Kolasis Aionios (8)

3.2K 470 97
                                    

(Zawgyi)

"ဘယ်လိုလဲ ... အပြစ်ဒဏ်ခံယူဖို့ အဆင်သင့်ဖြစ်ပြီလား ဥရုတိုင်းသူ"

စကားဆုံးသည်နှင့် ဘုရင်အဂ္ဂါသည် သူ့ကိုယ်ပေါ်မှ ဝတ်ရုံကို ဖယ်ခွာရင်း အားန်ခီဒုဆီသို့ လှမ်းလာခဲ့သည်။ အားန်ခီဒုကတော့ နေရာမှာပဲ မတုန်မလှုပ်ရပ်တန့်နေရင်း ဆက်ဖြစ်လာမည့် အခြေအနေကို စောင့်နေ၏။

သူ အားန်ခီဒုကို ခပ်ကြမ်းကြမ်းဆွဲလှည့်လိုက်သည်။ အားန်ခီဒုက မျက်လွှာချထားခြင်းမျိုး အလျဉ်းမရှိဘဲ မျက်လုံးချင်းဆုံကာ စူးစိုက်ကြည့်သည်။

"ငါကိုယ်တော့်ကို မော်ကြည့်ရဲတဲ့ မင်း သိပ်ကို သတ္တိကောင်းလွန်းပါလား"

"ငါ သတ္တိမှ မကောင်းရင် ဒီနေရာကို ကနဦးအစကတည်းက ဘယ်ရောက်လာပါ့မလဲ"

အပြုံးအရယ် ထိတ်လန့်တုန်လှုပ်မှုကင်းမဲ့သော အားန်ခီဒု၏စကားကို ဘုရင်အဂ္ဂါနှစ်ထောင်းအားရတော်မူ၏။ ဥရုတစ်တိုင်းသားလုံးက ဂေးလ်ဂမက်ရှ်ရဲ့ပုံပွားတွေပါလားလို့ ထပ်ခါတလဲလဲ မှတ်ချက်ပေးသည်။

"ငါကိုယ်တော့်ကို ခစားဖို့ အဆင်သင့်ဖြစ်ရဲ့လား"

ဘုရင်အဂ္ဂါက အားန်ခီဒုရဲ့ နားနားသို့ တိုးတိုးကပ်၍ ကလူကျီစယ်သံနှင့်ဆိုသည်။ သို့တိုင် အားန်ခီဒုမှ ငြင်းဆန်ခြင်းအမူအရာလည်း မပြ။ တွန့်ဆုတ်ခြင်းကလည်း နတ္ထိမို့ ဘုရင်အဂ္ဂါ စိတ်ပျက်သွားပုံရသည်။

"ဒါကြောင့် ဂေးလ်ဂမက်ရှ်က မင်းကို ငါ့ထံ အသာတကြည်ဆက်သခြင်းပေကိုး"

ဘုရင်အဂ္ဂါက စိတ်ပျက်စွာညည်းညူလေ၏။

"ငါကိုယ်တော့်ဝတ်ရုံ သွားကောက်ယူပေးစမ်း … "

အားန်ခီဒုက ခိုင်းစေသည့်အတိုင်း ကောက်ယူဆက်သပြီးသည့်အခါ ဘုရင်အဂ္ဂါက ဤသို့ဆိုသည်။

"ငါကိုယ်တော်နဲ့အတူ သေရည်သောက်မလား အားန်ခီဒု"

အားန်ခီဒု ဘာမှမဖြေဆိုရသေးခင် စစ်ဗိုလ်မှူးတစ်ဦး အသည်းအသန်ခွင့်ပင် မတောင်းနိုင်ပဲ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာသည်။

"အရှင်မင်းကြီး! အိမ်နီးချင်းနိုင်ငံတွေက စုပေါင်း၍ မဟာမိတ်တပ်မတော်ကြီး အရပ်လေးမျက်နှာမှ ချီတက်လာကြောင်းပါ"

Kolasis Aionios (အနန္တအပြစ်ဒဏ်) Where stories live. Discover now