💋🍬Sugar Mom28🍬💋
လီဆာလည်း သူမလုပ်တာ မှားသလားမှန်သလားဆိုတာ
မသိတော့ပေ။သူမဒေါသအလျောက် လုပ်ခဲ့မိသည့်
အတွက်နောင်တတော့ရခဲ့သည်။Roséမျက်နှာကို ပြန်မြင်ယောင်တိုင်း ပြန်ပြေးတွေ့ချင်
နေမိခဲ့သည်။သို့သော် သူမကို စကားလုံးများနှင့် ရိုက်ချထားသည့်
Rosé မိဘများကိုတော့ မကျေနပ်လှ။ရင်ထဲတနုံ့နုံ့နှင့် ခံရခက်လှသည်။
မမရယ် သမီးကို ခွင့်လွှတ်ပါ
ဟုသာရင်ထဲကျိတ်မှိတ်တောင်းပန်ရင်း.....🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
ရက်စက်လိုက်တာဟန်နီ..
ဘာလို့ဘာမှမပြောပဲ ထားသွားခဲ့ရတာလည်းဟင်..
မမကို နဲနဲလေးတောင် ထည့်မစဉ်းစားတော့ဘူးလား..
ဒီလူက ဟန်နီမရှိပဲ မနေနိုင်တာ သိရက်နဲ့ ထားသွားရက်လိုက်တာကွာ..
ဘယ်တွေရောက်နေတာလဲ ဖုန်းမြန်မြန်ကိုင်ပါ..Roséကတော့ လီဆာနှင့်အတူရှိခဲ့သော ထိုအပန်းဖြေ
အိမ်လေးမှာပဲ ရှိနေတုန်း သူမ မိသားစုများ ရောက်လာပြီး
ပြန်ခေါ်ကြသည်။" ဟင့်အင်း သမီးမလိုက်ပါရစေနဲ့ သမီးဒီမှာပဲနေမှာ"
" Roseanne Park နင်မရူးချင်စမ်းနဲ့ "
သူမအဖေက အသံမာမာဖြင့် အော်လိုက်သည်။
ထိုင်နေသော သူမအနားကို Aliceက ဝင်ထိုင်ပြီး
" Chaeလေးရယ် လာပါ Unnieတို့နဲ့ပြန်လိုက်ခဲ့ပါ"
"ဟင့်အင်း ဒီမှာ သူ့အငွေ့အသက်တွေနဲ့ .."
Rosé၏ စကားမဆုံးလိုက်
သူမအဖေက အတင်းပွေ့ချီပြီး ကားထဲထည့်လိုက်သည်။" Appa Appa"
Roséတစ်ယောက်အော်ရင်းဟစ်ရင်း.......
.
.
.
သူမ အမ၏ ပေါင်ပေါ်မှာ ခေါင်းအုံးပြီး အိပ်နေသည်။
တကယ်တော့မအိပ်ပါ။ တစ်နေရာရာကိုသာ
စူးစိုက်ကြည့်နေသည်။သူမအဖေနှင့် အမေကတော့ သူမကိုကြည့်နေရင်း...
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက
Rosé၏ အမေ
![](https://img.wattpad.com/cover/179781321-288-k204530.jpg)