a/n : Originally, this is gonna be final chapter. But for some errors, I couldn't find some parts I have written. Seem like you guys are very lucky Lol. That's why I decided to split this update into two chapters -_- I have to rewrite half of them TnT
(Zawgyi)
အစ်ရှ်ထာသည် သူမရှေ့မှ ကြည့်မှန်ကိုတစိမ့်စိမ့်ငေးကြည့်ရင်း ပီတိဖြာမိ၏။ သိပ်ကိုလှပလေစွ။ ပုရိသယောက်ျားတိုင်း မော်ဖူးစေလောက်သည့် သူမ၏ ထည်ဝါသောအလှ …။
ဒီလိုတွေးမိတော့ သူမမြင်ယောင်လာသည်က ဂေးလ်ဂမက်ရှ် …။
"ဒီလိုအလှတရားမျိုးကို မခံစားတတ်လောက်အောင် ဂေးလ်ဂမက်ရှ်ဟာ သိပ်ကို ရူးမိုက်တာပါလား … ကောင်းလိုက်တာ … အခုတော့ နေ့တိုင်း ရူးသွပ်နေရရောပေါ့"
သူမ ဖြေသိမ့်သည့်အသွင် တစ်ကိုယ်တည်း စကားဆိုသော်ငြား ဤဖြစ်ရပ်သည်ကား တွေးမိလေတိုင်း အရှက်ရစေ၏။ ဘာမဟုတ်တဲ့ ရွံ့စေးသတ္တဝါကြောင့် မိမိလို နတ်ဘုရားမကို မထီလေးစားပြုဝံ့သော … ယခုထိတိုင် မိမိရှေ့မှာ ဒူးမညွတ်သော ဂေးလ်ဂမက်ရှ်ကို အင်မတန်ပင် မုန်းတီးလှချည်ရဲ့ …
ဒါပေမယ့် သူမရဲ့လက်တလောရည်ရွယ်ချက်ဟာ ငရဲလောကကို အပိုင်သိမ်းပိုက်ရန်မို့ … သူမဆောင်ရွက်ရမည့်တာဝန်မှာ ငရဲပြည်၏ ဂိတ်တံခါးခုနှစ်ခုကို ဖျက်ဆီးသိမ်းပိုက်ရန်မို့ ကျန်အရာများအား ခေတ္တပစ်ပယ်ထားလိုက်သည်။
"အစ်ရှ်ထာ …အစ်ရှ် … … ထာ … … "
"ဘယ်သူလဲ!"
"အစ်ရှ် … ထာ … "
အေးစက်သောအသံက သူမ၏ ခန်းဆောင်တခွင်လုံး ပဲ့တင့်ထပ်နေလေ၏။ ဖြတ်ခနဲ ဖြတ်ခနဲ မြင်လိုက်ရသော ထိုပုံရိပ်ကို သူမကောင်းကောင်းသိပါသည်။
"အားန်ခီဒု! နင် … !"
"ဟားဟား .. ဟားဟားဟား … "
ပုံရိပ်ဟာ ခန်းမဆောင်အတွင်း လူးလားခေ့က်ပြန်ရွေ့လျားလျက် ရယ်သံတို့က အက်ကွဲခြောက်သွေ့နေသည်။
"နင်မသေနိုင်သေးဘူးလား အားန်ခီဒု!"
"ငါ မကျေနပ်ဘူး … ငါ မတရားသေခဲ့ရတာ မကျေနပ်ဘူး … ဟားဟားဟားဟား …"
အားန်ခီဒု၏ရယ်သံမှာ တိုးဝင်သွားလိုက် … တဖန် ကျယ်တက်လာလိုက် … ချက်ချင်းဆိုသလို ငိုသံတွေကြားလာရလိုက် … အစ်ရှ်ထာကိုခြောက်ခြားစေသည်။
YOU ARE READING
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Historical Fictionငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...