[Zawgyi]
Jenအိမ်ပြန်ရောက်ပြီဆိုတာနဲ့ သူ့ရဲ့ခုလက်ရှိငှါးနေတဲ့ အခန်းလေးထဲက ခုတင်ပေါ် ပစ်လှဲမိသည်...
"ဟူးး ပင်ပန်းလိုက်တာ..."
နန်းတော်လိုနေရာမျိုးမှာ နေခဲ့ရတဲ့သူမအတွက် ခုတိုက်ခန်းလေးက သူတို့အိမ်ရဲ့ အိမ်သာခန်းလောက်တောင် မကျယ်တော့ နဲနဲနေရကျပ်ပေမယ့် 1လကြာတော့ အသားကျသွားသည်..
သူအိမ်ကနေ ထွက်လာတာ တစ်လရှိပြီ...ခုဆို သူ့Appaရောသူ့OppaရောUnnieရောခေါင်းမီးတောက်ပြီး လိုက်ရှာနေကြမည်ကိုသူသိသည် သူကိုယ်တိုင်ကလည်း "ကိုယ့်ဘ၀ကိုယ် ရပ်တည်နိုင် ပြီး အရည်ချင်းရှိတဲ့နေ့မှ Jenပြန်လာခဲ့မယ်"ဆိုတဲ့ စာနဲ့ပဲ အိမ်ကလူတွေကို ချွေးသိပ်ခဲ့သည်ကို....
တစ်လဆိုသည့်အရာက တကယ့်လက်တွေ့ဘ၀ဆိုသလို အရမ်းပင်ပန်းခက်ခဲသည် ၀င်ငွေကိုအရင်ကလို ပေါပေါလျှံလျှံမသုံးနိုင်တဲ့အပြင် ချွေတာသုံးတောင်မလောက်နိုင်...
ကိုယ်တိုင်ချက်ပြီးစားရသည်မို့ ဟင်းကောင်းအရသာတောင်မခံစားနိုင်လောက် ပါးစပ်ကအရသာပျက်ပြီး ကိုယ်ချက်သမျှ မငြီးငြူစားရသည်...အရင်က Brandတွေသုံးသမျှ ခုတော့ discountချပစ္စည်းတောင် ၀ယ်နိုင်ဖို့အနိုင်နိုင်.....သို့ပေမယ့် ပျော်နေသည်က Kim Jisooဆိုသော Unnieကြောင့်...သူ့ကို Chaeကြောင့် Uni တတိယနှစ်မှာ သိခဲ့ရသည်...ထိုအချိန်တည်းက ကိုယ့်ကိုယ်ကို Lesbianလို့ရှက်ရှက်နှင့် ၀န်ခံရသည်...
အနားမှာ Jennie Kimကိုလိုချင်နေတဲ့ပြည့်စုံတဲ့ယောက်ကျားတွေ တန်းစီနေပါလျှက် ဘာလို့Jisoo Kim ကိုပဲလိုချင်မိပါလိမ့်ဆိုသော အဖြေကို ခုထိရှာမရ...."ဗိုက်ဆာလိုက်တာ..."
မီးဖိုချောင်ထဲက အံဆွဲလေးထဲမှာ ခေါက်ဆွဲထုတ် လိုက်ရှာနေမိသည်...သူပင်ပန်းလို့ မချက်နိုင်ရင် ခေါက်ဆွဲပြုတ်က သူ့အတွက်ပြည့်စုံသောဟင်းပင်....