Part 1 ❤️

2.8K 198 24
                                    

     Dior နဲ့ Earth အတွက်အားလုံးကိုကျွန်တော်နဲ့ Mark ပဲ
တာဝန်ယူပြီးအစအဆုံးလုပ်ပေးခဲ့ကြတယ် လုံးဝနားလည်လို့
မရတာက Perth ဘာလို့ဈာပနအခမ်းအနားထိပေါ်မလာရ
တာလဲ ကျွန်တော်အရမ်းနောင်တရမိတယ် ကျွန်တော်သူ့ကို
ယုံကြည်ပေးခဲ့သင့်တယ် ပိုပြီးအားပေးခဲ့သင့်တယ် အခုတော့
နောင်တတွေကကျွန်တော့်ရင်ကိုတစ်ခုခုနဲ့ဆူးထိုးနေသလိုပဲ
Dior နဲ့ Earth ဓာတ်ပုံကိုကြည့်နေရတာ ရင်နာတယ် ကျွန်
တော်အင်္ကျီအနက်ဝတ်ထားရတာကိုဒီတစ်ခါ အမုန်းမိဆုံးပဲ
ကျလာတဲ့မျက်ရည်တွေကိုလည်းအပြစ်တင်မိတယ်
  " မင်းအမှားကြောင့် ဖြစ်လာတာ မင်းမျက်ရည်ကျရအောင်
တန်လို့လား " ဆိုတဲ့အသိကကျွန်တော့်ကိုနိုပ်စက်နေတယ်
Perth ဆိုဘယ်လောက်တောင်နာကျင်နေရမလဲ သူအခုဆို
တစ်နေရာရာမှာကြိတ်ပြီးငိုနေလောက်ပြီ သူကစိတ်ဓာတ်မာ
ပေမယ့် အရမ်းကိုစိတ်အားငယ်တတ်တဲ့ကောင်လေးပါ
တစ်ခါတစ်လေကျွန်တော့်ထက်တောင်သူကအားငယ်စိတ်
များတဲ့သူပါ သူ့ကိုကျွန်တော်တွေ့ချင်ပေမယ့် သူအခုထိပေါ်
မလာခဲ့ဘူး Perth ဘယ်ရောက်နေတာလဲ
No : အကိုလေး Nat ကအကိုလေးကိုတွေ့ချင်တယ်ပဲအော်
       နေပါတယ်
Nat ဆိုတဲ့နာမည် သူ့ရဲ့မျက်နှာ သူ့ရဲ့အသံကိုကြားမိတိုင်း
Dior အပေါ်ခွင့်လွှတ်မှုကိုတောင်းခံနေမိတယ် Nat ကိုသတ်
ပစ်ချင်လောက်အောင်မုန်းတီးရွံရှာလွန်းလို့ သူ့နာမည်ကြား
တိုင်း ဒေါသစိတ်ကအလိုလိုပေါ်လာတယ် ဒါပေမယ့် ဆုံးဖြတ်
ချက်ချထားတယ် သူ့ကိုမသတ်ဘူး Dior နဲ့ Earth လိုအေးချမ်းခွင့်မပေးနိုင်ဘူး သူတစ်သက်လုံးပူလောင်ပြီးမှကိုသေရ
မယ်
  Saint သူ့ဆုံးဖြတ်ချက်အတိုင်း Nat ဆီကိုခဏထွက်သွား
လိုက်တယ် သူထွက်သွားတာနဲ့ Perth နဲ့ကောင်မလေးငယ်
ငယ်လေးတစ်ယောက်က အင်္ကျီအနက်တွေနဲ့ ဈာပနအခမ်း
အနားကိုဝင်လာခဲ့တယ် သူတို့ရဲ့မိသားစုဝင်တွေဘယ်သူမှ
နောက်ဆုံးအချိန်ကိုတောင် ရောက်မလာကြဘူး ကောင်မလေးကထိုင်ချပြီး ငိုကြွေးလိုက်တယ်
Pin : မမ အခုမှလာမိလို့တောင်းပန်ပါတယ်
     Perth ကလက်ထဲကကိုင်ထားတဲ့ နှင်းဆီအနီရောင်ပန်း
စည်းကို Dior အတွက်ထားခဲ့တယ်
Nat : Arrrrrrr Saint ကိုခေါ်ပေး သူ့ကိုခေါ်ပေး
   Nat ကအသံကျယ်ကြီးနဲ့အော်ဟစ်နေပြီးတော့ ဘေးနား
ကပစ္စည်းတွေကိုပစ်ပေါက်နေတယ် Saint အခန်းထဲကိုဝင်လာတာနဲ့ သူ Saint ကိုပြုံးပြလိုက်တယ်
Nat : P Saint
    Saint ဝင်လာတာနဲ့အားလုံးကအပြင်ထွက်ပေးကြတယ်
Saint : မင်းကိုငါ့အိမ်မှာထားထားတာ ချစ်လွန်းလို့များထင်
          နေလား
  Saint ကအသံကျယ်ကျယ်နဲ့အော်လိုက်တယ်
Saint : မင်းပါးစပ်ကိုပိတ်ပြီးငြိမ်ငြိမ်နေ ငါတို့ကဘာမှမသက်
         ဆိုင်ပေမယ့် လူအများရှေ့မှာတော့ငါတို့ကလင်မယား
         ဖြစ်နေမှာပဲ မင်းမသေမချင်းငါ့လက်ကရုန်းဖို့စိတ်မကူး
            နဲ့တော့ မင်းအောက်ပိုင်းသေသွားတော့မင်းဘဝလည်း
            ဆုံးသွားပြီ
Nat : မဟုတ်ဘူး ငါ ငါဘယ်တော့မှကျဆုံးမှာမဟုတ်ဘူး
    Saint က Nat ကိုတည့်တည့်စိုက်ကြည့်လိုက်တယ် သူ့မျက်လုံးကအမုန်းမီးတွေတဟုန်းဟုန်းတောက်လောင်နေ
တယ်
Saint : မင်းငါ့ကိုအရမ်းပိုင်ချင်ခဲ့တယ်မလား အခုပိုင်ပြီလေ
             ဝမ်းသာသင့်တာပေါ့
  Saint ရီပြီးပြောနေတာမြင်တော့ Nat ကအံကြိတ်လိုက်တယ်
Saint : မင်းတမြေ့မြေ့နဲ့ကို သေရမယ် ရူးသွပ်ပြီးကိုသေရ
             မယ် အဲ့ဒါ Dior အတွက် Earth အတွက် ပြီးတော့
              ငါ့ရဲ့ချစ်သူ Perth အတွက်
    Saint ကချက်ချင်းထွက်သွားလိုက်တယ်
Nat : မဟုတ်ဘူး မဟုတ်ဘူး.........
Dior ဓာတ်ပုံအရှေ့ကပန်းစည်းနဲ့စာတစ်စောင်ကိုသူတွေ့လို့
ဖွင့်ကြည့်လိုက်တယ်
  " Saint ဆီသို့ .... " ဆိုတဲ့စာကိုဖတ်ပြီးတာနဲ့ Saint အပြင်
ကိုပြေးထွက်ပြီး Perth ကိုလိုက်ရှာခဲ့တယ် ဒါ Perth သူ့အ
တွက်ထားခဲ့တဲ့စာပဲ မဖြစ်ဘူး Perth ကိုထွက်သွားခွင့်မပေး
နိုင်ဘူး Perth ကိုပြောစရာတွေရှိတယ် တောင်းပန်စရာတွေ
ရှိသေးတယ် အဲ့အတွက်ကျိန်းသေတွေ့မှဖြစ်မယ် သူကားပါ
ကင်ထိရောက်တာတောင် Perth ကိုမတွေ့ရဘူး
Pin : မသွားသေးဘူးလား
Perth : ခဏလေးပါ
    Perth ဘက်ကြည့်မှန်ကနေ သူ့ကိုမျက်ရည်တွေနဲ့လိုက်ရှာ
နေတဲ့ Saint ကိုတွေ့လိုက်တယ်
Pin : Saint ဆိုတာအဲ့ကောင်လေးလား
Perth : အင်း ငါတို့ကြားမှာနေပြီးဘာကိုမှမသိခဲ့တဲ့ဖြူစင်တဲ့
             ကောင်လေးပါ
  Pin လည်းနောက်လှည့်ကြည့်ပြီး Saint ကိုသေချာကြည့်
လိုက်တယ်
Perth : သွားကြမယ်
  Perth သူ့ကားကိုမောင်းပြီးထွက်သွားလိုက်တယ်
တောင်းပန်ပါတယ် Saint မင်းအတွက်အဲ့စာလေးပဲချန်ထားခဲ့
လို့တောက်းပန်ပါတယ် ငါ့ကိုမေ့လိုက်ပါတော့ ငါ့ကြောင့်အား
လုံးအခုလိုတွေဖြစ်ခဲ့ရတာ ငါ့လိုကောင်ကိုမေ့လိုက်ပါ
   Perth ဘယ်လိုများပြောခဲ့ရက်တာလဲ အခုကျွန်တော့်ရင်ထဲမှာဘာတွေဖြစ်နေလဲသိရဲ့လား ကျွန်တော် Perth ကိုမချစ်လို့
မယုံခဲ့တာမဟုတ်ပါဘူး ချစ်လွန်းလို့မယုံရဲတာပါ ဒါကြောင့်
မေ့လိုက်ပါဆိုတဲ့စကားကိုအလွယ်မပြောလိုက်ပါနဲ့ ကျွန်တော်
တို့ချစ်ခဲ့တာကအပျော်သက်သက်မှမဟုတ်တာ ထာဝရအ
တွက်ပါ ဒါကြောင့် Perth ဘာပဲဖြစ်နေပါစေ ဘယ်လိုပဲရှောင်
ပြေးနေပါစေ ကျွန်တော်မရရအောင်ရှာမယ် ပြီးတော့ Perth ကိုကျွန်တော်ဘယ်လောက်ချစ်လဲဆိုတာသက်သေပြမယ်
Perth ဘဝကိုထပ်အလင်းပေးနိုင်တဲ့ထိ ချစ်ပေးမှာပါ
                            Part 1 ( the end )
  အစမ်းတင်ကြည့်ခြင်းပါ ဆက်ရေးမရေးကတော့ စာဖတ်သူ
တွေဆန္ဒပါနော်😌😌
 

My Sunshine Boy(Season 3 ❤️)Where stories live. Discover now