💋🍬Sugar Mom10🍬💋
လီဆာ့ဆီကနေပြန်ကာ Jisooဆီ ဝင်လိုက်သည်။
"ကဲပြောပါ ဒေါ်Rosé လီဆာ့အတွက်ဘာတွေများစီစဉ်ထားသေးလို့လဲ "
"ဒါကပြောရမှာ နဲနဲတော့ အားနာပါတယ် Unnieရယ် ဟို လီဆာက Idolလုပ်ဖို့ လက်ခံလိုက်တယ် ဒါပေမဲ့ သူ့အတွက် ကုန်ကျစရိတ်ကို
Chaeကပဲ ထောက်ပံ့ချင်တယ် Unnie ""ဟမ် ဒီမှာ Chae lisaတစ်ယောက်အတွက်တော့ Unnieတို့ဆီက ကုန်လို့
ဒီ Entertainment ကြီးဘာမှ
မထိခိုက်သွားဘူးလေကွယ် "" အဲ့ဒါကိုသိပါတယ် ဒါပေမဲ့လည်း သူ့အတွက်ဆို Chaeကပဲ အကုန်လုံးကို တာဝန်ယူချင်လို့"
" ငါတို့ Chaeလေးက မဟုတ်မှလွဲရော သူလေးကို Falling in love ဖြစ်နေတာများလား "
Roséဘာမှ ဆက်မပြောတော့ပဲ ငြိမ်ကျသွားသည်။
ထို့ကြောင့် Jisooကပဲ ဆက်ပြီး
" ဟုတ်သားပဲ ငြင်းမယ်တော့မကြံနဲ့နော် Chae"
Chaeဖက်က ဘာမှကိုအသံထွက်မလာတော့ပေ။
"Chaeကိုခွင့်ပြုပါဦး Unnie"
Roséရှက်ပြီး ထပြန်သွားသည်ကို ကြည့်ရင်း Jisoo
က သဘောကျနေခဲ့သည်။လီဆာ့ဖက်မှလည်း ကျောင်းပိတ်ရက်တွေဆို
လျှင် Trainingသွားဆင်းသည်။Trainingကြောင့် ကျောင်းသင်ခန်းစာများလည်း
နောက်မကျပါ။ Roséကတော့ သူမ၏ဟန်နီ
ကြိုးစားပုံကို အရမ်းအားရနေသည်။တစ်ခါတစ်ခါဆို Jisooကိုတောင် ကြွားရတာ အမော။
ပြုံးရယ်ခြင်း ကင်းမဲ့ခဲ့သော Roséက
ယခုလို lisaနှင်ဆုံဆည်းပြီးမှ ပြုံးလာခဲ့သည်။လီဆာနှင့် ရှိနေချိန်တိုင်း သူမနှုတ်ခမ်းလေးမှာ
အပြုံးလေးတွေ ဝေခဲ့ရစမြဲ။သူမ၏ ဝန်ထမ်းများကတောင် သူမကို
အထူးအဆန်းဖြစ်နေတော့သည်။Roséမှလည်းလီဆာလိုအပ်သမျှ ထောက်ပံ့ပေးခဲ့သည်။
ပိုက်ဆံလိုက ပိုက်ဆံ။
အင်္ကျီလိုလျှင် အင်္ကျီ စသည်ဖြင့် ....
လီဆာ တက်နေသော ကျောင်းမှာ မျက်နှာမငယ်စေရန်
အပြည့်အဝ ထောက်ပံ့ပေးခဲ့သည်။
![](https://img.wattpad.com/cover/179781321-288-k204530.jpg)