Part 6

1K 162 7
                                    

Saint : Dior Perth နေမကောင်းဘူး ငါဆေးခန်းဘိုကင်ယူ
          လိုက်ဦးမယ် ခဏလောက်ကြည့်ထားပေးပါလား
Dior :ဆေးခန်းပြဖို့မလိုပါဘူး သူကဆေးရုံဆေးခန်းသွားရမှာ
       ကြောက်တယ် ငါကြည့်ပေးမယ် လာပါ
  Dior က Saint လက်ကိုဆွဲပြီးအခန်းထဲသွားလိုက်တယ်
Dior : ရိုးရိုးအအေးမိတာဖြစ်မှာပါ ငါရေခဲနဲ့အဝတ်စသွားယူ
        လိုက်မယ်
Saint : ရတယ် ငါယူပေးမယ် ခဏစောင့်နော်
  Dior က Perth ရဲ့နဖူးပေါ်ကဆံပင်လေးကိုသပ်ပေးရင်ပြုံး
လိုက်တာကိုမြင်လိုက်ရတယ် ဒါပေမယ့် သူ့အပြုံးကအရမ်း
အေးချမ်းတယ် ဒါကြောင့် မသိသလိုဟန်ဆောငိပြီးပဲကြည့်နေ
လိုက်တယ်
Dior : ကျေနပ်ပါတယ် နင်ပျော်နေတယ်မလား ငါမရှိတော့
        ရင်နင့်အကြောင်း နင်ကြိုက်တာမကြိုက်တာတွေကို
           Saint ပဲလုပ်ပေးရတော့မှာ Perth နင်ပျော်နေတာကို
         ငါအရမ်းမြင်ချင်ခဲ့တာပါ
Dior ရဲ့ကျဆင်းလာတဲ့မျက်ရည်စက်ကသူများကိုပါငိုစေ
အောင်ကိုသနားစရာကောင်းလွန်းတယ် သူခံစားနေခဲ့တာကို
အခုကိုယ်ချင်းစာနိုင်သွားပြီ ကျွန်တော်လည်း Perth ကိုသူ
များလက်ထဲမှာမြင်ရတာကိုသေမတတ်ခံစားနေရတယ်
Dior ရဲ့ခံစားချက်ကိုအခုမှသိနိုင်လို့တောင်းပန်ပါတယ် Dior
  Saint က Dior ရဲ့အုတ်ဂူရှေ့ကိုသွားပြီးငိုခဲ့တယ်
Saint : Dior ဘာလို့ငါတို့ကိုထားခဲ့ရက်တာလဲ ငါတို့အခုနင့်
          ကိုလိုအပ်နေပြီ နင်သာရှိရင် Perth အတွက်ဘာမဆို
          လုပ်ပေးနိုင်မှာပဲ ငါ့ကိုလမ်းပြပါဦး ငါဘာလုပ်ရမလဲ
          ငါတို့အရမ်းနာကျင်နေရပြီ ငါတို့ကိုလမ်းပြပါဦး Dior
   ဘာလို့များလောကကြီးကစိတ်ထားအဖြူစင်ဆုံးမိန်းကလေး
ကိုအရင်ခေါ်သွားရတာလဲ Dior ရယ် ငါတို့နဲ့တစ်သက်လုံး
ဘာလို့အတူမနေပေးရတာလဲ ငါတို့ကိုစိတ်ချလက်ချဘာလို့
ထားခဲ့ရတာလဲ
    Perth ကိုမကောင်းပြောခဲ့တဲ့လူတွေအားလုံးကိုနင်နောက်တစ်ခါမပြောရဲအောင်ရှေ့ကကာဆီးပေးခဲ့တယ် Perth ကို
အသားနာအောင်လုပ်ခဲ့တဲ့ Earth ကိုတောင်ရင်ဆိုင်ပေးခဲ့
တယ် Perth အစားအချိန်အကြာကြီးနင့်ဘဝကိုအိပ်နေရင်းနဲ့ပဲကုန်ဆုံးခဲ့တယ် နောက်ဆုံးသေဆုံးတဲ့ထိပေးဆပ်ခဲ့တယ်
ဒါပေမယ့် စိတ်မပူပါနဲ့ နင်အကောင်းဆုံးကာကွယ်ပေးခဲ့တဲ့
သူ Perth ကိုဒီအချိန်ကစပြီး ငါကိုယ်တိုင်မရရအောင်ကာ
ကွယ်ပေးတော့မယ် ငါသေရင်တောင်သူ့အတွက်ပဲဖြစ်ရမယ်
ကတိပေးပါတယ် Dior
    ထူးထူးဆန်းဆန်းပဲ Dior ပဲသူတို့ကိုကူညီနေတာလား
Ae ရဲ့အိမ်မက်ကအရင်လိုကြောက်စရာခြောက်ခြားစရာတွေ
မဟုတ်တော့ဘဲ ပျော်ရွှင်စရာအချိန်လေးတွေကြောင့်သူအေး
ချမ်းနေတယ်
Dior : Perth ငါလုပ်ထားတာလေးကိုမဖျက်ဆီးပါနဲ့
Perth : Cake ကလှလို့ပါ ငါ့ကောင်မလေးကတော်သားပဲ
Dior : Perth နင်နော် စကားကိုကောင်းကောင်းပြော
  Perth လို့ဘာလို့ခေါ်နေရတာလဲ သူ့နာမည်က Ae လေ
ဘာလို့ Dior က Perth လို့ခေါ်ပြီးပြုံးကြည့်နေရတာလဲ
Dior : Perth
   Perth လို့သူသေချာကိုခေါ်နေတာပါ သူယုံကြည်နိုင်တာ
Dior နဲ့ Pin ပဲ ဘာလို့ Dior ဆီက Perth ဆိုတဲ့နာမည်ကို
ကြားနေရတာလဲ
  Ae အိပ်ရာကနေနိုးလာတယ် ဘေးမှာထိုင်နေတဲ့ Pin ကို
တွေ့လိုက်ရတယ်
Pin : အကိုနိုးလာပြီလား
Ae : ဘယ်အချိန်ရှိနေပြီလဲ
Pin : အကိုနေမကောင်းလို့အိပ်နေတာ တစ်ရက်ရှိပြီ ဆေး
        သောက်လိုက်ဦး
   Pin က Ae ကိုဆေးတိုက်လိုက်တယ်
Ae : Pin
Pin : အကိုဘာပြောဖို့လဲ ပြောလေ
  Perth ဆိုတဲ့နာမည်ကိုသူမေးချင်ပေမယ့် ဆက်မမေးဘဲထားလိုက်တယ် စိတ်ထဲမှာတစ်ခုခုထူးဆန်းတယ်လို့တော့
တွေးမိတယ်
Ae : ဘာမှမဖြစ်ပါဘူး မင်းဒီမှာအကြာကြီးနေနေတာလား
       သွားနားလိုက်လေ အကိုနေကောင်းပါတယ်
Mean : Pin Saint ဆိုတဲ့သူကနင်နဲ့တွေ့ချင်တယ်ပြောနေ
             တယ်
Ae : သူကဘာလာလုပ်တာလဲ
Pin : အကိုနေမကောင်းဘူးလေ Pin သွားလိုက်မယ် စိတ်မပူ
        ပါနဲ့ ဒါ Pin တို့ရဲ့အိမ်ပါ ဘာမှမဖြစ်ပါဘူး
    Saint ကဒေါသတကြီးနဲ့ Pin ကိုစောင့်နေတယ်
Pin : မဖိတ်ဘဲရောက်လာတဲ့ ဧည့်သည်ပါလား ဘာကိစ္စလဲ
Saint : Perth ကိုထုတ်ပေး
Pin : ဘယ်လိုထုတ်ပေးရမှာလဲ Perth မှမရှိတာ
Saint : အရူးမ နင်ရူးနေတာ
   သူ့ကိုရူးနေတာဆိုတဲ့စကားကိုပြောလိုက်လို့ Pin ဒေါသက
ပိုတောက်လောင်သွားတယ် အသားတွေတဆက်ဆက်တုန်
ပြီး Saint ကိုစိုက်ကြည့်လိုက်တယ်
Saint : Dior သာရှိရင်သူနင့်ကိုသတ်ပြီးလောက်ပြီ
Pin : ဘာ
Saint : သူအချစ်ဆုံးသူကိုနင်ကချုပ်လှောင်ထားတာ နင်သိ
            လား Dior အခုအခြေအနေကိုမြင်ရင်ဘယ်လောက်
ငိုကြွေးနေမလဲဆိုတာကို သူချစ်လွန်းလို့ တန်ဖိုးထား
လွန်းလို့အမြဲငေးကြည့်နေရတဲ့ သူကိုနင်ပိတ်လှောင်
ထားတာ
Pin : တော်တော့ တော်တော့
Pin ကအကျယ်ဆုံးအော်လိုက်လို့ အပေါ်ထပ်ကနေ Ae
ကပြေးဆင်းလာခဲ့တယ်
Pin : နင့်ပါးစပ်ကိုပိတ်ထား ငါကငါ့အမအတွက် သူချစ်တဲ့သူ
ကိုနင့်လက်ထဲမထည့်ချင်တာ
Saint : အရူးမ နင်ပြောချင်တာကိုပြောမနေနဲ့ Perth ကို
Dior လက်ထဲမှာထားနိုင်တယ် သူ Dior ကိုချစ်တယ်
ဆိုရင်တောင်ငါလက်လွှတ်ပေးနိုင်တယ် နင့်လိုလူရဲ့
လက်ထဲမှာ perth ကိုတစ်စက္ကန့်တောင်မထားနိုင်ဘူး
Pin : သူငါ့လက်ထဲမှာအေးချမ်းနေတယ် ဘာအပူပင်မှမရှိဘူး
သူ့စိတ်ထဲမှာ ငါ့အမကိုပဲချစ်နေတာ သူ့အတွက်အေး
ချမ်းတယ်
Saint : Pin တော်လိုက်ပါတော့ Perth ကိုငါ့ဆီပြန်ပေးပါ
Ae ကသူတို့နှစ်ယောက်စကားပြောနေတာကိုကြားနေရ
တယ်
Saint : ပြန်ထည့်ပေးပါ
Pin က Saint ရဲ့ပါးကိုရိုက်လိုက်တယ်
Saint : Pin
Pin : ငါ့အမကိုငါဆုံးရှုံးပြီးပြီ ငါ့အကိုကိုလုံးဝအဲ့လိုအဖြစ်မခံ
နိုင်ဘူး
Saint : နင့်လက်ထဲမှာမှ သူသေမှာ နင်သိရဲ့လား
Pin : မဟုတ်ဘူး သူကငါ့နားမှာပျော်နေတာ ငါတို့မောင်နှမ
ဘဝကအေးချမ်းနေတယ် ဝင်မနှောင့်ယှက်ပါနဲ့
Saint : ဟာ နှောင့်ယှက်နေတာက နင်
Saint ကဘေးနားကပန်းအိုးကိုရိုက်ခွဲလိုက်တယ်
Saint : သူ့ကိုထုတ်ပေးလို့ပြောနေတယ်လေ
Saint က Pin ကိုလက်နဲ့ရွယ်လိုက်ပေမယ့် Ae ကသူ့လက်
ကိုဖမ်းဆုတ်လိုက်တယ် သူ့ကိုအမုန်းတွေနဲ့ကြည့်နေတဲ့
Perth ရဲ့မျက်ဝန်းတွေကိုသူဆက်မကြည့်နိုင်ဘူး သူ့အတွက်
ခံစားရလွန်းတယ် အမြဲတမ်း Perth ရဲ့အကြည့်လေးကသူ့
အတွက်အလှဆုံးတောက်ပနေတာ အခုတော့အားလုံးပြောင်း
လဲသွားပြီ
Ae : မင်းကဘာလို့ ငါ့ညီမကိုလက်နဲ့ရွယ်ရတာလဲ
Perth ရယ် ဘာလို့သူ့ကိုမသိတော့တာလဲ သူ့ကိုအမြဲချစ်
တယ်လို့ပြောနေတဲ့နှုတ်ခမ်းဖျားလေးကဘာလို့သူ့ကိုအော်
ရက်တာလဲ ဒါပေမယ့် ကျွန်တော်ပျော်တယ် ဘယ်တော့မှ
ပြန်မတွေ့နိုင်ဘူးထင်တဲ့ Perth ကိုကျွန်တော်ပြန်မြင်နေရလို့
အရမ်းပျော်တယ် သိလား
သူဘာလို့ပြုံးပြီးငါ့ကိုကြည့်နေရတာလဲ ငါသူ့ကိုအော်နေတာ
တောင်ဘာလို့သူကဒီလိုမျိုးအကြည့်နဲ့ကြည့်နေရတာလဲ
Ae က Saint လက်ကိုလွှတ်လိုက်တယ်
Ae : မင်းပြန်တော့ နောက်ငါတို့ရှေ့ကိုပေါ်မလာနဲ့
     Ae က Pin ကိုအပေါ်ထပ်ကိုဖြည်းဖြည်းချင်းတွဲခေါ်သွား
လိုက်တယ် ဒါပေမယ့် ကျန်နေခဲ့တဲ့ Saint ကိုလှည့်ကြည့်နေမိတယ် စိတ်ထဲမှာတစ်မျိုးကြီးကိုခံစားနေရတယ်
   Perth ရယ် ဒဏ်ရာကြောင့်အတိတ်များမေ့နေခဲ့တာလား
စောင့်နိုင်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် Perth မှတ်မိလာမယ့်နေ့
ကိုအားတင်းပြီးစောင့်နေပါ့မယ် Pin လက်ထဲကနေ Perth ကို
မရရအောင်ကယ်ထုတ်ပါ့မယ်
                           The End

My Sunshine Boy(Season 3 ❤️)Where stories live. Discover now