💋🍬Sugar Mom2🍬💋
"ရိုက်စမ်း အဲ့ကောင်မကို မှတ်လောက်
သားလောက်ရှိအောင်"မိန်းကလေးတစ်ယောက်ကို ကျောင်းသူ၇ယောက်
လောက်က ချောင်ကျသော နေရာ တစ်နရာမှာ
ဝိုင်းရိုက်နေကြသည်။"ဟေ့ ဟိုမှာ ကားတစ်စီးလာနေပြီ သူ့ကိုထားခဲ့တော့ "
လူအရိပ်ခြည်လည်း မြင်ရော သူတို့တွေ နောက်ကျတဲ့
ခြေထောက် သစ္စာဖောက် အနေအထားဖြင့်
ပြေးကြတော့သည်။ထိုကောင်မလေးမှာတော့ ဒဏ်ရာအလူးလူးဖြင့်
ထိုနေရာတွင်ပင် ခွေခွေလေး လဲနေခဲ့သည်။အဲ့မှာ သူမနဲ့ သူမရဲ့ တွေ့ဆုံခြင်းကအဲ့နေရာမှာစတင်ခဲ့ပါတယ်
သူမလည်း ရသည့်ဒဏ်ရာကို မမှုသည့်
အနေအထားဖြင့် ကုန်းရုန်းထလာခဲ့သည်။ထွက်ကျနေသော စာအုပ်များကို ပြန်ထည့်ပြီး
ထိုနေရာမှ ထွက်လာခဲ့တော့သည်။တစ်နေရာရောက်တော့
သူမက သူ့အာရုံနှင့် သူမမို့ ကားတစ်စီး back
ဆုတ်နေသည်ကို သတိမထားမိလိုက်ပေ။ကားကသူမကိုသွားထိမှ သူမလည်းလဲကျသွားခဲ့သည်။
အရင်ရတဲ့ ဒဏ်ရာကြောင့်ရော ခုမှ ခိုက်မိတဲ့
ဒဏ်ရာကြောင့်ပါ နေရာမှ တော်တော်နှင့် မထနိုင်ပေ။ထိုအချိန်ကားထဲမှ ထွက်လာသော ထိုအမျိုးသမီး
ဒေါက်ဖိနပ် ချွန်ချွန်ကို သာအရင်မြင်ရသည်။
ပြီးတော့ ဘောင်းဘီရှည် ဝတ်ထားသည်။တဖြည်းဖြည်း နှင့် ထိုဒေါက်ဖိနပ်ချွန်ချွန်က
သူ့နားလေးရောက်လာသည်။သူမမော့ကြည့်လိုက်တော့ ကောင်းကောင်းမမြင်ရ။
နေက အပေါ်မှ ထိုးထားသောကြောင့်ပင်။ထို့ကြောင့် သူမမျက်လုံးများကို သေချာ မှေးကြည့်ကာမှ
တော်တော်ခန့်ထည်တဲ့ အမျိုးသမီးပဲ
အကဲခတ်ရသလောက်
Business Womanပဲဖြစ်ရမည်။