လာခဲ့သော်လည်း [လာခဲ့သော်လည်း]

1.7K 202 0
                                    

Zawgyi Version

လွယ်အိတ်မပါပဲ အခန်းထဲ ဘောက်ဆတ်ဆတ် ဝင်သွားတဲ့ ခင်ဗျားကိုကြည့်ပြီး ရယ်မိသေးတယ် ။

ကျနော့်ရဲ့ ခင်ဗျားဟာ တစ်ခါတစ်လေ ဒီလိုလည်း ချစ်ဖို့ကောင်းပါသတဲ့လေ ။

ပါးစပ်ကို ဆွဲစိလို့ ခင်ဗျားအခန်းထဲ ဝင်ခဲ့တယ် ။ မလာသေးတဲ့ ဆရာကိုလည်း ကျေးဇူးတင်လိုက်မိသေးရဲ့ ။

မွေးနေ့မှ နေကြာစိကျွေးပါ့မယ် ဆရာရေ ..။

ခွိ ခွိ! ကိုယ့်အတွေးကိုယ် ပြန်ရယ်မိသေးတယ် ။

"ပျော်နေတာပေါ့လေ "

"ဒါပေါ့ .. ဟာ မဟုတ်ဘူး ။ ဒီမှာ ခင်ဗျားအိတ်မေ့ခဲ့လို့ လိုက်ပေးတာ "

လက်ထဲကအိတ်ကို ခင်ဗျားကို ပေးလိုက်တယ် ။

"ကြာလိုက်တာ "

"ဟင် .. ဘာကို ?"

"ဘာမှမဟုတ်ဘူး ။ ပြန်တော့"

"ဟုတ် .. ဒါနဲ့ စိတ်ဆိုး နေတာလား"

"နိုး .."

ထပ်ပြီး ဘာမှအတွန့်တက် မနေတော့ပဲ စကားနားထောင်လို့ ပြန်ခဲ့ပါတယ် ။

စိတ်မဆိုးဘူးဆိုတာနဲ့တင် လုံလောက်ပါပြီ ။

ခင်ဗျားတစ်ခါ စိတ်ဆိုးတိုင်း ကျနော့်ကမ္ဘာပြိုတာမို့ ..။

###

ဒီနေ့မှပဲ ဆရာမကလည်း နောက်ကျနေလေရဲ့ ။ သူမအတန်းဝင်လာချိန်က ဆင်းဖို့ နာရီဝက်ခန့်အလိုမှာ ။

ကျွန်တော်တောင် ဂျွန်းရဲ့ ထယ်ထယ်ဆိုတဲ့ ဇာတ်လမ်းတိုလေး ရေးနေတာ ပြီးတော့မဲ့ အချိန်မှပဲ ရောက်လာတာ ။

"ဂျွန်းဂျောင်ဂု!!"

ထယ်ထယ်နဲ့ အတွေးထဲပျော်နေတာကို ဖျက်ဆီးလိုက်ပါသော ဆရာမအသံ ..

" Nae ! "

"နောက်ဆုံးတန်းမှာ ထိုင်နေပြီး အဲ့ဖြီးနေတဲ့အခွက်ကို ပြင်စမ်း "

"ဟုတ် .."

ချက်ချင်း မုန်လာဥ လုစားခံလိုက်ရတဲ့ ယုန်သူငယ်ရုပ်လေး ဖမ်းလိုက်ရတယ် ။ ဒီဆရာမက အရပ်ပုသလို စိတ်ကလည်း တိုတိုလေး ။

SMERALDO [Kim Taehyung x Jeon Jungkook]Where stories live. Discover now