မိဘတွေ အလျင်စလို စီစဉ်ပေးတဲ့ မင်္ဂလာပွဲဟာ နှစ်ဖက်မိဘတွေ အရှိန်အဝါတွေကြောင့် ထင်ထားတာထက်ပင် ကြီးကျယ် ခမ်းနားနေသည် ...။အဖြူရောင်နှင်းဆီနှင့် အဖြူရောင်သစ်ခွပန်းတို့ကိုပဲ သုံးကာ လျှောက်လမ်းတစ်လျှောက် အလှဆင်ထားသည်...။ အခမ်းအနားကျင်းပရာ Hotal ballroom တစ်ခုလုံးကိုလည်း အလားတူပုံစံအတိုင်း အဖြူရောင်ပန်းများဖြင့်သာ အလှဆင်ထားလေသည်...။
သတို့သားနှစ်ယောက် ကတိသစ္စာပြုရန် လျှောက်လှမ်းနှင့် ခုံများကို Ballroom ရဲ့ တစ်ဖက်ခြမ်း ,
ဧည့်ပရိတ်သတ်များကို ကျွေးမွေးဧည့်ခံဖို့နေရာက တစ်ဖက်ခြမ်း...။အခမ်းအနား စတင်တော့ လျှောက်လမ်းထိပ်တွင် အထက်အောက်အဖြူရောင် suit အပြည့်ဖြင့် Sehun က အရင်နေရာယူထားလေသည်...။
အဖြူရောင်များလွှမ်းခြုံနေသော မင်္ဂလာပွဲအတွင်း
ပွဲ၏အဓိက အရေးကြီးဆုံး သတို့သားနောက်တစ်ယောက်သည်... Sehun နှင့် တူညီဝတ်စုံကို ဝတ်ဆင်ထားလျက် ဖခင်ဖြစ်သူ Yifan ၏ လက်ကိုချိတ်၍ ဝင်လာလေသည်...။အဖြူရောင်ပန်းခင်းကြီးထဲ ကောင်းကင်ဘုံက နတ်သက်ကြွေလာလေသလား ထင်မှတ်ရလောက်သည့် ရုပ်ဆင်းအင်္ဂါတို့ဖြင့် မြင်ရသူတိုင်းကို ချစ်ခင်သက်ဝင်အောင် လုပ်နိုင်စွမ်းရှိသူသည် Sehun ၏ အသက်တမျှ တန်ဖိုးထားရပါသော ချစ်ရသူ Luhan ပင်ဖြစ်သည်...။
YOU ARE READING
Fortune
FanficHunHan Yaoi တစ်သက်မှာ တစ်ခါပဲရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော်ဟာ ဆုပ်ကိုင်ထားခွင့်တောင်မရှိဖူးလား ကံကြမ္မာရယ်