Yifan အိမ်ပြန်ရောက်ရောက်ခြင်း ဆီးကြိုနေတဲ့ စိတ်မောစရာအကြောင်းကတော့ Tao နေမကောင်းလို့ ဆရာဝန်ခေါ်ထားရသည်ဟူသော စကားပင်ဖြစ်သည်။ ကျန်းမာရေးသိပ်မကောင်းရှာတဲ့ ချစ်ရသူကို စိတ်မချသည်ကြောင့် seoul မှာ grace အသားကျသည်အထိတောင် သူ့မှာမနေနိုင် ။သမီးကိုစိတ်ပူသော်လည်း ချစ်ရသူကိုစိုးရိမ်သည့်စိတ်ကပိုများရသည်..။ ဤသည်မှာ Grace က ကိုယ့်သွေးသားအရင်း မဟုတ်သောကြောင့်ဟူ၍ အပြစ်တင်ရင်လည်း သူခံရပေမည်...။ Grace ကိုသူမချစ်ဘူးမဟုတ် ချစ်ပါသည်... တတ်နိုင်သမျှ ဘဝတလျှောက်လုံး အပူအပင်မရှိ ပြည့်ပြည့်စုံစုံနေနိုင်အောင် စောင့်ရှောက်ပေးခဲ့သည် ချစ်ပေးခဲ့သည် Grace က Tao ပြီးရင် သူအချစ်ရဆုံး...။ ဒါပေမယ့် ချစ်ရသူနဲ့ သူ့ရဲ့ သွေးသားတို့မှဖြစ်တည်လာခဲ့တဲ့ သူတို့ရဲ့သားလေး အသက်ရှင်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုမသိရခင်ကအထိပေါ့ ...။
သူအခန်းတံခါးကို ဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ဆေးသွင်းထားလျက် လှဲလျောင်းနေသော သူ၏ချစ်ရသူ...။ ဒီနှစ်ပိုင်းအတွင်း သိပ်ကိုချူချာလာသည့်ကလေး ..။
လေးဖက်နာရောဂါကြောင့် အအေးလည်းမခံနိုင် နဲနဲလောက်ဖြစ်ဖြစ် အစားမှားရင်တောင် ကိုယ်လက်တွေကိုက်ခဲပြီး အိပ်ယာထဲကမထနိုင်တော့ ကိုယ်ခံအားနည်းသွားတာလည်း ပါမှာပေါ့လေ..။ အရင်ကအမြဲ ပြုံးရွှင်နေတတ်တဲ့ မျက်နှာလေးမှာလည်း ချောင်ကျလျက် ...။
ဆံပင်လေးတွေသပ်တင်ပေးရင်း နဖူးလေးပေါ်ဖွဖွနမ်းမိတော့ ... အိပ်ပျော်မနေသည်မို့ထင် မျက်လုံးဖွင့်ကြည့်လာသည်...။"Ge ပြန်ရောက်ပြီလား...."
"မထနဲ့ဦးလေ ကလေးရဲ့ လှဲနေ လှဲနေဦး ... ဆေးသွင်းထားတာကို .."
"Ge ရင်ခွင်ကိုလွမ်းနေတာ ...."
"ဒီလိုဆို ကိုယ်က လက်မောင်းပေါ်အိပ် ကိုယ်ဖက်ထားမှာပေါ့ ဟုတ်ပြီလား .. လာ"
လှဲနေတဲ့ သူ့ဘေးက ကိုယ့်နေရာကိုဝင်၍ လှဲအိပ်လိုက်ရင်း ပါးလျလျပဲကျန်တော့သည့် ချစ်ရသူ၏ကိုယ်လေးကို ပွေ့ထားလိုက်သည်။
"တရေးလောက်ဖြစ်ဖြစ် စိတ်ချလက်ချ အိပ်လိုက်နော် ကလေးနိုးလာတဲ့အထိ Ge ဘေးမှာရှိနေမယ် နော် .."
YOU ARE READING
Fortune
FanfictionHunHan Yaoi တစ်သက်မှာ တစ်ခါပဲရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော်ဟာ ဆုပ်ကိုင်ထားခွင့်တောင်မရှိဖူးလား ကံကြမ္မာရယ်