Part 14

1.2K 152 7
                                    

    ငယ်ငယ်တုန်းကအမက ဦးလေးတွေဆီပို့ခဲ့ပေမယ့် Sior
ပျော်ခဲ့တယ်ထင်လား သူတို့ကနေမကောင်းရင်တောင်ဆေးလေးလာမတိုက်နိုင်ကြတဲ့သူတွေ ထမင်းကျွေးဖို့တောင်တွန့်ဆုတ်နေတဲ့သူတွေ အဲ့လိုလူတွေကအမဖုန်းဆက်ရင်တော့
အားလုံးအဆင်ပြေနေတယ် ပြောကြတာပဲ အမှန်တော့ ညီမ
လေးအဆင်မပြေပါဘူး ဒါကြောင့်အမဆီပြန်ချင်တယ် ဒီအိမ်မှာဆက်မနေနိုင်တော့လို့ထွက်ပြေးလာခဲ့တယ် အလောတ
ကြီးပြေးရင်းနဲ့ကားတစ်စီးနဲ့ဝင်တိုက်မိမလိုဖြစ်ခဲ့တယ်
  ကားမှန်ကိုချပြီး Sior ကိုငုံ့ကြည့်လိုက်တာက Pin
Pin : နင်ရရဲ့လား ဘာလို့ကားရှေ့ပြေးဝင်ရတာလဲ
  ကလေးလေးကြည့်ရတာသူ့ထက်အသက်ငယ်ပုံပဲ ပြီးတော့
ကြောက်လန့်နေသလိုပဲ
Sior : တောင်းပန်ပါတယ်
Pin : နင့်နောက်ကလူတစ်ယောက်ယောက် လိုက်လာလို့
      လား ကားပေါ်တက်လေ ငါဖွက်ထားပေးမယ်
   အခုချိန်မှာရွေးချယ်စရာမရှိလို့ Pin နောက်ကနေလိုက်သွား
ခဲ့တယ် သူ့အိမ်ကိုကကြီးကျယ်ခမ်းနားလွန်းတယ် ဒါပေမယ့်
ထူးဆန်းတာကအိမ်အကူတစ်ယောက်ကလွဲရင်ဘယ်သူမှမရှိ
ဘူး ကလေးတစ်ယောက်ကတစ်ယောက်ထဲနေရဲတာလား
Sior : ဘယ်သူမှမရှိကြဘူးလား
Pin : ငါ့အမေကသေပြီ ငါ့အဖေကနောက်မယားနဲ့ အဲ့တော့
       တစ်ယောက်ထဲပေါ့
  ဒီအရွယ်လေးနဲ့သူခံစားခဲ့ရမှာပဲဆိုတဲ့အသိကချက်ချင်းဝင်
လာမိတယ် သနားမိတယ်
Pin : မင်းနာမည်က
Sior : Sior
Pin : နာမည်ကလည်းမလှပါဘူး ငါနဲ့မင်းကအခုကစပြီးသူ
        ငယ်ချင်းတွေဆိုတော့ Ming လို့ပဲခေါ်မယ် Pin Ming
   Pin ကကျန်တဲ့သူအပေါ်ကိုတော့မာနတွေနဲ့ရက်စက်တတ်
ပေမယ့် Sior ကိုတော့ညီမအရင်းလေးလိုကိုချစ်တယ် သူနဲ့အတူနေ အတူသွား အတူစားရင်းကြီးပြင်းခဲ့တာ မသိရင်
တော့လူတိုင်းကသူတို့ကို အတွင်းရေးမှူးနဲ့သူဌေးလို့ပဲသိထား
ကြပေမယ့် အရမ်းချစ်ကြတဲ့သူတွေပါ
   အနေကြာလာတော့ Sior အကြောင်းတွေအကုန်ပြောပြဖြစ်
တယ် Sior ငိုရင် Pin လည်းလိုက်ငိုတယ် တကယ်သာဆိုရင်
သူတို့ကနှစ်ယောက်မဟုတ်ဘဲ တစ်ယောက်ထဲလိုတစ်သား
ထဲကျတယ် တစ်ယောက်ငိုရင်တစ်ယောက်ငိုမယ် တစ်ယောက်ရီရင်တစ်ယောက်လိုက်ရီမယ်
     Dior လိုအမတစ်ယောက်ရှိကြောင်းပြောပြရင် Pin ကအရမ်းအားကျတယ် ဒါပေမယ့် သူဒီလောက်ရူးသွပ်ပြီး သူ့ကိုသူ Sior အဖြစ်ခံယူထားမယ်လို့မထင်ခဲ့မိဘူး အမသေဆုံးပြီးနောက် P Perth ဆီကနေလာတွေ့ဖို့စာတစ်စောင်ကို
လက်ခံရထားတာ Sior ပါ
Pin  : Ming ဘယ်သူ့ဆီကလဲ
   Pin က Ming လက်ထဲကစာကိုဆွဲယူပြီးဖတ်လိုက်တယ်
Pin : နင့်အမသေပြီတဲ့လား
Ming : Pin ဘာဆက်လုပ်ရမလဲ ငါ ငါ ဘာလုပ်ရမလဲ
   Pin က Ming ကိုဖက်ထားပြီးသူပါလိုက်ငိုနေမိတယ် သူအ
ရမ်းအားကျပြီးအမလိုသဘောထားတဲ့ Dior ကသေဆုံးသွား
ပြီတဲ့လား
Pin : ငါတို့ဒီစာထဲကလူကိုသွားတွေ့ကြည့်ကြမလား
Ming : P Perth ကိုလား ငါသူ့ကိုငယ်ငယ်ကပဲတွေ့ဖူးတာ
         Pin ငါနင့်ကိုလွဲရင်တစ်ခြားဘယ်သူ့ကိုမှမယုံဘူး
Pin : Ming အဲ့ဒီ Perth ဆိုတဲ့လူကနင်ယုံကြည်လို့မရလို့ 
      လား သူကမကောင်းတဲ့လူလား
Ming : မသိဘူး ငါသူ့ကိုယုံကြည်လို့ရမရမသိဘူး ဒါပေမယ့်
         အမကသူ့ကိုအရမ်းချစ်တာ
Pin : ဘာပဲဖြစ်ဖြစ်သွားတွေ့ကြည့်တာမမှားဘူးလေ
     Pin နဲ့ Ming ကကားပေါ်ကနေထိုင်ပြီး Perth ကိုကြည့်နေခဲ့တယ် Perth ဆိုတာဒီကောင်လေးလား Dior ချစ်ရလောက်
အောင်လည်းချောတာကို ဘာမှအပြစ်ပြောစရာမရှိဘူးလေ
သူ့ပုံစံကကြင်နာပြီးဂရုစိုက်တတ်မယ့်ပုံမျိုး
Pin : ဆင်းကြမယ်
  Pin ကကားပေါ်ကနေဆင်းဖို့လုပ်လိုက်ပေမယ့် Ming ကသူ့
လက်ကိုကိုင်ပြီးဆွဲထားလိုက်တယ် သူ့ဘဝမှာယုတ်မာမှုတွေ
မတရားမှုတွေ လူမဆန်တဲ့လုပ်ရပ်တွေ အမေကိုယ်တိုင်က
တောင်မယုံကြည်နိုင်တဲ့အချိန်မှာ Perth ကိုလည်းယုံကြည်ဖို့
ခက်ခဲနေတယ် ဒါပေမယ့် သူ့အမအကြောင်းတွေကိုလည်းသိ
ချင်သေးတယ် ဘာဆက်လုပ်ရမလဲမစဉ်းစားတတ်တော့ဘူး
Dior : အဲ့တော့ နင်နဲ့ Pin ကနေရာလဲလိုက်တယ်ပေါ့ ဟုတ်
        လား Sior
Sior : ဟုတ်ပါတယ် Sior ဘယ်သူ့ကိုမှမယုံနိုင်လို့ပါ
Dior : နင်မစဉ်းစားဘဲလုပ်လိုက်တာက အားလုံးကိုထိခိုက်
        စေကုန်ပြီဆိုတာသိရဲ့လား Pin ကသူ့အပြစ်တွေကို
        တောင်နင့်ကိုလွှဲချခဲ့တာလေ
Sior : မဟုတ်ဘူး Pin ကလွှဲချခဲ့တာမဟုတ်ဘူး Sior ကိုယ်
       တိုင်ထောင်ကျခံခဲ့တာပါ
   Dior ကသူ့နားနှစ်ဖက်ကိုလက်နဲ့အုပ်ထားလိုက်တယ်
Sior : တောင်းပန်ပါတယ် အမချစ်တဲ့သူကိုဒုက္ခရောက်စေခဲ့
        ရင် ဒါပေမယ့် Perth ကို Pin ကအရမ်းချစ်မိသွားတော့
        ဒီလောက်ထိသူလုပ်မယ်မထင်ခဲ့ဘူး
Dior : သူကချစ်ပြီးရူးနေပြီ Perth ကိုသူ့အပိုင်တွက်ထားတာ
        ငါက perth အတွက်အသေတောင်ခံနိုင်တယ် Sior
        နင်လုပ်ခဲ့တာ မှားလွန်းတယ်
  Sior မျက်ဝန်းကနေမျက်ရည်တွေကကျဆင်းလာခဲ့တယ်
Sior : ညီမလေးရဲ့ရည်ရွယ်ချက်က နှစ်ခုထဲပါ Nat နဲ့ Saint
          သူတို့ကိုနာကျင်စေချင်တာ အခုညီမလေးရဲ့ရည်ရွယ်
        ချက်တွေပြည့်အောင် Pin အများကြီးအားထုတ်ခဲ့ရတယ်
           P Perth အတွက်တော့စိတ်မကောင်းဘူး
   Dior ကသူမကြားချင်တဲ့စကားတွေမို့ချက်ချင်းထလိုက်
တယ်
Dior : တော်လိုက်တော့ ငါပြန်လာတဲ့ထိစောင့်နေ Pin နဲ့ နင့်
         ကိုနေရာချိန်းပေးမယ်
  Sior ရှေ့မှာထိန်းထားတဲ့မျက်ရည်တွေကအပြင်ထွက်လာမှ
ပဲကျနိုင်တော့တယ်
Mark : Dior Dior မငိုပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ
Dior : Pin သူ့ကိုငါသတ်မယ်
Mark : စိတ်ကိုလျှော့ထားလေ နင်နေကောင်းသေးတာမ
            ဟုတ်ဘူးလေ ငါတို့ပြန်ကြရအောင် နော်
    Saint နဲ့ Perth ကခြံထဲကပန်းပင်တွေကိုရေလောင်းနေ
ကြတယ် Perth ကပန်းတစ်ပွင့်ကိုခူးလိုက်ပြီး Saint လက်ထဲ
ပေးလိုက်တယ် အရမ်းလှတဲ့ပန်းလေးက Saint နဲ့ယှဉ်ရင်မလှ
တော့သလိုပဲခံစားရတယ်
Perth : အရမ်းလှတာပဲ
Saint : ပန်းလေးကအရမ်းလှတယ်
Perth : ပန်းမဟုတ်ဘူး မင်းကလှတာ 
   Perth ကပြုံးပြီး Saint လက်ကိုကိုင်ထားလိုက်တယ်
Mean : Pin Pin သူဘယ်ရောက်သွားတာလဲ
  Pin ကိုမိုးလင်းလို့တစ်အိမ်လုံးလိုက်ရှာတော့ရှာမတွေ့ခဲ့ဘူး
သူဘယ်သွားနေတာလဲ
  Pin ကကားပေါ်ကနေ Saint အိမ်ထဲကိုလှမ်းကြည့်နေတာ
Perth နဲ့ Saint မသိခဲ့ဘူး သူ့နှုတ်ခမ်းကိုတင်းတင်းကိုက်ထား
လိုက်တယ် Perth နဲ့အတူဘယ်သူ့ကိုမှမမြင်ချင်ဘူး Perth ကသူပိုင်တာ သူ့အတွက်အလိုအပ်ဆုံးယောကျာ်းလေးတစ်
ယောက်ပဲ Saint အတွက်မဟုတ်ဘူး Dior အတွက်မဟုတ်
ဘူး ဘယ်သူ့အတွက်မှမဟုတ်ဘူး
Pin : Pin ကိုဘာမှမသိဘူးထင်နေတာလား မဟုတ်ဘူး 
       အစထဲကအကို့ပြောဆိုပုံတွေပြောင်းလာထဲကသတိ
       ထားမိပြီးသား အခုသေချာသွားတာပေါ့ Pin ဆီပြန်လာ
       ခဲ့ပါ မဟုတ်ရင် အားလုံးသတ်ပစ်မှာ  
                             Part 14 ( the end )

My Sunshine Boy(Season 3 ❤️)Where stories live. Discover now