အပိုင်း(၁၁)

1.7K 114 6
                                    


"ဟင့်...ဟင့်...အင့်.."

ငိုရင်းရှိုက်နေတဲ့ အသံတိုးလျလျလေးကို ကြားနေရသည်...။ မျက်လုံးဖွင့်ကြည့်ဖို့ အားယူနေရင်းမှ ခေါင်းထဲမှာ Han ဟူသော အသိစိတ်ဝင်လာတာနှင့် ခေါင်းပင်ထောင်မတ်သွားရလေသည်...။
Han လက်ကိုဆုပ်ကိုင်ရင်း သူအိပ်ပျော်သွားခဲ့တာ....။

Han ကို ကြည့်လိုက်မိတော့.... သူထိုင်နေရာနှင့် ဆန့်ကျင်ဘက်ကို မျက်နှာလွှဲထားပြီး ဆေးသွင်းထား၍ အပ်တန်းလန်းဖြစ်နေသော လက်သေးသေးဖြင့် အသံကျယ်ကျယ်မထွက်ရန် အုပ်၍ ငိုနေလေသည်....။
သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကိုဖင့် ရုန်းမထွက်ဘဲ .. အပ်စိုက်ထားရတဲ့ဟာ... ငြိမ်ငြိမ်မနေဘူးကွာ ... သွေးကြောလေးတွေ ချော်ထိုးမိကုန်မှဖြင့်....ကျစ် .... Han ရာ...

"Han နိုးနေတာ!...... ငိုနေတာလား ... ဘာလို့ငိုနေရတာလဲ Hanလေးရဲ့ ... ကိုယ့်ဘက်ကိုကြည့်ပါဦး ကလေးရယ်.."

စိုးရိမ်စွာသူပြောရင်း Han မျက်နှာလေးကို သူ့ဘက် အသာအယာ ဆွဲယူလှည့်လိုက်သည်..။

"အရမ်းဝမ်းနည်းသွားရှာတာ...ကိုယ့်ကလေးက ... မျက်ရည်တွေက တိတ်ပါဦး .. ကိုယ်ရှင်းပြမလို့...နော်...Han ... ခဏလေး နားထောင်ပါဦး Han ရဲ့..."

"ဟင့်...အင်းးးး.."

အသံလည်း ကျယ်ကျယ်မထွက်နိုင်သေးပဲနဲ့ ကျိတ်မှိတ်ပြီး တအိအိနှင့် ငိုပဲငိုနေသည်...။
ဒီလိုနဲ့ ပြန်ပြီး မောနေတော့မှာကိုကွာ...။
ကုတင်ဘေး ထိုင်နေရာမှာ မတ်တပ်ထရပ်လိုက်ကာ ... လှဲနေတဲ့ ပါးလျလျသူ့ကိုယ်လေးကို အုပ်မိုးပွေ့ဖက်ထားလိုက်သည်...။

" Appa က အရေးကြီး ဆွေးနွေးစရာရှိတယ်ဆိုလို့ ကိုယ်သွားလိုက်မိတာ... ကိုယ်ဘာမှမသိခဲ့ပါဘူး Han ရာ... ကိုယ့်ကို အထင်မလွဲပါနဲ့ ကလေး ရယ် နော်..."

"ကိုယ့်မျက်နှာကို ကြည့်ပါဦး Han ရဲ့ ...Han က ကိုယ့်ကိုမယုံဘူးလားဟင်.... ကိုယ်က Han ကို ဘယ်လောက်ချစ်လိုက်သလဲ Han သိတယ်မလား.. ဟင် ...ကလေး...စိတ်မဆိုးပါနဲ့နော်..."

ရှိုက်ကြီးတငင် ငိုနေရာမှ ရပ်သွားပြီး...

"ကျွန်တော်က Hun ကိုစိတ်မဆိုးပါဘူး...ဟင့်.... စိတ်မကောင်းဖြစ်မိတာပါ..."

FortuneWhere stories live. Discover now