💋🍬Sugar Mom7🍬💋
လီဆာ ထိုနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့သည်။
နေ့နေ့ညည မနားပဲ လေ့ကျင့်ခဲ့သည်ဒဏ်က ခုမှ
ပင်ပန်းခြင်း လက္ခဏာသို့ပြောင်းလဲ ခဲ့သည်။နောက်ပြီး Ms.Park က အားရဝမ်းသာစွာပြုံးပြီး
လက်ခုပ်တီးနေသည်ကို စင်ပေါ်မှ လှမ်းမြင်လိုက်ရသော
ကြောင့် စိတ်ထဲမှာ ပိုပြီး ကြည်နူးနေမိသည်။Ms.Park၏ အပြုံးက မြင်ရခဲသည်လေ။
ခုလိုပြုံးနေတော့လည်း သူမ၏ ပါးဖောင်းဖောင်းလေး
များက ကိုက်ပစ်ချင်စရာကောင်းအောင်ကို
လီဆာအူယားခဲ့မိသည်။Roséနှင့် Jisooတို့ကတော့ ကပွဲမှပြန်လာပြီး
Jisooက Rosé၏တိုက်ခန်းသို့လိုက်လာကာ
ထိုမှာပင်ညအိပ်ခဲ့သည်။ညဘက် မအိပ်ခင် ဝိုင်တစ်ခွက်စီသောက်နေကြရင်း
စကားပြောမိကြသေးသည်။" ဒီနေ့တို့ရဲ့Roseanneလေးထူးဆန်းနေပါလား"
"ဘာများထူးနေလို့လဲ Unnieရဲ့ နောက်ပြီး
Chaeနဲ့ရှိနေချိန် Chaeလို့ပဲ သက်သက်သာသာခေါ်
စမ်းပါ Ms.Park တွေ Roseanneတွေ လုပ်မနေနဲ့ "" ဟုတ်ပါပြီ ဒါနဲ့ ထူးဆန်းတယ်ဆိုတာက Chaeက
တခြားအဖွဲ့တွေကျ ကျောက်ရုပ်လို ငြိမ်နေပြီး
ဟိုကလေးမလေး ကျမှ ထပြီးအားပေးနေလို့လေ""သြော်... "
ဟုပြောကာ ဝိုင်ကို အနည်းငယ်သောက်လိုက်သည်။ထို့နောက် ဝရံတာ ဖက်သို့ ထွက်ရပ်ကာ
တိုက်ခတ်လာသော
လေညှင်းလေးကို ခံစားနေလိုက်သည်။Jisooလည်း ဝိုင်ခွက်ကိုင်ကာ နောက်မှလိုက်လာရင်း
လေနုအေးလေးကို လိုက်ခံစားနေသည်။" Unnieက ရိပ်မိသွားတယ်ထင်ပါရဲ့"
" ရှင်လုပ်တာတွေက မရိပ်မိစရာ အကြောင်းမှ မရှိပဲကို"
Roseéနှုတ်ခမ်းလေးတွန့်ရုံသာပြုံးပြီး ဝိုင်ထပ်သောက်
လိုက်သည်။"နောက်ပြီး Unnieကြည့်နေတာ အဲ့ကောင်မလေးမှာ
အောင်မြင်နိုင်မဲ့ အလားအလာရှိနေတယ် "