Part 4

1.1K 161 11
                                    

Ae ကမနက်ခင်းဆိုထပြီးအပြေးလေ့ကျင့်လေ့ရှိတယ် သူ
Shoe ဖိနပ်ကြိုးကိုချည် နားကြပ်လေးတပ်ပြီးတာနဲ့လမ်း
လျှောက်တယ် ပြေးတယ် လမ်းတစ်ဖက်ကအသံကသူလှည့်
ကြည့်လိုက်တယ်
Saint : Perth
   လာပြန်ပြီ သူ Perth မဟုတ်ဘူးဆိုတာကိုဘယ်နှစ်ခါပြောရ
မလဲ
Saint : ကျွန်တော် Perth ကိုဒီတစ်ခါအလွတ်မပေးနိုင်တော့
         ဘူး
Ae : အဲ့ကောင်ဘာတွေပြောနေတာလဲ
Saint : Perth ထပ်ထွက်သွားရင်ကျွန်တော်သေရလိမ့်မယ်
    Ae ကသူ့ကိုကြည့်ပဲကြည့်နေလိုက်တော့တယ် Saint
မျက်ရည်တွေကိုတွေ့လိုက်ရတယ် ဒါပေမယ့် သူကြည့်နေဆဲ
ပဲ
  ကျေးဇူးပြုပြီး Perth အရင်တစ်ခါလိုကျွန်တော့်ကိုကယ်ပေး
ပါ Perth ကိုသာပြန်ရမယ်ဆိုရင်ဘာမဆိုလုပ်နိုင်ပါတယ်
ဒါကြောင့် ကျွန်တော့်ကိုပြေးပြီးလာဖက်ပေးပါ
   Saint ကသူ့ခြေလှမ်းတွေကိုကားလမ်းမပေါ်မှာရပ်လိုက်
တယ် Mark ကသူ့အစီအစဉ်အတိုင်း Saint ရှေ့ကိုအရှိန်နဲ့
မောင်းလာခဲ့တယ် ဒါပေမယ့် ထင်ထားတဲ့အတိုင်း Ae ကသူ့ကိုအရေးတောင်မစိုက်ဘဲလှည့်ထွက်သွားတာကို Mark
မြင်လိုက်လို့ကားကိုချက်ချင်းဘရိတ်အုပ်လိုက်တယ်
Saint : Mark ဘာလုပ်တာလဲ
Mark : ကားပေါ်တက်ခဲ့တော့ မြန်မြန်
   Saint လည်း Ae ကိုမတွေ့တော့လို့ စိတ်ပျက်လက်ပျက်နဲ့
ကားပေါ်တက်လိုက်တယ်
Mark : လက်လျော့လိုက် သူက Perth မဟုတ်ဘူး
Saint : Mark သူက Perth
Mark : မင်းဘာနဲ့သက်သေပြမှာလဲ အခုငါ့ကားသာမဟုတ်
            ရင်မင်းတကယ်သေနေပြီ
Saint : ဘာလို့လဲမသိပေမယ့် သူက Perth ဆိုတာယုံကြည်
            နေတယ်
Mark : Saint မင်းက Perth ကိုစွဲလမ်းနေတာလေ မင်းရူးမ
             လိုထိဖြစ်ခဲ့တာလေ ဒါကြောင့် မင်းအဲ့လိုတွေးနေတာ
             မဆန်းဘူး မင်းသူ့ကိုတမ်းတနေတာကို
    တကယ်ပဲ Mark ပြောသလိုဖြစ်နေပြီလား ဒါပေမယ့် လက်
မလျော့ချင်ဘူး ယုံကြည်နေမိတယ် အလိုလိုကိုသိနေတယ် သူက Perth ဆိုတာကို ......
Pin : ဒီဆိုင်ကမိုက်တယ် အစားအသောက်လည်းကောင်း
         တယ် ရူခင်းလည်းလှတယ်မလား
Ae : inn မိုက်ပါတယ် 
   " Happy Birthday to u , happy birthday to u , happy
birthday Dear Perth , happy birthday to u"
Dior ကကိတ်မုန့်ကိုကိုင်ပေးထားပြီး Mark နဲ့ Earth ကသီချင်းဆိုပေးနေကြတယ် အားလုံးကအထက်တန်းကျောင်းဝတ်
စုံလေးတွေနဲ့
Mark : မှုတ်လေ ဆုတောင်း
   Perth ကလက်အုပ်ချီပြီးဆုတောင်းလိုက်တယ် ပြီးတော့
ဖယောင်းတိုင်ကိုမှုတ်လိုက်တယ်
All : woooo Happy Birthday
    Dior က Perth ရဲ့အနောက်ကနေလည်ပင်းကိုဖက်လိုက်
ပြီး လက်ဆောင်နာရီကိုထုတ်ပေးလိုက်တယ်
Dior : လက်ဆောင်
Perth : ဒါနောက်ဆုံးထွက်ထားတာမလား မိုက်တယ်
Dior : ကြိုက်တယ်မလား Happy Birthday နော်
   Dior က Perth ရဲ့ခေါင်းကိုကိတ်မုန့်ထဲနှစ်လိုက်တယ်
အားလုံးက Perth ကိုကြည့်ပြီးဝိုင်းရီကြတယ်
Pin : အကို အကို
   Pin ကနောက်တစ်ခါထပ်အော်ခေါ်လိုက်မှ Ae လည်းသတိ
ပြန်လည်တော့တယ်
Pin : ဘာတွေကိုကြည့်နေတာလဲ
Ae :မဟုတ်ပါဘူး ဒီဆိုင်ကိုရောက်ဖူးလားလို့စဉ်းစားနေတာ
Pin : မှားနေတာထင်တယ် တစ်ခါမှမလာဖူးပါဘူး အကိုက
         တောင်ထိုင်းကိုအခုမှရောက်တာကို
Ae : ဟုတ်တယ်နော်
     ငါအခုမြင်လိုက်ရတာဘာလဲ Dior Earth Mark နဲ့ ငါ
ဒါပေမယ့် Perth ဆိုတဲ့အသံကိုကြားလိုက်ရတယ် ငါမှားမြင်
တာလား Perth ကသူ့ခေါင်းကိုလက်နှစ်ဖက်နဲ့သေချာကိုင်
ထားလိုက်တယ်
Pin : ဘာဖြစ်လို့လဲ
Ae : ခေါင်း ခေါင်းကိုက်တယ်
Pin : ရရဲ့လား အကို ဖြည်းဖြည်းထ
    Ae ကို pin ကအိပ်ရာပေါ်မှာစောင်သေချာခြုံပေးလိုက်
တယ် Ae ချွေးစေးတွေပြန်နေလို့သူသေချာလက်ကိုင်ပဝါနဲ့
သုတ်ပေးလိုက်တယ်
လွန်ခဲ့သောတစ်နှစ်.......
Saint : Perth Perth မသေသေးဘူး လွှတ်ပါ Mark
   Perth ရဲ့နှလုံးတိုင်းစက်ရပ်သွားတာကို Pin လည်းမြင်လိုက်ပြီးအသံမထွက်အောင်ကြိတ်ငိုလိုက်တယ်
တောင်းပန်ပါတယ် အကို Pin ကြောင့်ပါ Pin အမကိုဘယ်လို
မျက်နှာပြရမလဲ တောင်းပန်ပါတယ်
Mark : Saint Saint သတိထားလေ
     Perth တစ်ယောက်ထဲလမ်းလျှောက်နေတယ် အရှေ့မှာ
တွေ့လိုက်ရတဲ့ Dior ကြောင့်သူခဏတာရပ်ကြည့်နေလိုက်
တယ်
Perth : Dior လား
Dior : Perth
    Dior က Perth ရဲ့လက်ကိုကိုင်ထားလိုက်တယ် ခံစားမှုက
တကယ့်အစစ်အတိုင်းပဲ Dior ရဲ့လက်နုနုလေးတွေကိုသူခံစားရတယ်
Saint : Perth Perth အဲ့လိုမထားခဲ့ပါနဲ့ Perth
   Saint အသံကိုကြားနေရပေမယ့် Saint ကိုမမြင်ရဘူး
Perth : Dior ဒါဘယ်နေရာလဲ နင် ဘယ်လို
    Dior ဆီကနေမျက်ရည်တွေကိုမြင်ရတယ်
Perth : Dior ဘာလို့ငိုနေတာလဲ ငါနင့်ကိုတောင်းပန်ချင်နေ
            တာ
Dior : ပြန်သွားတော့ အချိန်မရှိဘူး
   Saint အော်ငိုသံကိုလည်း Perth ကြားနေရတယ်
Perth : Saint
Dior : သူငိုနေပြီ နင့်ကိုသေသွားပြီဆိုလို့ငိုနေပြီ Perth ပြန်
          သွားတော့
Perth : Dior ငါ
Dior : နင်ပြောချင်တာကိုသိတယ် ငါ့အပေါ်အားနာနေတာမ
          လား တောင်းပန်ချင်တာမလား နင့်အနားမှာအမြဲရှိနေ
           တယ် ဒါကြောင့် နင်ခံစားနေရတာကိုနားလည်တယ်
          မြန်မြန်သွားပါ
Perth : နင်ကရော
Dior : Perth ငါပြောတာနားထောင်ပါ
Perth : Saint အသံ သူတော်တော်ငိုနေတယ် ငါသွားချော့
             မှဖြစ်မယ်
Dior : ခဏလေး
   Dior က Perth ကိုဖက်လိုက်တယ် တကယ်ကို Dior ကို
ဖက်ထားတဲ့အတိုင်းကိုပဲအထိအတွေ့ကခံစားလို့ရနေတယ်
Dior : ကျေးဇူးပါပဲ Perth
     Pin က Perth လက်ကိုဆုပ်ကိုင်ထားလိုက်တယ်
Ming : မမလေး သွားရပါတော့မယ် အချိန်မရှိဘူး
Pin : ခဏလေးပါ အကို တောင်းပန်ပါတယ်
   Pin က Perth ကိုဖက်ထားပြီးငိုလိုက်တယ် ဘယ်သူ့ကိုမုန်း
မုန်းPerth ကတော့သူ့အတွက်တကယ့်အကိုတစ်ယောက်
လိုကိုအဓိပ္ပာယ်ရှိတဲ့လူပါ ဒီလိုလူတစ်ယောက်ကို ခွဲခွာရတော့
မယ့်ခံစားချက်ကပူလောင်လွန်းပါတယ်
   ဒါပေမယ့် Perth ရဲ့ရင်ဘတ်နားကနေ နှလုံးခုန်သံကိုကြား
လိုက်ရတယ်
Ming : ဘာဖြစ်လို့လဲ
   Pin ကဘေးနားကနှလုံးတိုင်းစက်ကို Perth နဲ့ပြန်ချိတ်ဆက်လိုက်တယ်
    မျဉ်းကတစ်ညီထဲပြေးမနေတာမြင်လို့ သူ့ကိုသူတောင်မယုံ
ကြည်နိုင်ဘူး ဒါဆို ဒါဆို အကိုမသေဘူးပေါ့ 
                               The end
  

My Sunshine Boy(Season 3 ❤️)Where stories live. Discover now