(Zawgyi)
အနန္တအပြစ်ဒဏ် (ဇာတ်သိမ်းပိုင်း)
°°°°°°°°°°°°°°°°"ဆီဒါတောအုပ်ရဲ့ အစောင့်သတ္တဝါကို သတ်ခဲ့သတဲ့လား အရှင်မြတ်"
"ငါဘုရင်မြတ်တို့မှာ ရွေးချယ်စရာမှ မရှိဘဲ … သူ့ဘက်က စတင်တိုက်ခိုက်တာကို ငြိမ်ခံနေရင်ဖြင့် အသတ်ခံရသူဟာ အဲ့သတ္တဝါမဟုတ်ဘဲ ငါတို့ဖြစ်သွားလိမ့်မယ်"
ဗဟားချာ သက်ပြင်းချရုံထက်ပို၍ မစွမ်းသာခဲ့ပေ။ ဤသို့တိုက်ခိုက်ခြင်းကို တစ်ခါမှ မကြားဖူးခဲ့ … သူ့အထင်သာ မလွဲလျှင် ကြားမှာ ခလောက်ဆန်သူ တစ်စုံတစ်ဦး သေချာပေါက်ရှိနေသည်။ အနှီရန်သူတော်မှာလည်း …
ထိုအခိုက် ကောင်းကင်ဥယျာဉ်တွင် သတ္တဝါတစ်ကောင်၏ မြည်ဟီးသံဆူညံနေသည်။ ဒေါသူပုန်ထကြွနေသည့် အဆိုပါသတ္တဝါက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်အတူ မြေအစုံသည်လည်း တုန်ခါသွားလေ၏။
ကောင်းကင်ဥယျာဉ်၏ အစောင့်နွားသိုးပင်ဖြစ်လေသည်။ တိတိကျကျဆိုရသော် ဆီဒါတောအုပ်ကို စောင့်ရှောက်သည့် အစောင့်သတ္တဝါနှင့် သွေးသားတော်စပ်သည့် ကောင်းကင်အစောင့်နွားသိုးပင်ဖြစ်သည်။
ယင်းနွားသိုးသည် ဒေါသကြီးစွာဖြင့် ဥရုတိုင်းဆီသို့ ဦးတည်ပြေးသွား၏။ ရည်ရွယ်ချက်ကတော့ ဂေးလ်ဂမက်ရှ်ကို သတ်ဖြတ်ရန်မှတစ်ပါး အခြားမရှိ။ အစ်ရှ်ထာ၏ လိုအင်ဆန္ဒသည် ပြီးပြည့်စုံစွာပဲ ပြည့်မြောက်ခဲ့လေသည်။
****
ဥရုတိုင်း၌ …
ကျယ်လောင်သော အော်ဟစ်သံကြီးနှင့်အတူ ဥရုတိုင်းရဲ့ မြေပြင်တစ်ခွင်သိမ့်သိမ့်တုန်လေသော် ဂေးလ်ဂမက်ရှ်ကိုယ်တိုင် ထွက်၍စူးစမ်းရတော့၏။ အနှီနွားသိုးသတ္တဝါကို မြင်လေလျှင် ဆီဒါတောအုပ်မှ အခြင်းအရာနှင့် ပတ်သတ်ကြောင်း ချက်ချင်းပင်နားလည်သဘောပေါက်လိုက်သည်။
"ငါဘုရင်မြတ် အမိန့်ပေးနေတယ်! အားလုံး ဆုတ်ကြစမ်း! ဒါ မောင်မင်းတို့လို့ နိမ့်ကျတဲ့ကောင်တွေ ရင်ဆိုင်နိုင်မယ့် တိုက်ပွဲမဟုတ်ဘူး!"
ဂေးလ်ဂမက်ရှ်ရဲ့တင်းမာပြတ်သားသော အမိန့်ကြောင့် ထိုနွားသိုးအားရင်ဆိုင်ဖို့ ပြင်ဆင်နေသော စစ်သည်အားလုံး နောက်ဆုတ်ရလေသည်။ ဂေးလ်ဂမက်ရှ်က သူ၏ လှံတစ်ချောင်းကို ဆွဲကိုင်၍ …
ESTÁS LEYENDO
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Ficción históricaငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...