Part 14❤️

1.2K 161 13
                                    

      Saint အခန်းထဲကို Nat ကတံခါးအတင်းဖွင့်ပြီးဝင်လာခဲ့
တယ် မျက်လုံးစိမ်းကြီးနဲ့ကို Saint ကိုစိုက်ကြည့်နေခဲ့တယ်
Saint : မင်းဘာလို့ဒီကိုဝင်လာတာလဲ ဒါမင်းဝင်ထွက်လို့ရနေ
         တဲ့နေရာမဟုတ်ဘူး
Nat : P saint ကွယ်ရာမှာဘယ်လိုနေနေ လူသူရှေ့မှာတော့
       Nat ကိုအနည်းဆုံးအရေးလုပ်သင့်တယ်
Saint : ရူးနေလား မင်းကိုအစထဲကဘာပြောခဲ့လဲ မင်းငါ့ကိုရ
            လိုက်တဲ့အတွက်ပူလောင်မှုကိုခံစားရမယ်ဆိုတာလေ
          မြဲမြဲမှတ်ထား ဒါပူလောင်တာပဲ
   Saint က Nat ဆီလက်ညိုးတည့်တည့်ထိုးပြီးပြောပြီးတာနဲ့
အခန်းထဲကချက်ချင်းထွက်သွားတယ်
Nat : ဘာလို့လဲ ရှင့်ကိုလိုချင်မိလို့လုယူခဲ့တာကြောင့်တဲ့လား
      ဘယ်တော့မှအကောင်းမြင်နိုင်မှာလဲ စောင့်နေတာပါ
          ကျေးဇူးပြုပြီး အနည်းငယ်တော့နားလည်ပေးပါ
Nat ဆီကလည်းတစ်ခါမှမတွေ့ရတဲ့မျက်ရည်တွေကိုမြင်နေ
ရပြီ
Saint : Perth ဘာလို့ဖုန်းမကိုင်တာလဲ
Saint ကစိတ်ပူပန်မှုများနေပြီး Perth ရဲ့အိမ်ရှေ့ထိကား
မောင်းသွားခဲ့တယ် အိမ်ထဲဝင်လိုက်ပြီး " Perth Perth "
လို့အော်ခေါ်ခဲ့တယ် ဒါပေမယ့် သူဘာသံမှမကြားရဘူး တိတ်
ဆိတ်နေတယ် ရုတ်တရက်ထွက်လာတဲ့စန္ဒရားသံကသူ့ကို
ထိတ်လန့်စေမိတယ် အသံရှိရာကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့တယ် သူ့ခြေလှမ်းတွေကအိမ်အပေါ်ထပ်ကိုရောက်
လာတယ် Pin ကထိုင်ခုံမှာထိုင်နေပြီးတီးခက်နေရာကနေ
Saint ရောက်လာတာနဲ့ရပ်လိုက်တယ်
Saint : တောင်းပန်ပါတယ် Perth ဆီလာတာပါ အသံ
ကြောင့်တက်လာမိတာ
Pinက Perth ရဲ့ဖုန်းကို Saint မြင်အောင်ထောင်ပြလိုက်
တယ်
Pin : ဒါကိုရှာနေတာလား
Saint : Perth အိမ်မှာရှိတာလား
Pin : မရှိဘူး သူကျန်နေခဲ့တာ ထိုင်လေ အကိုပြန်လာတဲ့ထိ
စောင့်တာပေါ့ စကားလည်းပြောလို့ရတာပေါ့
Saint ကဘေးနားကဆိုဖာပေါ်ထိုင်လိုက်တယ်
Saint : မင်းက Dior ညီမလေးလို့ကြားတယ် Dior နဲ့တကယ်
တူတယ်
Pin : မတူဘူး အမကအရမ်းစိတ်ထားကောင်းတာ Pin ကသူ့
လိုမဟုတ်ဘူး ခက်ထန်တယ် မာကြောတယ်
Saint : မင်းကအရင်ထဲကပွင့်လင်းတယ်နော် Dior မှာညီမ
လေးရှိတယ်လို့မကြားမိလို့အံ့သြနေတာ
Pin : အကို့လောက်လည်းရှင်သိဖို့မလိုဘူးလေ ရှင်ကအရင်း
မဟုတ်ဘဲအပြင်သူငယ်ချင်းသက်သက်ပဲကို
Saint : Pin မသိလို့ပါ Dior ကအားလုံးကိုချစ်တာပါ
Pin : ဟုတ်လား Pin ကတော့အမက အကို့ကြောင့် Saint
ဆိုတဲ့ကောင်လေးကိုအတတ်နိုင်ဆုံးချစ်ပေးတယ်လို့
ထင်တာ ဒါဆို Pin တွေးတာမှားပြီထင်တယ်
Pin စကားက Saint ကိုဝမ်းနည်းစေတော့မျက်နှာလေးညိုး
သွားရှာတယ် ဒါပေမယ့် သူဆက်ပြုံးလိုက်တယ်
Saint : ဟုတ်မှာပါ Dior က Perth ဆိုအရမ်းချစ်တာ
Pin : ဟုတ်တယ် အမကိုအားမရခဲ့ဘူး သူလုပ်သင့်တာကိုမ
လုပ်ဘဲ အကို့အတွက်ပဲကြည့်ခဲ့တယ်
Pin ပြောချင်တဲ့သဘောကို Saint နားမလည်ဘူး Dior လုပ်
သင့်တယ်ဆိုတာဘာကိုပြောတာလဲ
Saint : ဘာကိုပြောချင်တာလဲ
Pin : aww ဒါက Pin ပဲသိတာ Pin ကအမမလုပ်နိုင်ခဲ့တာကို
ဆက်လုပ်ဖို့ တာဝန်ယူထားရတာ
Saint အခုထိနားမလည်တော့ Pin ကိုသိချင်တဲ့မျက်လုံးမျိုး
တွေနဲ့ကြည့်တာတော့ Pin သိလိုက်တယ်
Pin : အလုပ်ကိစ္စပါ
Saint : aww အိမ်ကထွက်လာတာကိုပြောချင်တာလား သူ
အလုပ်တွေမလုပ်ဘဲနဲ့လေ
Pin : ဟုတ်တယ် အကိုတောင်လာပြီ
Perth ကအပေါ်တက်လာတော့ Saint ကိုတွေ့လိုက်ရတော့အံ့သြသွားတယ် မထင်ထားဘူး ဒီအချိန်ဒီကိုရောက်လာ
မယ်ဆိုတာ
Perth : Saint ဘယ်တုန်းကရောက်တာလဲ
Saint : ခုနကတင်ပါ Pin နဲ့စကားပြောနေတာ
Perth : ဟုတ်လား အပြင်သွားမယ်လေ
Perth ကသူရှိနေမှန်းသိလို့ Saint ကိုအပြင်ထုတ်သွားမှာကို
Pin ကောင်းကောင်းသဘောပေါက်တာပေါ့
Pin : Pin ပွဲတစ်ပွဲအတွက်တိုက်စရာရှိသေးတယ် ဒီညအိမ်
ပြန်မလာတော့ဘူး သွားပြီနော်
Perth : inn အကိုပို့ပေးရမလား
Pin : ရပါတယ် သူငယ်ချင်းနဲ့အေးဆေးနေပါ
Pin ထွက်သွားတာနဲ့ Perth က Saint ဘေးနားမှာထိုင်လိုက်ပြီး Saint ပခုံးကိုဖက်လိုက်တယ် Saint ကလည်းသူ့ကို
ဖက်လိုက်တာနဲ့ရင်ခွင်ထဲခေါင်းလေးမှီပြီးသားပဲ
Perth : ဘယ်လိုရောက်လာတာလဲ
Saint : အိမ်မှာမနေချင်လို့ထွက်လာတာ Perth ကိုလည်း
သတိရလို့ပေါ့
Perth : မင်းကကလေးလိုချွဲနေပြန်ပြီ ငါလည်းလွမ်းတာပါပဲ
Saint : Perth အခန်းကဘယ်မှာလဲ
Perth : ဟိုဘက်က
Saint ထသွားဖို့လုပ်လိုက်ချိန်မှာပဲ Perth ကသူ့လက်လေးကိုပြန်ဆွဲလိုက်တယ် ချက်ချင်းကိုရင်ခွင်ထဲရောက်ပြီးသား
ဖြစ်သွားတယ်
Saint : ဘာလုပ်ဖို့လဲ Perth အခန်းကိုကြည့်မလို့ကို
Perth :ကို့အခန်းမေးတော့ရုတ်တရက်ကြောင်သွားတယ်
အခုမှစဉ်းစားမိတယ် ဒီညလည်းကိုတို့အတူနေမလို့
လားလို့လေ
Saint က Perth ရင်ဘတ်လေးကိုရိုက်လိုက်တယ်
Saint : Perth နော် တကယ်အခန်းထဲကြည့်မလို့ကို
Perth : Moisturizer ရှာဖို့လား အခန်းထဲမှာ
Saint ကရင်ခွင်ထဲကရုန်းထွက်လိုက်ပြီး Perth ကိုမျက်စောင်းလေးထိုးကြည့်လိုက်တယ်
Saint : Moisturizer လည်းမလိုဘူး Lotion လည်းမလိုဘူး
Perth : ဒါဆိုဒီတိုင်းကြီးလား မင်းမနာဘူးလား
Saint : Perth တကယ်ဆိုးတယ်နော်
Saint က Perth အခန်းထဲကိုသူ့ဘာသာတစ်ယောက်ထဲ
ဝင်သွားလိုက်တယ် Perth ကတော့သူကောင်လေးစိတ်ကောက်ပုံလေးကိုချစ်လို့ရီနေတော့တယ်
Saint အခန်းထဲကိုဝင်လိုက်တာနဲ့ ဝမ်းနည်းစိတ်ကအလိုလို
ဖြစ်မိတယ် Perth ရဲ့အိမ်ကအခန်းလေးဆို ဒီဇိုင်းလှလှ ပစ္စည်းလေးတွေဆိုလည်းစုံလို့ Perth ကအမှတ်တရလေးတွေကို
စုရတာကြိုက်တယ် အရင်ကဆိုသူ့အခန်းလေးကအရောင်စုံ
နေကြ အခုမြင်ရတာကတော့ ကုတင်ရယ် ဘေးနားကစားပွဲခုံနဲ့မီးအိမ်လေးရယ် နံရံကပ်နာရီနဲ့ ပန်းချီတစ်ချပ်ကလွဲလို့ကျန်တာမတွေ့ရဘူး ဘာလို့သူဒီလိုအထီးကျန်စွာဖြတ်သန်းနေရတာလဲ အားလုံးမေ့ပြီးဘဝသစ်ကိုပြန်တည်စေချင်
မိတယ်
Perth : ဘာကြည့်နေတာလဲ
Saint : မဟုတ်ပါဘူး ဒီတိုင်းကြည့်နေတာပါ
Perth ကိုပြောချင်ပေမယ့်လည်းသူစိတ်မကောင်းမှာစိုးလို့
မပြောရက်ပါဘူး Perth ဆီကို Pin ရဲ့ဖုန်းရုတ်တရက်ဝင်လာတယ်
Perth : hello အင်း Pin
   Perth ကအပြင်ခဏထွက်သွားပြီးစကားပြောခဲ့တယ်
" တီ တီ တီ " တစ်နေရာရာကနေ ဖုန်းသံတစ်ခုလိုမျိုးကို Saint ကြားလိုက်ရတယ် သူထိုင်နေရင်းနဲ့ကိုလှည့်ကြည့်လိုက်တယ် ဘယ်နားကဒီအသံကမြည်နေရတာလဲ အသံကရပ်
ကိုမသွားခဲ့ဘူး Perth ကလည်းအခုထိပေါ်မလာသေးဘူး
အသံရှိရာကိုလိုက်ရှာခဲ့တယ် အသံကနံရံဖက်ခြမ်းကလာနေတာပဲ ပန်းချီကားအနောက်ကမြည်နေတာထင်ပြီးသူပန်း ချီကားကိုဆွဲလှန်ပြီးကြည့်လိုက်တယ် အနောက်မှာမီးခံသေတ္တာ
အသေးလေးလိုရှိတာပဲ အထဲကစက္ကူဘူးကိုဆွဲထုတ်လိုက်
တယ်
Saint : ဒါဘာလဲ အသံတော့ရပ်သွားပြီ
   ဘူးကိုသူဖွင့်ကြည့်လိုက်တော့ မထင်ထားမိတာတွေတွေ့ခဲ့
တယ် သူ့ပုံတွေ သူတို့သူငယ်ချင်းပုံတွေ Dior ပုံလေးတွေ
သူပျော်မိပါတယ် Perth ကသူတို့ကိုအမြဲသတိရနေတာကိုသူ
သိလိုက်ရတယ် ဒါပေမယ့် သူ့ကိုစိတ်ဆိုးစေတဲ့အရာတွေပါရှိ
နေတယ် Dior လက်ကလက်စွပ်နဲ့ Perth မွေးနေ့တုန်းက
လက်ဆောင်ပေးခဲ့တဲ့ အင်္ကျီလေး အဲ့ဒါလေးနှစ်ခုလောက်နဲ့
တော့သူ့ကိုစိတ်မပျက်စေသေးဘူး ဒါပေမယ့် နောက်ထပ်တွေ့လိုက်ရတဲ့တစ်ခုကြောင့် Perth ကိုအရမ်းစိတ်ဆိုးမိတယ်
Ming : မမလေး သူဖွင့်ကြည့်နေပြီ
Pin : ဒါပေါ့ ဖွင့်ကြည့်ရမယ်လေ ဒါမှသူကငါတို့ကြားမှာအရေး
      မပါတဲ့လူမှန်းသိသွားမှာ 
  ဘာလို့လဲ Perth ကျွန်တော့်ကိုအမြဲလိမ်တယ် ဒီတစ်ခါလည်းအကြီးကြီးလိမ်ပြန်ပြီလား
                               Part 14 ( the end )

My Sunshine Boy(Season 3 ❤️)Where stories live. Discover now