Zawgyi Version
အတန်းတက်တဲ့ထိ ကျွန်တော့်နှုတ်ခမ်းက အပြုံးတွေ မပျောက်သေးဘူး ။
ခင်ဗျားရဲ့ ဂရုစိုက်မှု အသေးအဖွဲလေးကအစ ကျွန်တော့်အတွက် တန်ဖိုးကြီးလွန်းတယ် ။
ဒိုင်ယာရီစာအုပ်ကို ထုတ်လိုက်တယ် ။
ခင်ဗျားနာမည်လေးကို ခေါင်းစဉ်တပ်တယ် ။ အချစ်ရဆုံးဆိုတဲ့ နာမ၀ိသေသနလေးရဲ့ နောက်မှာပေါ့ ။
ဒီနေ့ရက်စွဲလေး ရေးလိုက်တယ် ။
ခင်ဗျား အရမ်းချစ်ဖို့ကောင်းတဲ့ အကြောင်း ချရေးတယ် ။ ထမင်းခွံ့ကျွေးတာလေးက မပါမဖြစ် ။မနေ့က ရေးထားတဲ့ စာသားတွေကတော့ ကျွန်တော့်ကို လှောင်နေတယ် ။ သူတို့က ခင်ဗျားက ဘယ်လောက် မုန်းဖို့ကောင်းတဲ့ အကြောင်းတွေမို့။
တစ်ခါတစ်လေကျတော့လည်း အချစ်ရဆုံးသူက အမုန်းရဆုံး ဖြစ်သွားလိုက်နဲ့ရယ် ။ အဲ့ဒါက အရမ်းချစ်လို့ ဖြစ်ရတာဆိုတာ ကြုံဖူးသူတွေပဲသိမယ် ။
ဆရာမ ၀င်လာတာမို့ စာအုပ်ကို ပိတ်လိုက်တယ်။
မဆီမဆိုင် ခင်ဗျားစာမေးပွဲကျပါစေလို့ ဆုတောင်းတယ် ။ ခင်ဗျားကျောင်းပြီးရင် ကျွန်တော့်ရဲ့ အဝေးကို ထွက်သွားမှာ မလိုလားဘူး ။ ခင်ဗျားနဲ့ ဘွဲ့အတူ ယူချင်တယ် ။
"စိတ်ကဘယ်ရောက်နေတာလဲ ဂျွန်းဂျောင်ဂုရှိ "
ဆရာမအမေးကြောင့် ကျွန်တော်ပြုံးမိတယ် ။ ခင်ဗျားဆီ ရောက်နေတာလို့ ပြောလိုက်ချင်တယ်။ အချစ်က ခင်ဗျားအနားကလွဲ ဘယ်နေရာမှာမှ မရှိပဲ ..။
###
အရင်လိုပါပဲ ကျွန်တော့်အတန်းဆင်းတိုင်း ခင်ဗျားကို လာစောင့်တယ် ။
ကိုယ်မုန်းတဲ့ အလုပ်တစ်ခုကို ဘယ်သူမှလည်းမခိုင်းပါပဲ လုပ်နေမိတာ ခင်ဗျားကို ရူးလို့လေ။
စောင့်ဆိုင်းရချိန်တွေက ခါးသီးပါတယ် ။
ခင်ဗျားကို စောင့်နေရတာဆိုတော့ ပိုကြာတယ် ။
YOU ARE READING
SMERALDO [Kim Taehyung x Jeon Jungkook]
Fantasyပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. ပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. Kim TaeHyung x Jeon JungKook ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု Boy...