အိပ်ယာက Luhan နိုးလာတော့ အနားမှာ Sehun က ရှိမနေ...။ မျက်စိကျယ်သွားအောင် ခဏငြိမ်နေပြီး အခန်းထဲကို ဝေ့ဝဲကြည့်ကာ Sehun ကို ရှာကြည့်တော့လည်း မတွေ့...။သေချာတယ် သူ့ချစ်ရသူကြီးက မီးဖိုခန်းဘက်မှာ သူ့အတွက် မနက်စာပြင်ဆင်နေတာပဲဖြစ်မည်...။
Luhan ဆေးရုံကဆင်းထဲက စိတ်မချဘူးဆိုကာ Sehunတယောက်တည်းနေတဲ့ တိုက်ခန်းမှာပဲ ခေါ်ထားသည်..။ ပင်ပင်ပန်းပန်းမလုပ်ပဲ အနားယူရဦးမည်ဆို၍ အလုပ်လဲ နားခိုင်းထားသည်..။ Sehun က သူကိုယ်တိုင်လည်းအလုပ်တွေကို တတ်နိုင်သလောက် အိမ်မှာပဲ လုပ်ပြီး နေ့ဝက်ပိုင်းလောက်သာ ကုမ္ပဏီသို့သွားသည်...။
သူ့မျက်စိရှေ့ နေမကောင်းဖြစ်ထား၍ Sehun က အရမ်းစိတ်ပူတတ်လာပြီး အရင်ကထက် အများကြီး ဂရုစိုက်သည်..။ ကိုယ့်ရဲ့ ဝေယျာဝစ္စအကုန် သူလုပ်ပေးသည်..။ ဆေးရုံဆင်းဆင်းချင်းက အားနည်းနေသေး၍ သိပ်မလှုပ်နိုင်သေးတဲ့ ကိုယ့်ကို အစားခွံကျွေးတာမျိုး ၊
တစ်ကိုယ်ရည်သန့်ရှင်းတာမျိုး ၊ အပေါ့အပါးသွားချင်တဲ့အခါ ပွေ့ချီပြီး လိုက်ပို့တာမျိုး အထိပါ အရိပ်ကြည့်နေပြီး အကုန်လုပ်ပေးသည်..။ Hun အဲ့လောက်ထိ ချစ်ပေးတော့ ကိုယ့်မှာ ကြည်နူးရင်းနှင့်ပင် အားနာနေရသည်..။အတွေးနှင့်ပြုံးကာ အခန်းထဲမှထွက်ပြီး Hun ကို ရှာကြည့်မိတော့..။
ဟော တွေ့ပါပြီ ..။ သူအားကိုးတကြီး ဖက်တွယ်ရတဲ့ ခန့်ညားတဲ့ ကျောပြင်ကျယ်ကြီး..။ ပြေးပြီး နင့်ခနဲနေအောင် သိုင်းဖက်လိုက်တော့...
"Han လေး နိုးလာပြီလားး.. ကိုယ်က ဒီမှာ Han ကြိုက်တဲ့ Pancake လုပ်ပေးနေတာ ပြီးတော့မယ်..."
"Hun က အရမ်းအလိုက်သိတာပဲ...အဲ့ဒါတွေကြောင့် ကျွန်တော် အများကြီးချစ်ရတာ..."
"အင်းးပါ...ကိုယ့်ကိုချစ်တာတကယ်ဖြစ်ရင် ကိုယ်ကျေနပ်ပါတယ် Han.."
နောက်ကနေသိုင်းဖက်ထားရာမှ ဆတ်ခနဲခွာလိုက်ပြီး ...
" နေပါဦးး...Hun စကားကြီး က ဘယ်လိုကြီးလဲ???
ကျွန်တော်ကပဲ တကယ်မချစ်တဲ့အတိုင်း...
ဘယ်လိုများ ပြောထွက်ရတာလဲ .."
YOU ARE READING
Fortune
Fiksi PenggemarHunHan Yaoi တစ်သက်မှာ တစ်ခါပဲရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော်ဟာ ဆုပ်ကိုင်ထားခွင့်တောင်မရှိဖူးလား ကံကြမ္မာရယ်