💋🍬Sugar Mom9🍬💋
ဒီလိုနှင့် လီဆာ စဉ်းစားနေတာ ၅ ရက်မြောက်သွားပြီ။
Roséမှာတော့ တစ်ရက်တစ်ရက် လီဆာဆက်
မည့်ဖုန်းသာမျှော်နေမိသည်။ အစည်းအဝေးလုပ်လျှင်
တောင် ဖုန်းသံမကြားမည်စိုး၍ Ringtoneကို
အကုန် ချဲ့ထားသည်။တခါတခါ ဖုန်းမှားဝင်မှုများကြောင့်
အစည်းအဝေးမှာ အနှောင့်အယှက်ဖြစ်ရသေးသည်။
ကျောင်းကိုလှမ်းစုံစမ်းလျှင်ရရဲ့သားနဲ့
ထပ်ပြီးလည်း မစုံစမ်းချင်တော့။
လီဆာ့ဆီမှ အဖြေကို တိုက်ရိုက်သာ ကြားချင်မိနေသည်။လီဆာ အလုပ်လုပ်သော ကော်ဖီဆိုင်ကို မေးကြည့်တော့
လည်း ၄ရက်လောက်ရှိပြီ အလုပ်ထွက်သွားသည်တဲ့။Roséမှာ တစ်ရက်တစ်ရက်
မျှော်လင့်ချက်တွေ လျော့လာသည်။
လီဆာနှင့် နီးဖို့ဘယ်လိုလုပ်ရမလဲသာ
စဉ်းစားရင်း အချိန်ကုန်နေခဲ့သည်။လီဆာကလည်း မာနကြီးသူဖြစ်သည်။
သူမသည် သူများ၏
ထောက်ပံ့မှုကို မလိုချင်ပဲ ကိုယ့်ဒူးကိုယ်ချွန်သာ
ကြိုးစားချင်သူဖြစ်သည်။ ဤစိတ်တစ်ခုနဲ့တင်
ကမ်းလှမ်းချက်များကို ငြင်းပယ်ရန်သာ
ဆန္ဒက ပြင်းပြနေခဲ့သည်။၂၀ရက်မြောက်သောနေ့ မနက်၈နာရီ
Rosé သူမ၏တိုက်ခန်းမှာ ရေချိုးနေခိုက် သူမဆီ
ဖုန်းနံပါတ်အစိမ်း တစ်ခုဆက်သွယ်လာခဲ့သည်။ဖုန်းကိုစိတ်မပါ တပါဖြင့်သာပြန်ထူးလိုက်သည်။
" ဟဲလို"
" ဟုတ် Ms. Roseanne Park လားရှင့်"
" ဟုတ်ပါတယ် ဘာများပြောမလို့လဲ"
"သမီး လီဆာပါ "
လီဆာ ဟူသော နာမည်ကြားလိုက်ရသောအခါ
နှလုံးခုန်တာတွေတောင် ရပ်သွားသလို ခံစားလိုက်ရပြီး
အရမ်းအံ့သြသွားခဲ့သည်။Rosé သူမ၏ ရင်ဘတ်ကို လက်နှင့် ဖိထားပြီး
" အင်း...လီဆာ ပြောလေ"