💋🍬Sugar Mom23🍬💋
Roséနှင့် လီဆာ တို့၂ယောက် အလုပ်သွားမလုပ်တာ ၂ရက်ရှိနေပြီ။
"မမ ညကျ ညဈေးသွားအောင် ဝက်သားကင်
အရမ်းကောင်းတယ်တဲ့ အဲ့မှာ "" ကောင်းသားပဲ ဟန်နီ သွားရအောင်လေ"
ညရောက်တော့ သူမတို့၂ယောက် ညဈေးတန်းသို့
လမ်းလျှောက် ထွက်ခဲ့ကြသည်။Roséမှာ အစကတော့ ကလေးထိန်းလိုက်လာခြင်းပင်။
နောက်တော့ ကလေးကပြန်ထိန်းနေရသည်။အစားအသောက်မြင်လျှင် မနေနိုင်သော သွေးသားများ
ထကြွလာသည်။"ဟန်နီ ဒါလေးအရမ်းစားကောင်းတယ် "
" ဟန်နီ ဒီဖျော်ရည်လေးသောက်ကြည့်ပါဦး"
"ဟန်နီ ဟိုမှာ ဆူရှီ ဆူရှီ "
"ဟန်နီ ရေခဲမုန့် အဲ့ရေခဲမုန့်စားမှာ "
လီဆာကတော့ သူ့မမကို ကြည့်ပြီး သဘောကျနေသည်။
သူဒီနေရာကို ခေါ်လာတာ မှန်ကန်သည်ဟု ထင်မိသည်။ဘာပဲပြောပြော Roséလည်း အလုပ်တွေအရမ်းများ
တဲ့သူမလား စိတ်ဖိစီးမှုဆိုတာတော့ ရှိမှာပဲလေ....Roséဝယ်သမျှ လိုက်စားနေပြီး ကြာတော့
ဗိုက်က မဆန့်တော့ အန်ချင်လာသည်။"မမ သမီး မရတော့ဘူး အန်ချင်နေပြီ "
" အမ် လာလာ ဟန်နီ ဟိုမှာ ဟိုအမှိုက်ပုံးထဲ အန်လိုက်"
လီဆာတစ်ယောက် အမှိုက်ပုံးထဲသို့
အန်ချလိုက်တော့သည်။Roséကတော့ နောက်ကနေနှိပ်ပေးနေရင်း
" သက်သာရဲ့လားယင် မမဆေးသွားဝယ်ပေးရမလား"
လီဆာ လက်ကာပြလိုက်သည်။ ထို့နောက် Roséဆီမှ
ရေဘူးကို ယူကာ ပလုတ်ကျင်းလိုက်သည်။ခုံရှည်တစ်ခုပေါ်မှာ ထိုင်လိုက်ကြပြီး
"အား...မမတော်တော်စားနိုင်တာပဲ "
"အင်း ဟုတ်တယ် ဒီလိုလွတ်လွတ်လပ်လပ်
မစားရတာကြာပြီလေ "