Extra 1

2.1K 117 15
                                    


အရှိန်ဖြင့်မောင်းဝင်လာသောကားကို ကြီးမားခမ်းနားလှသော အိမ်ကြီး၏ဆင်ဝင်အောက်တွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် Sehun ဆင်းကာ အိမ်ထဲအမြန်ပြေးဝင်သွားရသည်...။
လှပစွာတည်ဆောက်ထားခဲ့သော ကြောင်လိမ်လှေကားကြီးကိုပင် ဒီနေ့မှ အထစ်ရေများသည်ဟု စိတ်ထဲမှ ကျိန်ဆဲမိသည် ... ။
စိတ်အစဉ်ကအလွန်အလျင်လိုနေရသည့် အကြောင်းအရင်းကတော့ Luhan နေမကောင်းဖြစ်လို့ ဆရာဝန်ခေါ်ထားရသည်ဟူသော သတင်းစကားကို လေယာဉ်ပေါ်မှဆင်းဆင်းချင်း သိလိုက်ရသောကြောင့်ဖြစ်သည်...။

" ဆရာ့ကိုလေယာဉ်ကွင်းလိုက်ပို့တဲ့နေ့ကတည်းက အပြန်မှာ ဈေးဝင်ပြီး လူ၁၀၀စာလောက်အရေအတွက်နဲ့ အသားငါးတွေနဲ့ ဟင်းချက်စရာတွေ သူဝယ်ချင်တယ်ဆိုလို့ ကျွန်တော် ဒုံဒယ်မွန်ဈေးကိုလိုက်ပို့ရပါတယ် ... နောက်နေ့ကျ အဲ့ဒါတွေအကုန် သူကိုယ်တိုင်ချက်ပြုတ်ပြီး ဂေဟာက(အရင်သူနေခဲ့တဲ့ဂေဟာ) ကလေးတွေဆီကို သွားပို့ပါတယ်

တစ်နေကုန် ဂေဟာမှာ ကလေးတွေနဲ့နေပြီး ညနေစောင်းမှ အိမ်ပြန်ပါတယ် ... မနက်ကျဖျားတယ်ထင်တယ် အိပ်ယာထဲကမထနိုင်တော့လို့ အိမ်တော်ထိန်း Arjima က ကျွန်တော့်ကို ဆရာဝန်ဖုန်းဆက်ခိုင်းတာပဲ ဆရာ .."

ထင်တယ် ... Sehun မှာခရီးသွားလည်း စိတ်မဖြောင့်တာ အဲ့ဒါတွေကြောင့် .. ။ဂျပန်မှာရုံးခွဲဖွင့်သည့်အတွက် Sehunမှာ မဖြစ်မနေသွားရသည်... ခေါ်သွားမယ်ဆိုပြန်တော့ မလိုက်ချင်ဟု ငြင်းတာ Luhan က သူ့အကြံအစည်နဲ့သူမို့ လို့ကိုးးး။ အခုအိမ်မှာ Daddy တို့ကလည်းမရှိ Sehun ကလည်းမရှိ သူထင်ရာလုပ်နေလို့ရတာကြောင့်မို့ ...။
Sehun တို့ရှိရင် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ တားနေတာကို သဘောမကျတာ သိသည်...။
လူကဖြင့် ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့လူလည်း မဟုတ်ပဲ ခေါင်းကြောမာလွန်းသည့် ကောင်ကလေးကို တခါတခါ Sehun စိတ်တိုရပါသည်...။

အခန်းတံခါးဖွင့်ဝင်လိုက်တော့ ... ဖုန်းဆက်ခေါ်ထားသည့် Luhan ရဲ့ ပင်တိုင်ဆရာဝန် Kim jong in နှင့် အိမ်တော်ထိန်း Arjima ရှိနေသည် ... ။
Luhan ကတော့ အိပ်ယာပေါ်မှာ ဆေးသွင်းထားလျက်နှင့် အိပ်ပျော်နေပုံရသည်... ။

FortuneWhere stories live. Discover now