(Zawgyi)
ခန်းဆောင်ထဲတွင် ဂေးလ်ဂမက်ရှ်နှင့် အားန်ခီဒုအသွင်ကိုဆောင်ယူထားသော အနှီသတ္တဝါ နှစ်ဦးသာကျန်ရစ်လေတော့သည်။
"မောင်မင်းကို ငါဘုရင်မြတ် ဘယ်လိုအသုံးအနှုန်းနဲ့ ခေါ်ဝေါ်သင့်သလဲ"
"ကျုပ်နာမည်က ကင်းဂု … ကျူပ်ရဲ့မိခင်က တီယာမက် … ခင်ဗျားကြောင့် ပျက်စီးခြင်းအရာရောက်ခဲ့ရသူပေါ့"
"ငါဘုရင်မြတ်ဖြင့် တစ်ခါမှ မကြားဖူးရသော နာမည်ပါလား"
"ခင်ဗျားရဲ့ငြင်းဆိုခြင်းကို ခံရတိုင်း အစ်ရှ်ထာဟာ သူပိုင်ဆိုင်တဲ့နယ်မြေတွေကို စိတ်လိုလက်ရဖျက်ဆီးပြီးဒေါသဖြေတယ် … ကျုပ်မိခင်ရဲ့နယ်မြေငယ်လေးလည်း ဆုံးရှုံးရတာပေါ့ … ခင်ဗျားကြောင့် မဆိုင်တဲ့သူတွေ အများကြီးပျက်ဆီးခဲ့ရပေမယ့် ခင်ဗျားသိတောင်မသိခဲ့ဘူးမလား … ခင်ဗျားက မာနတံခွန်သိပ်ထောင်လွှားလွန်းတာကိုး"
'မာနတံခွန် သိပ်ထောင်လွှားလွန်းတာကိုး'
'မာနတံခွန် သိပ်ထောင်လွှားလွန်းတာကိုး'
'မာနတံခွန် သိပ်ထောင်လွှားလွန်းတာကိုး'
ကင်းဂုရဲ့ စကားက ဂေးလ်ဂမက်ရှ်ရဲ့နားစည်တစ်ဝိုက်ကို ပဲ့တင်ရိုက်လေသည်။
"မင်းဟာ မာနသိပ်ကြီးခဲ့တာကိုး … မင်းရဲ့မာနဟာ အားန်ခီဒုရဲ့သေခြင်းတရားနဲ့ ချေချက်မှ ချိုးနှိမ်လို့ရမယ့် အရာ"
အားန်ခီဒုအား ဖန်ဆင်းခဲ့သူ နတ်ဘုရားမရဲ့ မချိတင့်ကဲရေရွတ်သံကို ဂေးလ်ဂမက်ရှ် ပြန်လည်ကြားယောင်မိသည့်အခါ နှလုံးသားက ထပ်မံနာကျင်ရပြန်သည်။
"ဒါကြောင့် မောင်မင်းက ငါ့ကို သတ်ချင်သတဲ့လား"
"မှန်တာပေါ့"
"မောင်မင်း အခုလုယူထားတဲ့ ဒီခန္ဓာကိုယ်ဟာ ငါဘုရင်မြတ် သိပ်မြတ်နိုးခဲ့ရတဲ့ အားန်ခီဒုရဲ့ ခန္ဓာကိုယ်ပါ … ငါဘုရင်မြတ်ပိုင်ဆိုင်တဲ့အရာကို အခွင့်မရှိဘဲ ငှားရမ်းသုံးပြီးပြီဆိုရင် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ် မဟုတ်လား"
"ခင်ဗျားသဘောကျတဲ့အရာတောင်းဆိုလိုက် … ကျူပ်ကတော့ အဆုံးသတ်မှာ ခင်ဗျားကိုသတ်ရရင် ကျေနပ်ပြီ"
KAMU SEDANG MEMBACA
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Fiksi Sejarahငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...