တစ်ဖန် ချစ်မိပြန်ပြီ [တစ်ဖန် ချစ်မိပြန်ပြီ ]

1.7K 206 0
                                    

Zawgyi Version

ကျသွားတဲ့ ဖုန်းလေးကိုငေးရင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြန်တယ် ။

ခင်ဗျားကို ဆက်ချစ်နေဦးမယ် လို့ ။

ကျွန်တော့်အပေါ် ဘယ်လောက်ပဲ ရက်စက်ပါစေ ခွင့်လွှတ်ပေးမြဲ ဖြစ်တဲ့ နှလုံးသားကလည်း ကျင့်သားရနေပြီလေ ။

တကယ်တော့ ဒီကိစ္စက ဘာမှလည်းမဟုတ်ပါဘူး ..

မုန်းတယ်ဆိုတာ ဘာအရေးလဲ ?

ခင်ဗျားကလည်း မုန်းချင်သလောက်မုန်း
ကျွန်တော်ကလည်း ချစ်ချင်သလောက် ချစ်ခွင့်ရှိနေတာပဲ ။

တစ်ခါတစ်လေကျ ခင်ဗျားကို ချစ်ရတာ ပင်ပန်းလွန်းလို့ လက်လွှတ်ချင်ပေမဲ့ ကျွန်တော့်ကမ္ဘာမှာ ခင်ဗျားသာ မရှိတော့ရင်ဆိုတဲ့ အတွေးက ပိုဆိုးပါတယ် ။

ချစ်ရဦးမလား မချစ်ရတော့ဘူးလား အကြိမ်ကြိမ်တွေးမိတဲ့အခါ
မချစ်သင့်တော့ဘူး အဖြေထွက်တိုင်း တစ်ဖန်ပေါ်လာတဲ့ အချစ်သစ်နဲ့ ဒီလိုမျိုး ကျွန်တော်က ခင်ဗျားကို ချစ်မိပြန်ပါသတဲ့လေ။

တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေတဲ့ ကျွန်တော့်အဖြစ်ကို ခင်ဗျားသိခဲ့မယ်ဆိုရင် ရယ်နေမှာလား ။

ကိုယ့်ကို ဒဏ်ရာချည်း ပေးတဲ့သူကို မလွှတ်တမ်း ဖက်တွယ်ထားရတဲ့ လှပတဲ့ ဝဋ်ကြွေးတစ်ခုအကြောင်း ခင်ဗျားသိအောင် ပြောပြဖူးချင်ပါတယ် ..။

###

ထပ်မံပြီး ထွက်လာပြန်တဲ့ ဖုန်းသံတိုးတိုး ..

ခင်ဗျားနံပါတ်ပဲဖြစ်နေတာမို့ ချက်ချင်းကိုင်ပြီး ပြောမိတယ် ။

"ကျွန်တော်စိတ်မဆိုးတာမို့ မုန်းတယ်ပြောလည်းရပါတယ် ထယ် .."

" .... "

"ကျွန်တော်ပုံစံကိုမုန်းတယ် .. ကျွန်တော့်နေပုံကိုမုန်းတယ် .. ကျွန်တော်ဝတ်တဲ့ပုံလည်း မုန်းသေးတယ် .. နောက်ပြီး ဘာတွေမုန်းသေးလဲ ထယ်! ပြောပါ ပြင်ပေးမယ်လေ "

"အာ! ဘယ်သူလဲတော့ မသိဘူးခင်ဗျ .. ကင်မ်ထယ်ဟျောင်းဆိုတဲ့ ကောင်လေး အရက်မူးပြီး မှောက်နေလို့ လာခေါ်ပေးစေချင်ပါတယ် ။ နံဘေးဝိုင်းက ကောင်ကလည်း ကျွန်တော်တို့မတားရင် ထယ်ဟျောင်းကို တစ်ခုခုလုပ်ချင်နေပုံမို့ အမြန်လာခေါ်ပေးပါ ။ ကျွန်တော်တို့ဆိုင် ပြသနာမတက်ချင်ပါဘူး ။ သူ့ဖုန်းက လတ်တလော ခေါ်ထားတဲ့ နံပါတ်ကို ဆက်လိုက်တာပါ ။ အမှတ်၃ လမ်းက 24/7ဆိုတဲ့ ဆိုင်မှာပါ "

SMERALDO [Kim Taehyung x Jeon Jungkook]Dove le storie prendono vita. Scoprilo ora