Sugar Mom💋3

10K 752 32
                                    


💋🍬Sugar Mom3🍬💋

လီဆာ သူမ၏ ကလစ်​လေးအား ရှာနေတာ နှံနေပြီ

ဟာ...ကျောင်းမှ နောက်​ကျတော့မှာပါဆိုနေ ဒုက္ခပါပဲ

တမနက်​လုံး ထိုကလစ်​လေးအား မတွေ့သေးပေ။

ထိုကလစ်​လေးက သူမအတွက်​ အရမ်းကို
အရေးပါလွန်းလှသည်​။
သူမ အရမ်းချစ်​ရသောသူငယ်​ချင်းက သူမကို
ပေးသွားခဲ့သည်​လေ။

ထို့ကြောင့်​ အသည်းအသန်​ ရှာနေခြင်းဖြစ်​သည်​။
သို့သော်​လည်း မတွေ့တော့ပေ။

ကဲ မတွေ့တဲ့အတူ မထူးဘူး
ကျောင်းပဲသွားတော့မယ်

သူမကျောင်း သွားရမှာ အရမ်းကြောက်​နေသည်​။
သူမအတွက်​ တရားမျှတမှုဆိုတာ မရှိသော ကျောင်းကို တတ်​နိုင်​သမျှ မသွားချင်​ပါ။

သို့သော်​ မသွားလို့လည်း မရပေ။
ထို့ကြောင့်​ ရှိသမျှ အားလေးကို တင်းကာ
ကျောပိုးအိတ်​လေးလွယ်​ရင်း ထွက်​လာခဲ့သည်​။

ဒီနေ့ကျောင်းကလူတွေ သူမကို အထူးအဆန်းသဖွယ်
ကြည့်​နေကြသည်​။ ဘာကြောင့်​ရယ်​တော့မသိပေ။

သူမကို အမြဲအနိုင်​ကျင့်​နေသူများကလည်း ဒီနေ့
သူမကို အရေးတောင်​မလုပ်​ကြပေ။
ထိုနေ့ကစပြီး သူမ စာကို အေးဆေးစွာ သင်​ခွင့်​ရခဲ့သည်​။
သို့သော်​ကြာကြာခံပါမည်​တဲ့လား...

🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬

"ကလေးလေးရော စာကောင်းကောင်း လိုက်​နိုင်​ရဲ့လား "

"ဟုတ်​ကဲ့ပါ မမလေး ဒါသူ့ရဲ့ လစဉ်​ ရလဒ်​ မှတ်​တမ်းတွေပါ "

Ms.Park တစ်​ယောက်​ လီဆာ ၏ report card
ကို ကြည့်​ကာ သဘောကျနေမိသည်​။
သို့သော်​ သဘောကျမှုကို သူများ သိမည်​စိုး၍
မပြုံးမရယ်​ပဲနေနေသည်​။

ဒါကြောင့်​လည်း သူမကို လူအများက
ကြောက်​ကြသည်​လေ။

လီဆာ၏အမှတ်​များကအမြဲထိပ်​ဆုံးမှာ
ချည်းနေရာယူထားသည်​။

အားကစား၊ ပညာရေး၊ သန့်​ရှင်းရေး စသည်​ဖြင့်
နေရာတိုင်းမှာ သူမက Aအဆင့်​နှင့်​အောင်​သည်​။

My Sugar Mommy | ChaelisaWhere stories live. Discover now