9.3K 372 0
Zawgyi Version
ခင်​ဗျားဆိုတဲ့ ကင်​မ်ထယ်​​ဟျောင်းကို ကျွန်တော်စသိခဲ့တာ ဟိုးငယ်​ငယ်​တည်းက ။
တကယ်​ပါ​ ။
ကျွန်တော်လေ အချစ်​ဆိုတာ
ဘာမှန်းမသိခင်​ကတည်းက ခင်​ဗျားအနားမှာပဲ ရှိချင်​ခဲ့တာ ။
###
တစ်​​နေ့တာရဲ့ နံနက်​ခင်းတိုင်းဟာ ခင်​ဗျားနဲ့စတယ်​။
ကျောင်းသွားဖို့လာ​ခေါ်တဲ့ ခင်​ဗျားက​လေ ကျွန်တော်​ပိတ်​လို့မရတဲ့ နှိုးစက်​လိုပဲ။
မထချင်​​ပေမဲ့ ခင်​ဗျားအမိန့်​​ကြောင့်​ထရတယ်​။
ခင်​ဗျားက ကျွန်တော့်အတွက်​ ရှင်​ဘုရင်​တစ်​ပါးပဲ ။
မချစ်​နဲ့​တော့ဆိုတဲ့ အမိန့်​ကလွဲလို့ ကျန်​တာအားလုံး နာခံရမှာ ကျွန်တော့်တာဝန်​။
###
ခင်​ဗျားနဲ့အတူ လမ်း​လျှောက်​ရင်း​ ကျောင်းသွားရတာကို ကြိုက်​တယ်​။
ခင်​ဗျားလက်​ကို မသိမသာသွားထိရင်း ရင်​ခုန်​​နေရတာမျိုး သ​ဘောကျတယ်​။
ခင်​ဗျား​ပျော်​ဖို့ ဟာသ​တွေ​ပြော​နေရတာ နှစ်​သက်​တယ်​။
ခင်​ဗျားက ကျွန်တော့်​ချစ်​သူ ဖြစ်​မလာဘူးဆိုရင်​တောင်​ တစ်​သက်​လုံး ဒီအတိုင်း​လေး ရှိ​နေသွားချင်​မိတာ ကျွန်တော်မလွန်​ဘူးမလား??
###
ကန်​တင်းမှာ ခင်​ဗျားအတွက်​ မုန့်​မှာ​ပေးတယ်​။ ​ရေဘူးအဖုံးဖွင့်​​ပြီး ခင်​ဗျား​ရှေ့ချ​ပေးလိုက်​တယ်​။ 
ဘေးဝိုင်းက ​ကောင်​မ​လေး​တွေ​ ​ခေါင်း​တွေပူးသွားတာ​ တွေ့လိုက်​တယ်​။
ထင်​ချင်​သလို ထင်​ပါ​စေ။
ဒါ​တွေက ခင်​ဗျားအတွက်​ ငယ်ငယ်ကတည်းက ​​​ကျွန်တော်လုပ်​​ပေး​နေကြ​အရာ​တွေပဲ​။
"ရတယ်​ .. အပို​တွေ လုပ်​​မနေနဲ့"
အေးစက်​စက်​​ပြောလာတဲ့ ခင်​ဗျား​ကို ကျွန်တော်အံ့သြတယ်​။
အပို​တွေ မလုပ်​ပါနဲ့တဲ့လား..
အပိုမဟုတ်​ပဲ လိုအပ်​ချက်​ဖြစ်​​နေတဲ့အ​ကြောင်း ဘယ်​လိုရှင်းပြရမလဲ ခင်​ဗျားရယ်​ ။
SMERALDO [Kim Taehyung x Jeon Jungkook]Where stories live. Discover now