နောက်ဘဝမှာလည်း [နောက်ဘဝမှာလည်း]

1.9K 195 6
                                    

Zawgyi Version

ညစာစားပြဲ ..

ခေါင်းစဉ်က ပုံမှန်ပါပဲ .. ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာမှာကိုတော့ တွေးပြီး ရင်လေးမိပါတယ် ။

ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ ထယ်ရေ ..

ခင်ဗျားချစ်တဲ့သူနဲ့ ဝေးအောင် လုပ်မဲ့ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ ..

ကျွန်တော့်ကို ပိုပြီးတော့ပဲ မုန်းလိုက်စမ်းပါ .. ခင်ဗျားမချစ်လည်း မုန်းတယ်ဆိုတဲ့ ကြိယာတစ်ရပ်နဲ့ ခင်ဗျားရင်ဘတ်ထဲမှာ နေရာယူချင်သေးလို့ပါ

ဝတ်စုံပြည့်ဝတ်ပြီး မျက်နှာနဲ့ ဆံပင်ကိုပါ သပ်သပ်ရပ်ရပ်ပြင်လိုက်တယ် ။

တကယ်ဆို ဒီလောက်ချောတဲ့ ကျွန်တော့်ကို ခင်ဗျားနည်းနည်းလေးတော့ ပြန်ကြိုက်သင့်ပါတယ် ..

ရုပ်ချောနေလည်း ခင်ဗျားမှ ကျွန်တော့်ကို မချစ်တာ ။ အသုံးမဝင်ပါဘူး ..

နာရီကိုကြည့်မိတော့ အချိန်နီးကပ်နေတာမို့ မြန်မြန်ပဲ ထွက်ခဲ့တယ် ။

ဝိုးတဝါး ပုံရိပ်တစ်ချို့က အာရုံမှာ လာပေါ်သေးတယ် ။

ကောင်လေးတစ်ယောက်ကို အတင်းလက်မှာ နာရီပတ်ပေးနေတဲ့ မှုန်ကုပ်ကုပ်နဲ့ ကောင်လေး ..

မထင်မှတ်ပဲ ပြုံးမိသွားပေမဲ့ မျက်ရည်က အလိုလိုဝဲတယ် ။

စိတ်ဓာတ်မာကျောတဲ့ ကျွန်တော့်မှာလည်း ခင်ဗျားအတွက်နဲ့မှ မျက်ရည် ခဏခဏကျရတယ် ။

ခင်ဗျားပေးခဲ့တဲ့ နာရီလေးကြောင့် လိုရာဆွဲတွေးလို့ ရမယ်ဆိုရင် တကယ်က ခင်ဗျားကျွန်တော်နဲ့ အချိန်တိုင်းရှိနေခဲ့တာပဲမလား ?

အိပ်မက်တစ်ခုကိုပြောပြပါဆိုရင် ခင်ဗျားနဲ့အတူ smeraldoပန်းခင်းထဲ ပြေးလွှားနေချင်တာပါပဲ ။

ခင်ဗျားသိလား .. ခင်ဗျားက smeraldoပန်းလေးနဲ့တူတယ် ။

ခင်ဗျား မပြောခဲ့တဲ့ အမှန်တရားတွေထဲ ကျွန်တော့်အကြောင်းရော ပါနေခဲ့တယ်မလား ?

အချစ်? အမုန်း? ဘာပဲဖြစ်ဖြစ် ကျေနပ်တာမို့ ခင်ဗျားရင်ထဲ တစ်နေရာစာ ရှိခဲ့မယ်ဆိုရင်ကို ကျွန်တော့်အတွက် လုံလောက်နေပါပြီ ။

SMERALDO [Kim Taehyung x Jeon Jungkook]Where stories live. Discover now