အပိုင်း(၇)

1.8K 118 3
                                    


"တခုခုနေလို့မကောင်းဘူး ဆိုတာနဲ့ ကိုယ့်ဆီ ချက်ချင်းဖုန်းဆက်နော် ဘာပဲဖြစ်ဖြစ်ကြားလား....."

"အင်းပါ ဆက်ပါ့မယ်"

"ပြီးတော့ စားဖိုဆောင်ဝင်ပြီး အလုပ်တွေမလုပ်နဲ့ဦးနော် ... အပင်ပန်းခံလို့ မဖြစ်သေးဘူးနော် Han"

"အင်း.."

"ငြိမ်ငြိမ်လေးပဲနေနော် ဆေးသောက်ဖို့လဲ မေ့မနေနဲ့ဦး.... နေ့လည်ထမင်းစားတဲ့အချိန် ကိုယ်ဖုန်းဆက်မယ်နော်..."

အိမ်မှာနေရတာ ပျင်းလွန်းလို့ ဆိုင်ကိုခဏဖြစ်ဖြစ်သွားပါရစေ ဟု မနေ့ညက မရမကပူဆာထားလို့ Sehun မှာ မပို့ချင်ပို့ချင်ဖြင့် လိုက်ပို့ရလေသည်..။ ဆိုင်ရှေ့ရောက်ပြီး ကားပေါ်ကဆင်းခါနီးကို မှာတမ်းတွေချွေနေတာက မပြီးနိုင် မစီးနိုင်။

"အင်းပါ ဟုတ်ပါပြီ Hun ရဲ့ ကျွန်တော့်ကိုစိတ်မပူနဲ့ Hun မှာတာတွေအကုန်မှတ်မိတယ်  ..နော်....စိတ်ချလက်ချသွားပါဗျာ..
နောက်ပြီး ဆိုင်ကလူတွေကလည်း သူစိမ်းတွေမှ မဟုတ်တာ... စိတ်ချ နေ .."

"စိတ်ကတော့မချနိုင်ပါဘူး ...  Han က အတင်းပူဆာလို့ ကိုယ်ကလိုက်ပို့ရတာ
ဖြစ်နိုင်ရင် သွားလေရာ အိတ်ထောင်ထဲထည့်ပြီး ခေါ်သွားချင်တော့တာ သိရဲ့လားး..."

"Hun ကတော့ လုပ်ပြီ ...
အိတ်ထောင်ထဲတော့ မနေပါရစေနဲ့ ကျွန်တော်အသက်ရှူကျပ်တယ်..."

" ဒါဆိုလည်း ကျောပိုးပြီးခေါ်သွားမှာပေါ့..."

"ဟားး ဟားးးး ဟားးးး ဟုတ်ပါပြီ...Hun ကို ကျွန်တော်နိုင်အောင်...မပြောနိုင်တော့ပါဘူး...
ကျွန်တော့်ကို အားလုံးစိတ်ချ ဟုတ်ပြီလား...
Hun လဲ သွားတော့ ရုံးနောက်ကျတော့မယ် ... ကျွန်တော် သွားပြီ နော်.."

"ပွတ်စ်"

သွားပြီပြောပြီး ဆင်းခါနီးသူ့ကို Sehun ဘာမှမပြောနိုင်ခင် နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းပြစ်ခဲ့လိုက်သည်..။

ကားထဲက ကျွန်တော့်ချစ်သူ မျက်နှာကြီး ဖိုးရွှေလမင်းလို ပြုံးပြုံးကြီးနှင့်ဝင်းပ နေမည်မှာ လှည့်ကြည့်စရာမလို .... မြေကြီးလက်ခပ်မလွှဲပင်ဖြစ်သည်..။

FortuneWhere stories live. Discover now