှာလည်းဒီကလေးမပဲ
ဖြစ်မယ် ဒါဆို Dior ရဲ့ညီမဝမ်းကွဲလား
Pin ကဆက်ငိုနေတော့ သူကိုယ်တိုင်ထွက်လာပြီး Pin
ရဲ့ပခုံးလေးကိုကိုင်ထားလိုက်တယ် ပခုံးပေါ်ကိုရောက်လာတဲ့
နွေးထွေးတဲ့လက်တစ်စုံကြောင့် Pin လှည့်ကြည့်လိုက်တယ်
သူမရဲ့မျက်ဝန်းလှလှလေးတွေဆီကဝမ်းနည်းမျက်ရည်တွေကိုလည်း Mark ခံစားပေးနိုင်တယ်
အခုချိန်မှာ အားပေးမှုကိုအရမ်းလိုအပ်နေတယ် အေးစက်
နေတဲ့လက်တွေကိုဆုပ်ကိုင်ပေးဖို့ နွေးထွေးတဲ့ Mark ရဲ့လက်တစ်စုံကိုအခုလိုအပ်နေတယ် Pin က Mark ရဲ့ရင်ခွင်ထဲကိုခိုဝင်လိုက်ပြီး ထပ်ငိုလိုက်တယ်
ဒီကောင်မလေးမှာဘာအခက်အခဲရှိနေလဲဆိုတာ မသိဘူး
ဒါပေမယ့် အခုသူကအရင်ကမြင်နေရတဲ့အေးစက်မာကျော
တဲ့မိန်းကလေးမဟုတ်တော့တာကိုတော့ သတိထားခံစားလိုက်ရတယ်
Mark : အဆင်ပြေသွားမယ် အားလုံးအဆင်ပြေမှာပါ
Perth သူ့ရဲ့သိမ်းထားတဲ့ပစ္စည်းလေးတွေကိုသေချာကြည့်
လိုက်တယ်
Perth : တောင်းပန်ပါတယ် Dior Earth ငါဆက်မလုပ်နိုင်
တော့ဘူး ငါအရမ်းပင်ပန်းနေပြီ saint ကိုလည်းငါချစ်
တယ် ငါဘာလုပ်ရမလဲ မစဉ်းစားနိုင်တော့ဘူး ငါ့ကို
ခွင့်လွှတ်ပေးပါလို့ပဲတောင်းဆိုပါတယ်
Mark ကကားပေါ်မှာမှေးအိပ်နေတဲ့ Pin ကိုသူ့အနွေးထည်
ခြုံပေးလိုက်တယ်
Mark : အိမ်ပြန်မယ်မလား
Pin : ဟုတ်တယ်
Pin ရဲ့ဖုန်းကို Ming ဆိုတဲ့နာမည်နဲ့ဖုန်းဝင်လာတယ်
Pin : Ming ဘာ
Pin ကရုတ်တရက်ထိတ်လန့်တဲ့ပုံဖြစ်သွားလို့ Mark ကစိုး
ရိမ်မိတယ်
Pin : အိမ်မြန်မြန်ပြန်ရမယ် မြန်မြန်မောင်း မြန်မြန်
Perth ကသူ့ခြံထဲမှာသစ်ရွက်ခြောက်တွေကိုမီးရှို့လိုက်တယ်
မီးပုံရှေ့မှာစိတ်ပျက်လက်ပျက်ထိုင်လိုက်ပြီး သူ့စက္ကူ box လေးကိုဖွင့်လိုက်တယ် အထဲက saint နဲ့သက်ဆိုင်တဲ့ စာရွက်
စာတမ်းတွေကို မီးထဲပြစ်ထည့်လိုက်တယ် သူတို့သူငယ်ချင်း
ငယ်ငယ်ကပုံတွေကိုမီးထဲထည့်ဖို့လက်ကမ်းလိုက်ပေမယ့် မ
လုပ်ရက်ဘူး သူ့ရဲ့ကျဆင်းလာတဲ့မျက်ရည်တွေကိုထိန်းထား
ပေမယ့်မရတော့ဘူး
Perth : Saint အတွက်မို့လို့ ခွင့်လွှတ်ပေးပါ
ပြီးတာနဲ့သူလှည့်မကြည့်တော့ဘဲ ပြစ်ချလိုက်တယ် Dior နဲ့ သူ့ရဲ့ပုံလေးတွေအများကြီးပဲ သူ့မှာမီးရှို့ပစ်ဖို့ကိုအတော်ကြာ
အောင်အချိန်ယူရတယ် Dior ရဲ့အပြုံးတွေ သူတို့အားလုံးအတူပျော်ခဲ့တာတွေ နှစ်တိုင်းမွေးနေ့တွေအတူလုပ်ခဲ့တာတွေ
Dior ကိုနှစ်တိုင်းချစ်ခွင့်တောင်းခဲ့တဲ့ရက်တွေ ပျော်စရာအမှတ်တရတွေကိုသူမျက်လုံးစုံမှိတ်ပြီးပြန်တွေးလိုက်တယ်
ဒါပေမယ့် ပြီးတာနဲ့ခေါင်းထဲဝင်လာတဲ့မှတ်ညဏ်ဆိုးတွေက
အားပြိုင်ပြီးပြန်ပေါ်လာတယ် သူတို့ကားတိုက်ခဲ့တဲ့ည Saint
သူ့ကို ပစ်ခဲ့ပြီးထွက်သွားတဲ့ည Earth ထောင်ထဲမှာနေခဲ့ရတဲ့
အချိန်တွေ Dior သေဆုံးခါနီးအချိန် သူတို့နှစ်ယောက်ရဲ့အ
လောင်း ဒါတွေကအလိုလိုခေါင်းထဲဝင်လာလို့သူ့မျက်လုံးတစ်
စုံကိုပြန်ဖွင့်လိုက်တယ်
Perth : မေ့လိုက်ချင်ပြီ အားလုံးကခြောက်လှန့်လွန်းလို့မေ့
လိုက်ချင်ပြီ
Perth ဘာကိုမှမတွေဝေဘဲအားလုံးကိုမီးထဲပြစ်ချလိုက်
တယ် အဲ့မြင်ကွင်းကသူ့ရင်ကိုပါမီးထဲထည့်ရှို့သလိုကိုပူလောင်ရတယ် နောက်ဆုံးကျန်တဲ့ပစ္စည်းနှစ်ခုကြောင့်သူဘာလုပ်ရ
မလဲမသိဘူးဖြစ်နေတယ် Dior ကိုယ်တိုင်ပေးခဲ့တဲ့နောက်ဆုံး
လက်ဆောင်နဲ့ သူ့လက်စွပ်လေး
Pin : မလုပ်နဲ့
ခြံရှေ့ကနေအော်ပြီးပြေးဝင်လာတဲ့ Pin ကြောင့် Perth ထ
ကြည့်လိုက်တယ် Pin ကသူ့လက်ထဲကအင်္ကျီကိုလုယူပြီးထွေးပိုက်ထားလိုက်တယ် ထိုင်ချပြီးတော့ကိုရှိုက်ကြီးတငင်ငို
လိုက်တယ်
Pin : ဘာလို့လဲ ဘာလို့ဒါကိုမီးရှို့ဖို့ကြံရတာလဲ ဘာလို့လဲ
Mark : hey Pin
Perth : အားလုံးကိုမေ့လိုက်ချင်ပြီ Pin ဆက်လုပ်ဖို့အင်အားမ
ရှိတော့ဘူး
Pin : ဆက်မလုပ်ချင်ရင်တောင် ဒီလိုမလုပ်ရဘူးလေ သိရဲ့
လား ဒါကအမရဲ့နောက်ဆုံးလက်ဆောင်ဆိုတာလေးကို
ဘာလို့လဲ အကို့မှာခံစားတတ်တဲ့နှလုံးသားမရှိဘူးလား
Saint ကြောင့်လား
Mark : Pin အဲ့လိုအော်မငိုရဘူးလေ အေးဆေးပြောရအောင်
Pin : Saint သူကအရမ်းသနားဖို့ကောင်းတယ်မြင်လား မ
ဟုတ်ဘူး သူ့ဘဝကအေးချမ်းခဲ့တယ် လူမဆန်တဲ့သူ့အ
ဖေကသူများသားသမီးကျတော့ယုတ်မာတတ်ပြီး သူ့
သူ့သားကျတော့ အေးချမ်းမှုပေးတယ်
Pin ဘာတွေပြောနေတာလဲ သူဘာကိုပြောချင်တာလဲ
Perth နဲ့ Mark ကတစ်ယောက်မျက်လုံးကိုတစ်ယောက်
ကြည့်လိုက်တယ် သူပြောနေတာဘာတွေလဲ
Pin : အရမ်းချစ်ရတဲ့ Saint သူ့အဖေက Dior ဆိုတဲ့ ၁၂ နှစ်
အရွယ်ကလေးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်
ဘယ်သူကသနားစရာလဲ ဘယ်သူ့ကို အကိုသနားနေ
တာလဲ
Perth တုန်လှုပ်ခြောက်ခြားသွားတာ ခြေထောက်တောင်မ
ခိုင်တော့ဘဲလဲကျသွားတယ် Mark လည်း Pin ပြောတဲ့စကားတစ်ခွန်းကြောင့် မျက်ရည်တွေကျလာပြီးသူ့လက်သီးကိုကျစ်နေအောင်ဆုပ်ထားလိုက်တယ်
Perth : ဒါဆို ဒါဆို Dior က မဟုတ်ဘူး
မယုံနိုင်ဘူး သူ့တစ်ဘဝလုံးကိုဘယ်လိုဖြတ်သန်းခဲ့ရတာလဲ
Part 15 ( the end )

My Sunshine Boy(Season 3 ❤️)Where stories live. Discover now