ဆုတောင်းမယ် [ဆုတောင်းမယ်]

2.1K 219 0
                                    

Zawgyi Version

ကျွန်တော့်​ အိမ်​ထဲဝင်​လိုက်​ပြီး အခန်းထဲက အိပ်​ရာ​ပေါ် ပစ်​လှဲလိုက်​တယ်​။

နဖူး​ပေါ် လက်​တင်​ပြီး ခင်​ဗျားအ​ကြောင်း စဉ်းစားတယ်​။

အမြဲလိုလို တွန့်​ကွေးနေတတ်​တဲ့ မျက်​ခုံး​လေး​တွေ​ကို မြတ်နိုး​ရတဲ့အ​ကြောင်း ။

တစ်​ခါတစ်​​လေ​ ​ပေးသနားတတ်​တဲ့​ ​လေး​ထောင့်​ဆန်​ဆန်​ အပြုံး​တွေကို သိပ်ချစ်​​ရတဲ့အ​ကြောင်း ခင်​ဗျားနဲ့ ချစ်​သူဖြစ်​တဲ့တစ်​​နေ့ ​ပြောပြရဦးမယ်​။

တစ်​​နေ့​ပေါ့ ..

တစ်​​နေ့ဆိုတဲ့ အ​တွေးဟာ စိတ္တဇ​ ဆန်​ပါတယ်​။

တုံ့ပြန်​ခြင်းမရှိတဲ့ ခင်ဗျား​အချစ်​ကိုမှ ​တောင့်​တမိ​လေ​တော့လည်း ခံစားရတာပဲ။

ခင်​ဗျားကို ချစ်​မိလို့ နာကျင်​ရပါတယ်​။ မချစ်​​တော့ဖို့ ဆုံးဖြတ်​တဲ့အခါ ပိုနာကျင်ရ​တယ်​။

ကျွန်တော့်အတွက်​ ဘယ်​​တော့မှ ဖြစ်​မလာနိုင်​တဲ့ ခင်​ဗျားကိုမှ ဘာလို့ချစ်​ခဲ့မိတာလဲ ?

မ​တွေ့ရတဲ့ အချိန်​တိုင်း လွမ်းပါတယ်​။
အခုချိန်​ဆို ခင်​ဗျား​ဘာလုပ်​​နေမလဲ သိချင်စိတ်နဲ့ ကျွန်တော့်အိမ်​​ဘေးက ခင်​ဗျားအိမ်​ကို လာခဲ့တယ်​။

ခြံ​ထဲက မြက်​စိမ်းစိမ်း​လေး​တွေ​ပေါ်မှာ ထိုင်​ပြီး စာကျက်​​နေတဲ့ ခင်​ဗျားကို​တွေ့လိုက်​​တော့ နှလုံးသားက
သတိ​ပေးတယ်​။

ဟိုမှာ မင်းချစ်​ရသူတဲ့။

ဆိုဒ်​ကြီးကြီး အင်္ကျီအပွကို​ ​ဘောင်းဘီတို​လေးနဲ့ တွဲဖက်​၀တ်​ထားပုံ​လေးက ချစ်​စရာ​ကောင်းလွန်း​နေတယ်​။

ခင်​ဗျားဟာ Angel​တစ်ပါး ​ဆိုတာထက်​ကို ပိုပါတယ်​။

ခင်​ဗျားအနားကို သွားရပ်​လိုက်​​​တော့ ဘယ်​သူလဲဆိုတဲ့ သ​ဘောနဲ့ ခင်​ဗျားက ​မော့ကြည့်​တယ်​။ 

မျက်​နှာ​ပေါ်​ရောက်​​နေတဲ့​ ​နေ​ရောင်​ကို လက်​ချောင်း​သွယ်​သွယ်​​လေး​တွေနဲ့ ကာရင်း​ပေါ့။

SMERALDO [Kim Taehyung x Jeon Jungkook]Where stories live. Discover now