Sugar Mom💋25{M}

13.8K 480 27
                                    

  💋🍬Sugar Mom25🍬💋
           

            🌙🌌Special Night🌌🌙

ပင်​လယ်​ကမ်းခြေမှ ပြန်​လာပြီး ကမ်းခြေနှင့်​နီးသော
ညဈေးတန်းကလေးတွင်​ သူမတို့ လမ်းလျှောက်​ထွက်​ခဲ့ကြသည်​။

ထိုညဈေးတန်းကလေးမှာပဲ ညစာစားလိုက်​ကြသည်​။

ထို့နောက်​Jejuမှ အမှတ်​တရပစ္စည်းမျာကို ဝယ်​ခဲ့သည်​။

လီဆာကတော့ သူ၏ Cameraတစ်​လုံးဖြင်​ Rosé
လုပ်​သမျှကိုမှတ်​တမ်းတင်​ပေးနေသည်​။

ညဈေးမှ ပြန်​လာတော့ ၉နာရီကျော်​နေပြီ။

" Aigooo မမတော့ ဗိုက်​ကိုတင်းနေပြီ
လမ်းတောင်​မလျှောက်​ချင်​တော့ဘူး"

ထိုအခါလီဆာက Roséရှေ့ကိုသွားလိုက်​ပြီး
ခါးကုန်းပေးလိုက်​သည်​။

"ဟန်​နီ! "

" တက်​လေ မမရဲ့ ဘာလုပ်​နေတာလဲ"

Roséအရမ်းအံ့သြနေသည်​။ လီဆာ ဒီလောက်​ထိ
ဂရုစိုက်​လိမ့်​မယ်​လို့မထင်​ထားခဲ့ပေ။

သူမထင်​သလို လီဆာလည်း အသက်​ရွယ်​ရလာတော့.....

လီဆာ့အပေါ်တက်​လိုက်​ပြီး လီဆာက သူမ၏
ခြေထောက်​၂ဖက်​ကို မြဲမြဲကိုင်​ကာ ကျောပိုးလိုက်​သည်​။

လီဆာ ဒီလိုလုပ်​ပေးနေတော့ Roséတစ်​ယောက်​ သူမ၏ ငယ်​ဘဝကို သွားသတိရမိနေသေးသည်​။

နှစ်​ယောက်​သား အပန်းဖြေအိမ်​ကို ပြန်​လာရင်း လမ်းမှာလည်း သီချင်းတွေအော်​ဆိုလာခဲ့ကြသည်​။

သာယာသော ရယ်​မောသံလေးများလည်း ပျံ့လွှင့်​ကာ...

" Aigoo ချစ်​တာ ဟန်​နီ့ကို"

နောက်​ကနေ သူမ၏ ပါးလေးကို ကိုင်​ပြီးပြောလိုက်​သည်​။

လီဆာအနည်းငယ်​တော့ အံ့သြသွားသည်​။
Roséက ချစ်​တယ်​ဆိုသော စကားမသုံးဖူးသေးပေ။

My Sugar Mommy | ChaelisaWhere stories live. Discover now