Zawgyi Version
အိမ်ပြန်ရောက်ပြီး ဘာမှလုပ်ချင်စိတ်မရှိတာနဲ့ မိုးရေစိုကြီးနဲ့ ခုတင်ပေါ်ပစ်လှဲလိုက်တယ် ။
ကိုယ်အပူက ရင်ထဲက အပူလောက် ရှိမှာမဟုတ်တာ သေချာတာမို့ ဖျားချင်လည်း ဖျားပါစေ စိတ်မပူမိ ။
လက်ဖျံထက်က နာရီကို ကြည့်လိုက်တော့ ၈နာရီဟု ပြနေသည် ။
" အာ .. အမရှင်းရာ ခေါ်ထားတာ မေ့နေတာပဲ "
တကယ်ဆို အမရှင်းရာမှာ သူငယ်ချင်းတွေများတော့ ကျွန်တော်သွားစရာပင် မလိုလောက်ပါ ။
တရင်းတနှီးဖိတ်ထားခြင်းမို့ မသွားပြန်ရင်လည်း အားနာစရာ ဖြစ်ဦးမည် ။
၉နာရီမှာစတင်မဲ့ မွေးနေ့ပွဲမို့ ၉နာရီမှရောက်သွားလည်း ကိစ္စမရှိထင်သည် ။
ခေါင်းမူးဝေလာခြင်းကြောင့် ဘာမှမတွေးတော့ပဲ နားထင်ကို လက်နှစ်ဖက်နဲ့ ဖိကိုင်လိုက်ပြီး မျက်လုံးတွေကို အနားယူစေလိုက်သည် ။
###
ပြန်နိုးလာတာနဲ့ ချက်ချင်း ရေချိုးပြီး အဝတ်တွေ လဲလိုက်တယ် ။
ရေစိုဝတ်တွေအကုန် အဝတ်တောင်းထဲ ပစ်ထည့်လိုက်ပြီး မှန်တစ်ချက်ကြည့်မိတော့မှ ခင်ဗျားကို ချစ်မိခြင်းက ဆေးမမှီတာ ပိုသေချာသွားတယ် ။
ကျွန်တော့်နှလုံးသားထဲသာမက မျက်လုံးတွေထဲမှာပါ ခင်ဗျားရှိနေတယ်။
ကောင်းကင်ပြာပြာကိုကြည့်လည်း ခင်ဗျားကိုပဲမြင်တယ်။
မှန်ကြည့်ရင်တောင် ကျွန်တော့် နံဘေးမှာ ပြုံးနေတဲ့ ခင်ဗျားပုံရိပ်ကိုမြင်တယ် ။
ကုရာဆေးမရှိ ရောဂါဆိုတာ ခင်ဗျားပါပဲ ။
သက်ပြင်းဖွဖွချလို့ မှန်ရှေ့က လှည့်ထွက်ပြီး အပြင်ကို ထွက်ခဲ့တယ် ။
နာကျင်နေတဲ့ နှလုံးသားကို မသိကျိုးကျွန်ပြုရင်း ..
ခင်ဗျားအကြောင်းပဲ တွေးနေတဲ့ စိတ်ကို မသိယောင်ဆောင်ရင်း ဒီလိုနဲ့ပဲ နေတတ်အောင် နေရတာပဲ ။###
၁နာရီတောင် နောက်ကျသွားခြင်းကို တောင်းပန်ရန် စကားလုံးစီပြီး အခန်းထဲ ဝင်လိုက်တော့ လက်လှမ်းပြတဲ့ အမရှင်းရာကြောင့် သူမရှိရာ စားပွဲသို့ လှမ်းခဲ့တယ် ။
YOU ARE READING
SMERALDO [Kim Taehyung x Jeon Jungkook]
Fantasyပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. ပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. Kim TaeHyung x Jeon JungKook ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု Boy...