This is just a mini fanfiction ^^^ Nothing related to main story.
(Zawgyi)
"အားန်ခီဒု … မောင်မင်း ခုတလော နေ့လည်နေ့ခင်းကို ဘယ်ပျောက်ပျောက်သွားတာလဲ"
"ပြောမပြရဘူးလို့ ငါ့ကို မှာထားကြတယ်"
"ဘယ်သူက မှာထားတာလဲ … ငါလို ဘုရင်မင်းမြတ်ကို မောင်မင်းက ထိန်ချန်ရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့ ဟုတ်စ!"
"အဲ့ဒီသဘောမျိုးလည်း မဆောင်ပါဘူး ဥရုတိုင်းသခင် … ငါရဲ့သူငယ်ချင်းများက ပြောတယ် … မပြီးဆုံးခင် ပြောပြရင် ပျက်စီးသွားမယ်တဲ့"
သူငယ်ချင်းဆိုသော စကားလုံးကို အားန်ခီဒုထံက ကြားလိုက်ရတဲ့အခါ ဂေးလ်ဂမက်ရှ် အမျက်ထွက်သွားသည်။ သို့ပေမယ့် စိတ်ထဲတွင် သိမ်ဆည်းဣနြေ္ဒဆည်ရင်းသာ မြိုသိပ်ထား၏။ အားန်ခီဒုဟာ မိမိကဲ့သို့ မြင့်မြတ်သော ပြည့်ရှင်ဘုရင်မင်းမြတ်ထက် တခြားသော ဇာတ်နိမ့်လူသားတွေနဲ့ သူငယ်ချင်းဖြစ်နေပြီတဲ့လား …။
နောက်ရက်အနည်းငယ်ကြာတော့ ဂေးလ်ဂမက်ရှ်ထံသို့ အားန်ခီဒု အပြေးအလွှားရောက်လာသည်။
"ဥရုတိုင်းသခင် ငါနဲ့ လိုက်ခဲ့စမ်းပါ!"
ဂေးလ်ဘက်က ဘာမှပြန်မပြောရသေးခင်မှာပဲ အားန်ခီဒုဆွဲခေါ်ရာနောက်သို့ တောက်လျှောက်ပါသွားရှာသည်။
"တွေ့လား ဥရုတိုင်းသခင် … လှပပါရဲ့လား"
မလှပပါ … ပန်းရောင်စုံနဲ့ ဖန်ဆင်းထားသော လက်လုပ်ဥယျာဉ်ခြံငယ်လေးသည် ဂေးလ်ဂမက်ရှ်၏ နန်းတော်ကခမ်းနားဝင့်ထည်လှသော ဥယျာဉ်တော်နဲ့ မည်သို့မှ မယှဉ်နိုင်ပေ။ အကျည်းတန်သည်။ သို့ပေမယ့် …
"မောင်မင်းမှာ ဒီလို ပြုလုပ်ဖန်တီးနိုင်စွမ်း ရှိသားပဲ"
အားန်ခီဒုက ပြုံးလိုက်ပြီး …
"ငါ ဒီအရာကို ဘာတန်ခိုးစွမ်းအင်မှ အသုံးမပြုဘဲ ဖန်တီးထားခြင်းပါ"
ဒီမလှပ အကျည်းတန်သော ဥယျာဉ်ကို ငေးကြည့်ရင်း ဂေးလ်ဂမက်ရှ်ပြုံးလိုက်၏။ တန်ဖိုးအနဂ္ဃထိုက်တန်သော ကျာက်သံပတ္တမြားတွေကိုသာ ခြယ်လှယ်ပိုင်စိုးဖူးသော ဂေးလ်အတွက် တစ်မျိုးတစ်ဖုံတော့ ထူးဆန်းနေသည်။ အားန်ခီဒုကို လှည့်ကြည့်လိုက်တော့ သူကိုယ်တိုင်ကလည်း ဂေးလ်ကို ကြည့်ရင်း သဘောတွေကျနေသည်။
VOCÊ ESTÁ LENDO
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Ficção Históricaငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...