အပိုင်း(၁၄)

1.7K 100 8
                                    


လေထုသန့်စင်စက်မှ အငွေ့တထောင်းထောင်းက အဆက်မပြတ်ထွက်လို့နေသည်...။ Five star အဆင့်ရှိ Hotel အခန်းမျှ ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းအစုံအလင်ဖြင့် သက်တောင့်သက်သာရှိအောင် အဆင်မြင့်မြင့် ပြုလုပ်ထားသော်လည်း အခန်းအတွင်းမှာ ရှိနေသော သက်ရှိနှစ်ယောက်မှာ ထိုအဆောင်အယောင်များ၏ အားသာချက်များကို အနည်းမျှပင် ခံစားမိမှာ မဟုတ်ပေ...။

ဤနေရာကို Sehun ခြေမချချင်သော်လည်း ထိုအခန်းကိုပင် အိမ်လုပ်ကာ နေနေရသည်မှာ ၃ရက်ပင်ရှိပြီ...။ မင်္ဂလာပွဲနေ့ကတည်းက ဆိုပါတော့...။
ထိုနေ့က သတိလစ်လဲကျသွားသော Han မှာ အရေးပေါ်ကုသမှုများ ပြုလုပ်ထားသော်လည်း ၃ရက်မြောက်သည့်တိုင် ကောင်းစွာ သတိမရသေး...။

ကုတင်ပေါ်မှာ အားအင်ဖျော့တော့စွာ လှဲလျောင်းနေရပြီး ... အရေးပေါ်အသက်ဆက်ထားရသော ဆေးပိုက်ပေါင်းစုံ, oxygen mask များ , နှလုံးခုန်အချက်ပြကိရိယာများစွာတို့ တပ်ဆင်ထားခံရသည်...။

ဆေးသွင်း,ဆေးထိုး ဆက်တိုက်လုပ်ထားရ၍ အပ်ပေါက်ရာများမှာ လက်ဖမိုးဖြူဖြူလေးပေါ်တွင် နေရာယူလျက် ...။ တချို့အပ်ရာများသည် သွေးချေဥသလို ညိုတောင်ညိုနေသည်...။
oxygen mask တပ်ထားရတာ အချိန်ကြာနေပြီမို့ Sehun အမြတ်တနိုးနမ်းလေ့ရှိသော ပါးပြင်ဖောင်းဖောင်းလေးမှာ ကြိုးရာတောင် ထင်နေတော့မယ်...။
နာနေရှာမှာ ... နေရာအနှံ့ အပ်ပေါင်းစုံစိုက်ခံထားရသော သူ့အသားနုနုလေးတွေ နာနေရှာတော့မယ်....။

မြန်မြန်နိုးထလာပြီး ... ဒါကြီးတွေမလုပ်ချင်ဘူးလို့ ဂျီကျပါဦး ... မျက်စောင်းလေးထိုးပြီး စိတ်ဆိုးပါဦး ကလေးရယ်...
ဒီလိုကြီး နေနေတာ ကိုယ်မကြိုက်လိုက်တာ ....။

--------  ------  ------

" သား ... Sehun အိပ်ချင် ခဏလောက် လှဲပြီး အိပ်လိုက်ပါလား ... Daddy တို့ရှိတာပဲ ... ခဏနားပါဦး..."

Han ကုတင်းဘေးထိုင်ရင် ကုတင်ပေါ်ခေါင်းတင်ကာ မှေးခနဲ အိပ်ပျော်သွားတာ...။ ငိုလိုက်လို့ မျက်လုံးတွေ ခဏညောင်းသွားလို့ ထင်ပါရဲ့....။

" တော်ပြီ Daddy ရတယ်.... ကျွန်တော် အိပ်မပျော်ပါဘူး... ဒီတိုင်း Han နားမှာပဲ နေမယ် ရတယ်...
Han နိုးလာလို့ ကျွန်တော့်ကို မတွေ့ရင် စိတ်မကောင်းဖြစ်မှာစိုးလို့...."

FortuneWhere stories live. Discover now