Zawgyi Version
အပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ ခင်ဗျားမျက်နှာလေးကို ငေးကြည့်နေရင်း ဘာလို့ဒီလောက်မူးလာရလဲ ဆိုတဲ့အကြောင်း အဖြေရှာနေမိတယ် ။
အဖြေကို သိပြန်တော့လည်း နှလုံးသားက နူးညံ့စွာ အက်ကွဲရပြန်တယ် ။
ခင်ဗျားကို စိတ်ရှုပ်စေတဲ့ အရာတွေအားလုံး ဖယ်ပေးချင်ပေမဲ့ အဲ့ဒီအရာက ကျွန်တော်ကိုယ်တိုင်ဖြစ်နေတဲ့အခါ ဘာဆက်လုပ်ရမှာတဲ့လဲ ?
ဒီလိုမျိုး ခင်ဗျားအနားမှာ တွယ်ကပ်နေရခြင်းက ခင်ဗျားကို စိတ်ရှုပ်စေမှန်းသိပေမဲ့ ကျွန်တော်အဲ့ဒါကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတယ် ။
ခင်ဗျားကိုချစ်ခြင်းဆိုတာ ဘာလို့ ခင်ဗျားကိုစိတ်ရှုပ်စေခြင်းနဲ့ တိုက်ရိုက်အချိုးကျနေရပါသလဲ ?
ကြည်ကြည်နူးနူးလေး ခင်ဗျားကို ချစ်ပေးပေမဲ့ ကျွန်တော့်အချစ်တွေက ပူလောင်နေတယ်မလား ?
ကမ္ဘာမီးလောင်တဲ့အခါ ဘယ်သွားရမယ်မသိတဲ့ ဦးတည်ချက်မဲ့သူလိုမျိုး ခင်ဗျားပြန်မချစ်တဲ့အခါ ဘာလုပ်ရမယ်မသိတဲ့ မျှော်လင့်ချက်မဲ့လူသား ကျွန်တော် ..
ခင်ဗျားရဲ့ အချစ်နဲ့ မထိုက်တန် ဆိုတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာခြင်းကိုပဲ အပြစ်ပုံချရင်း အတွေးတစ်ချို့က ခေါင်းမှာဖြတ်ပြေးတယ် ။
ပြသနာအရင်းခံဖြစ်တဲ့ ကျွန်တော်သာ ပျောက်ကွယ်သွားမယ်ဆိုရင် ဒီလိုမျိုး ခင်ဗျား ထပ်ပြီး စိတ်ရှုပ်စရာ မရှိလောက်ဘူး ထင်ပါတယ်လေ ..။
##
လွန့်လူးလာတဲ့ ကိုယ်လုံးလေးကြောင့် ချက်ချင်းပဲ အခန်းအပြင်ထွက်လိုက်တယ် ။
အိပ်ရာနိုးတာနဲ့ ကျွန်တော့်ကိုမြင်လိုက်ရင် ကြည်နေတဲ့ခင်ဗျားရဲ့ စိတ်ကလေး နောက်သွားမှာ စိုးပါတယ် ။
ရင်ထဲက အပူကိုငြိမ်းဖို့ ရေခဲသေတ္တာကို ဖွင့်လိုက်ပေမဲ့ ရေဘူးဆီ မရောက်ပဲ အောက်ထပ်က ပဲပင်ပေါက်ထုပ်ကိုပဲ လက်လှမ်းမိတဲ့အခါ အလိုလို ပြုံးမိသွားသေးတာ ။
ခင်ဗျားအတွက်ပဲ စဉ်းစားတတ်တဲ့ ဦးနှောက်ကလည်း အကျင့်ပါနေပြီနဲ့ တူပါတယ် ။
YOU ARE READING
SMERALDO [Kim Taehyung x Jeon Jungkook]
Fantasyပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. ပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. Kim TaeHyung x Jeon JungKook ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု Boy...