[ZAWGYI]
ဥရုတိုင်းနိုင်ငံ ဘုရင်မင်းမြတ်နှင့် ၄င်း၏မိဖုရားကြီးတို့မှ နန်းညွှန့်နန်းလျာ သားလှရတနာ ဖွားမြင်သည့်သကာလ နတ်ဘုရားအပေါင်းက ကောင်းမြတ်ခြင်းအဖုံဖုံကို ချီးမြှောက်ပေးသနားကြ၏။
နေနတ်ဘုရားက ထိုသားတော်အား လှပခြင်းတရားကို ချီးမြှောက်တော်မူ၏။
မိုးကြိုးနတ်ဘုရားက ရဲရင့်ခြင်းသတ္တိကို ချီးမြှင့်တော်မူသည်။
တခြားမြင့်မြတ်သော နတ်ဘုရားအပေါင်းတို့က သားတော်အား အလှတရားတို့ကို ပြီးပြည့်စုံစေ၍ ရဲစွမ်းသတ္တိကို ပြိုင်ဘက်မဲ့စေသည်။
နတ်ဘုရားများနှင့် အံတုနိုင်သော စွမ်းအားကို ရရှိပိုင်ဆိုင်ထားသည့် ထိုလူသားကို "ဂေးလ်ဂမက်ရှ်" ဟု အမည်ခေါ်တွင်စေ၏။
ထိုသားတော် ဂေးလ်ဂမက်ရှ်သည်ကား အနာဂတ်ဥရုတိုင်း၏ ပဉ္စမမြောက် အရှင်သခင်အလောင်းအလျာ ဖြစ်တော့သည်။
*******
ဂေးလ်ဂမက်ရှ်သည် ချောမောလှပ၏။
ဂေးလ်ဂမက်ရှ်သည် စွမ်းအားအလွန် ပြည့်လျှံသည်။
ရွှေရောင်ဆံနွယ်တို့သည် ပုခုံးသားနှင့် မထိတထိ ရှိနေတတ်၍ ၄င်း၏ နဂိုတင့်တယ်ပြီးသား ကျက်သရေအပေါ်တွင် ထပ်ဆင့်တန်ဆာဆင်ထား၏။
ဂေးလ်ဂမက်ရှ်သည် ထက်မြက်သည်။
ဂေးလ်ဂမက်ရှ်သည် မာနလည်းကြီး၏။
ပြီးပြည့်စုံလှသည် ဟူသော ဝေါဟာရသည်ပင်လျှင် ဂေးလ်ဂမက်ရှ်၏ အမည်နာမတော်၏ ခြေဖဝါးအောက်ဝယ် ညွတ်တွားဝပ်ဆင်းရ၏။
ခွန်အားနည်းသူတို့ကို ပိုမိုဖိအားပေးတတ်သူ …။ တစ်ခါတစ်ရံတော့ မြာပွေတတ်၏။
ဂေးလ်ဂမက်ရှ်၏ ထိုအကျင့်ဆိုးကြောင့် ဥရုတိုင်းသားတို့သည် သူ့အား အလွန်တရာ ကြောက်လန့်ကြသည်။ ငိုကြွေးမြည်တမ်းကြသည်။ နတ်ဘုရားတို့ကို တိုင်တည်ကြသည်။
ထိုအခါ နတ်ဘုရားမ ကြည့်မနေနိုင်တော့ပေ။ ချက်ချင်းပင်လျှင် စမ်းရေကြည်အောက်ခြေမှ ရွံ့စေးမြေကို ဆယ်ယူ၍ ဂေးလ်ဂမက်ရှ်ကို ယှဉ်ပြိုင်နိုင်မည့် သတ္တဝါတစ်မျိုးကို ဖန်တီးသည်။
BINABASA MO ANG
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Historical Fictionငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...