Zawgyi Version
ခင်ဗျားဆိုတဲ့ ကင်မ်ထယ်ဟျောင်းကို ကျွန်တော်စသိခဲ့တာ ဟိုးငယ်ငယ်တည်းက ။
တကယ်ပါ ။
ကျွန်တော်လေ အချစ်ဆိုတာ
ဘာမှန်းမသိခင်ကတည်းက ခင်ဗျားအနားမှာပဲ ရှိချင်ခဲ့တာ ။###
တစ်နေ့တာရဲ့ နံနက်ခင်းတိုင်းဟာ ခင်ဗျားနဲ့စတယ်။
ကျောင်းသွားဖို့လာခေါ်တဲ့ ခင်ဗျားကလေ ကျွန်တော်ပိတ်လို့မရတဲ့ နှိုးစက်လိုပဲ။
မထချင်ပေမဲ့ ခင်ဗျားအမိန့်ကြောင့်ထရတယ်။
ခင်ဗျားက ကျွန်တော့်အတွက် ရှင်ဘုရင်တစ်ပါးပဲ ။
မချစ်နဲ့တော့ဆိုတဲ့ အမိန့်ကလွဲလို့ ကျန်တာအားလုံး နာခံရမှာ ကျွန်တော့်တာဝန်။
###
ခင်ဗျားနဲ့အတူ လမ်းလျှောက်ရင်း ကျောင်းသွားရတာကို ကြိုက်တယ်။
ခင်ဗျားလက်ကို မသိမသာသွားထိရင်း ရင်ခုန်နေရတာမျိုး သဘောကျတယ်။
ခင်ဗျားပျော်ဖို့ ဟာသတွေပြောနေရတာ နှစ်သက်တယ်။
ခင်ဗျားက ကျွန်တော့်ချစ်သူ ဖြစ်မလာဘူးဆိုရင်တောင် တစ်သက်လုံး ဒီအတိုင်းလေး ရှိနေသွားချင်မိတာ ကျွန်တော်မလွန်ဘူးမလား??
###
ကန်တင်းမှာ ခင်ဗျားအတွက် မုန့်မှာပေးတယ်။ ရေဘူးအဖုံးဖွင့်ပြီး ခင်ဗျားရှေ့ချပေးလိုက်တယ်။
ဘေးဝိုင်းက ကောင်မလေးတွေ ခေါင်းတွေပူးသွားတာ တွေ့လိုက်တယ်။
ထင်ချင်သလို ထင်ပါစေ။
ဒါတွေက ခင်ဗျားအတွက် ငယ်ငယ်ကတည်းက ကျွန်တော်လုပ်ပေးနေကြအရာတွေပဲ။"ရတယ် .. အပိုတွေ လုပ်မနေနဲ့"
အေးစက်စက်ပြောလာတဲ့ ခင်ဗျားကို ကျွန်တော်အံ့သြတယ်။
အပိုတွေ မလုပ်ပါနဲ့တဲ့လား..
အပိုမဟုတ်ပဲ လိုအပ်ချက်ဖြစ်နေတဲ့အကြောင်း ဘယ်လိုရှင်းပြရမလဲ ခင်ဗျားရယ် ။
BINABASA MO ANG
SMERALDO [Kim Taehyung x Jeon Jungkook]
Fantasyပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. ပြောပြခွင့် မရှိခဲ့တဲ့ အချစ်တွေဟာလည်း ခမ်းနားပါကြောင်း .. Kim TaeHyung x Jeon JungKook ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု ကင်မ်ထယ်ဟျောင်း x ဂျွန်းဂျောင်ဂု Boy...