ခင္ဗ်ားရွိရာ [ခင်ဗျားရှိရာ]

1.8K 200 2
                                    

Zawgyi Version

"ဂျွန်းဂျောင်ဂု!! "

မိုးလင်း ကြားလိုက်ရတဲ့ ခင်ဗျားအသံက ကျွန်တော့်နံနက်ခင်းကို ပြည့်စုံသွားစေတယ် ။

ကျောင်းသွားဖို့ လာနှိုးတဲ့ အသံမျိုးမုန်းပေမဲ့ ခေါ်သူက ခင်ဗျားဖြစ်နေတော့လည်း သဘောကျမိတာပဲ ။

ခင်ဗျားကြောင့်ပဲ အရင်က မုန်းတဲ့အရာတွေကိုတောင် နှစ်သက်လာခဲ့တာ  ။

ကင်မ်ထယ်ဟျောင်း ခင်ဗျား!
တကယ်ပဲ လွှမ်းမိုးနိုင်လွန်းတယ် ။

ဒါနဲ့လေ ..
ကျွန်တော့်ကို စိတ်မဆိုးတော့ဘူး ထင်ပါရဲ့နော် ။
အရင်လို ကျောင်းသွားဖို့ လာခေါ်ပြီဆိုတော့လေ ။

အိပ်ရာကနေ ချက်ချင်းထပြီး အဝတ်စားအမြန်လဲလိုက်ရတယ် ။ ဒါတောင် စိတ်ထဲ ခင်ဗျားအကြောင်း တွေးနေတုန်း ။

အဝတ်လဲပြီးတာနဲ့ Timberlandဖိနပ်စီးပြီး လွယ်အိတ်ကောက်ဆွဲလို့ အောက်ထပ်မှာ စောင့်နေတဲ့ ခင်ဗျားရှေ့ အပြေးလာခဲ့တယ် ။

လှေကားထစ်ကို ကျော်ဆင်းမိတော့ ခြေထောက်ခေါက်ပြီး ယိုင်သွားသေးတယ် ။ ဘေးလက်တန်းကို အချိန်မှီ လှမ်းကိုင်လိုက်လို့သာ မလဲတာ ။

ကျွန်တော့်ရဲ့ မပီမသအော်သံကြောင့် ဆိုဖာပေါ်ထိုင်နေတဲ့ ခင်ဗျားက လှမ်းမော့ကြည့်လေရဲ့ ။

သွားလေးတွေ ပေါ်အောင်သာ ပြုံးပြမိတယ် ။
ရှပ်ပြာ ကျွန်တော့်ကို ထပ်ပြီး စိတ်မဆိုးစေချင်ဘူး ။

###

"နာရီပတ်ထားပါလား "

ကျွန်တော့်ကိုဆို အပိုမရှိ တိုတိုပဲ ပြောတတ်တဲ့ ခင်ဗျားစကားက ဘာကိုဆိုလိုသလဲဆိုတာ အတော်စဉ်းစားလိုက်ရတယ် ။

"တောင်းပန်ပါတယ် .. ကျွန်တော် အဝတ်လဲတာ ကြာသွားတယ်"

မျက်နှာငယ်စွာနဲ့ပဲ ခင်ဗျားကို တောင်းပန်မိတယ် ။
တကယ်ပါ ။ ခင်ဗျားစိတ်ဆိုးမှာကို မလိုလားဘူး ။

ဘာမှပြန်မပြောပဲ ကျွန်တော့်ဘယ်လက်ကို ဆွဲယူပြီး နာရီပတ်ပေးနေတဲ့ ခင်ဗျားကို တအံ့တသြ ငေးမိပါရဲ့ ။

SMERALDO [Kim Taehyung x Jeon Jungkook]Onde histórias criam vida. Descubra agora