အပိုင်း (၁၇) Final

2.6K 142 31
                                    



Sehun အိပ်ယာနိုးနိုးချင်း ဘေးကနေရာကို လက်နဲ့စမ်းကြည့်တော့ အေးစက်စက်အထိအတွေ့....။
အစောကြီးရှိသေးတာကို Han က ထသွားပြီထင်တယ် ... ။
ဒါသေချာတယ် Han က သူ့အတွက် မနက်စာပြင်ဖို့ ချက်ပြုတ်နေတာပဲ ဖြစ်မယ်...။

Han ကို ပင်ပန်းမှာစိုးလို့ မလုပ်ပါနဲ့တားထားတာကိုလည်း မရဘူး ... ။ အိမ်တော်ထိန်းတွေရှိနေတာကို Han က သူကိုယ်တိုင်ဝင်ပြီး ချက်ပြုတ်ချင်နေတာ .... ။

ဆေးရုံဆင်းပြီး နေကောင်းလာတဲ့နောက် Han က သူဝါသနာပါတဲ့ ချက်ပြုတ်တဲ့ပညာကို ထပ်ပြီး သင်ချင်တယ်ဆိုလို့ နိုင်ငံခြားကလာဖွင့်တဲ့ စာဖိုမှူးသင်တန်းတွေ တက်ဖို့ခွင့်ပြုပေးခဲ့သည်...။

Daddy တို့ကလည်း သူတို့သား စိတ်ချမ်းသာရင်ပြီးရောဆိုပြီး ဘာလုပ်လုပ်သဘောကျနေကြသည်...။ တစ်ခုပဲ အပင်ပန်းခံလို့မဖြစ်တာမို့ အရင်လိုတော့ အလုပ်မလုပ်ရတော့ဘူး ...။
သင်တန်းတွေကလည်း အချိန်ပိုင်းလောက်ပဲမို့ အဆင်ပြေတယ်လေ...။

ခက်တာက ဒီကောင်လေးက သူသင်လာတဲ့ Menu အသစ်အဆန်းတွေ အကုန် အိမ်မှာလက်တွေ့ စမ်းချက်ချင်နေတာပဲဖြစ်သည်...။
မလုပ်ခိုင်းရင်လည်း စိတ်မကောင်းဖြစ်တဲ့ပုံလေးနဲ့

" Hun ကလဲ ကျွန်တော်က ဒီပညာတတ်ပြီး ဘာမှမလုပ်ရင် အလကားဖြစ်သွားမှာပေါ့ ... ပြီးတော့ ကျွန်တော်ကိုယ်တိုင် Hun အတွက်ချက်ကျွေးချင်လို့ဟာ ... Hun က ကျွန်တော့်လက်ရာ မစားချင်လို့လား ..."

စသည် စသည်ဖြင့် မျက်ရည်လေးဝဲပြလိုက်လျှင် ဒီက Oh Sehun တို့မှာ နေစရာမရှိတော့ ... ။
စိတ်ကောက်တဲ့ကလေးကို ချော့ပြီး သူစိတ်ချမ်းသာအောင် ခွင့်ပြုပေးရတော့သည်...။

ပြောလို့သာ ပြောတာ Han က ဟင်းချက်တဲ့နေရာမှာ တကယ်ပါရမီရှိတာ ... ။ သင်တန်းက သင်လာသမျှ အသစ်အဆန်းတွေ ချက်ကျွေးတာများ Hotel မှာ စားရတဲ့အတိုင်းပဲ ... ။ စားချင်စဖွယ် ဖြစ်အောင် အပြင်အဆင်တွေကလည်း လှလို့ ... ။

အခုလည်း Daddy & Baba တို့ ပေကျင်းခဏပြန်သွားတုန်း အိမ်မှာထင်တိုင်းကျဲနေတာဖြစ်သည်..။
အိမ်အကူအဒေါ်ကြီးတွေက သူလိုတာလောက်ပဲ ကူလုပ်ပေးရသည် ... ။ ကျန်တာအထိမခံ သူကိုယ်တိုင် မမောနိုင် မပန်းနိုင် ချက်နေတော့တာ ပဲ ..။

FortuneWhere stories live. Discover now