Extra 2

2.4K 125 6
                                    



Incheon လေဆိပ်တွင်ဖြစ်သည်။

Luhan ၏ ၃လတစ်ကြိမ် medical check-up လုပ်ပြီး ရလဒ်က အဆင်ပြေသဖြင့် Sehun တို့ ပေးထားသည့် ကတိအတိုင်း ဂျယ်ဂျူလိုက်ပို့ရန်အတွက် ရောက်နေခြင်းဖြစ်သည်...။

Luhan က နဂိုကတည်းက အမြင့်ကြောက်တတ်ပြီး လေယာဉ်လည်း တခါမှမစီးဖူးသဖြင့် စိတ်လှုပ်ရှားနေလေသည်...
အမှန်တိုင်းပြောရရင်တော့ ကြောက်နေတာပေါ့ဗျာ
ဒါပေမယ့်လည်း စိတ်ကိုတင်းပြီး မကြောက်ချင်ယောင်ဆောင်ရတာပေါ့ ...
မဟုတ်ရင် သူ့ကိုစိုးရိမ်လို့ဆိုပြီး မသွားတော့ဘူး လုပ်နေမှ ဒုက္ခ ...
Sehun မရိပ်မိအောင်သာ ဆုတောင်းနေရသည်...။

" လေယာဉ်တက်တော့မှာ Han ရဲ့ ခါးပတ်ပတ်ထားဦး လက်နည်းနည်းဖယ် ကိုယ်လုပ်ပေးမယ် ...ရပြီ ... "

Sehun လက်အဖယ် Luhan လက်ပြန်အချ၌ စိတ်လှုပ်ရှား၍ ချွေးစေးတွေထွက်ကာ အေးစက်နေသော အထိအတွေ့ကို Sehun က သတိထားမိသွားပြီး

" ဟင် Han လက်ဖျားတွေ အေးစက်လို့ပါလား ... စိတ်လှုပ်ရှားနေတာလား Han ဟင် .. ကြည့်ပါဦး နဖူးမှာလည်း ချွေးတွေနဲ့..."

" ပထမဆုံးဆိုတော့ ... နည်းး နည်းး ရင်တုန်နေတာပါ Hun ရဲ့ ... စိတ်မပူပါနဲ့ အ အဆင်ပြေ ပါ တယ် ..."

" ကြည့်ဦး ဒါက အဆင်ပြေတဲ့ ရုပ်လား ...ဖြူဖပ်နေပြီ ... ကိုယ်ကားနဲ့သွားဖို့ပဲ စီစဉ်လိုက်ရမှာကွာ...
Han ပင်ပန်းမှာစိုးလို့ .."

ထိုစဉ် လေယာဉ်စတက်တော့ စက်သံတွေအနည်းငယ်ဆူသွားသဖြင့် Luhan လန့်ပြီး မျက်စိစုံမှိတ်လိုက်မိသည်...

ဘေးက ချစ်လှစွာသော အဆွေခင်ပွန်းကြီးက ချက်ချင်းရိပ်မိလိုက်ပြီး ရင်ခွင်ထဲဆွဲသိမ်းဖက်ထားပေးလိုက်သည် ..

" ကိုယ်ဖက်ထားပေးမှာပေါ့ ကလေးရဲ့ ဘာမှမကြောက်နဲ့နော် စိတ်ကိုလျှော့ထား ... ကိုယ်ရှိတယ် ... ကိုယ်ရှိတယ်နော် .."

လက်တစ်ဖက်က Luhan တစ်ကိုယ်လုံး သိမ်းကျုံးဖက်ထားပြီး ကျန်လက်တစ်ဖက်က ကျောပြင်သေးသေးလေးကို ဖွဖွလေး ပွတ်သပ်ပေးနေသည်..။
ပါးစပ်ကလည်း တတွတ်တွတ်ရွတ်လျက် ...မကြောက်ဖို့ ပြောပေးနေလေသည်...။
ရင်ခွင်ထဲက အကောင်ပေါက်ကလေးကတော့ မျက်စိစုံမှိတ်၍ စိတ်လှုပ်ရှားနေသည့်ကြားမှပင် နှုတ်ခမ်းအစုံက ပြုံးဖြစ်အောင် ပြုံးလိုက်သေးသည်...။

FortuneWhere stories live. Discover now