💋🍬Sugar Mom14🍬💋
လီဆာလည်း Uniမှာ ပထမနှစ်စတက်ရပြီ။
Rosé၏အကြံပေးချက်ကြောင့် စီးပွားရေး
မေဂျာသာယူခဲ့သည်။အနုပညာအခံကရှိနေသည်မို့ Jisooတို့ Entertainmentမှ လေ့ကျင့်ရုံနှင့် လုံလောက်ရုံမက
ပြည့်လျှံနေသည်။လီဆာ့အတွက်သီချင်၃ပုဒ်လည်းရေးပြီးပြီ။
အသံလည်းသွင်းပြီးပြီ။
MVရိုက်ရန်သာကျန်တော့သည်။Jisooကလည်း လီဆာ့အတွက်အကောင်းဆုံး
ကြိုးစားပေးနေသည်။ လီဆာကလည်း
စိတ်မပျက်စေရန်တတ်စွမ်းသမျှ ကြိုးစားပြီး
အလုပ်လုပ်သည်။MVတစ်ခုမှာ မိန်းကလေးတွေနှင့်ချည်းတွဲပြီး
Sexy ကရမည်ဖြစ်သည်။
ထိုMvအတွက် လီဆာနှင့် Rosé အနဲငယ်
အချေအတင်ဖြစ်ခဲ့ကြသေးသည်။" ဟန်နီ အဲ့ဒါကို soloကလိုက်ပါလား
အဲ့ဒါဆိုပိုကြည့်ကောင်းမှာ""မမရယ် ဒါက Entertainmentက စီစဉ်တာလေ
သမီးလုပ်လို့ရတာမှမဟုတ်တာ ""မိန်းကလေးတွေက အများကြီးမလား ပြီးတော့
သူတို့နဲ့ ဖက်လဲတကင်းကြီး Sexy ဆွဲရမှာကို ""မမ ဒါက MVရိုက်ရုံသပ်သပ်ပဲလေကွာ "
" ပြီးတာပဲပြီးတာပဲ အရမ်းကြီးမကပ်နဲ့နော် မမ မကြိုက်ဘူး အမှန်တိုင်းပြောမယ် မမ သဝန်တို တတ်တယ်နော်"
ဟုစိတ်မရှည်သော လေသံဖြင့်ပြောလိုက်သည်။"ဟုတ်ကဲ့ပါ မမရယ် သမီးဘဝမှာ မမ
တစ်ယောက်ပဲ ရှိတာပါ "ဟုပြောပြီး ကျောပေးထိုင်နေသော Rosé၏ ပခုံးလေးကိုကိုင်ကာ နောက်ကနေ လည်ပင်းလေးကိုနမ်းလိုက်သည်။
Roséမှာတော့ အနမ်းများကို ငြိမ်သက်စွာခံစားနေသည်။
" မမ အိပ်တော့မယ် ဟန်နီ မင်းလည်းအိပ်တော့
မနက်ကျ MVရိုက်ရဦးမှာမလား""Aigoo ကြည့်ပါဦး သဝန်တိုနေတဲ့ပုံလေးကလည်း
ချစ်စရာလေး "ဟုဆိုကာ နောက်ကနေ Rosé၏ ပါးလေးကို
ဖျစ်ညစ်လိုက်သည်။