Zawgyi
"Eun Ji "
"ဟင်"
"Taehyung က ငါ့ကိုရုပ်ဆိုးလို့မကြိုက်တာလားမသိဘူးနော်"
ဒါနဲ့ဆို သူ့ကိုမေးတာ ဘယ်နှစ်ကြိမ်မြောက်လည်းဆိုတာ ကိုယ့်ဟာကိုယ်တောင်မသိတော့
" ဟာ...Sooရယ် စလာပြန်ပြီ သူကဘယ့်သူ့ကိုမှ စိတ်မဝင်စားတာ နင်လည်းသိရဲ့သားနဲ့"
"အင်း...ဟုတ်သားပဲ"
ကိုယ်လည်းသိရဲ့သားနဲ့ ကိုယ့်ကိုမှစိတ်မဝင်စားဘူးထင်နေတာလည်း အကြိမ်ကြိမ်....
"Soo...ယောကျာ်းလေးတွေကလေ သူတို့ကိုလိုက်ကပ်တဲ့ မိန်းကလေးကိုဆို ပိုသဘောမကျဘူးလို့ ငါတော့ထင်တယ်"
"ဟင်...အဲ့လိုလား"
သူရဲ့ခေါင်းတစ်ချက်ငြိမ့်ပြမှုနောက်မှာ လက်မခံနိုင်ခြင်းပေါင်းများစွာနဲ့.....
ငါသူ့ကို တစ်ရက်လောက်ဂရုမစိုက်ပဲနေကြည့်ရမလား
အဲ့ဒီနေ့တစ်နေ့လုံး Soo ဟာ Taehyungကို တစ်ချက်တောင်ကြည့်ခြင်းမပြုခဲ့ပါဘူး....
အဲ့လိုလုပ်ပေမယ့်လည်း Taehyung ကသတိတောင်မထားမိဘူးဆိုတာရော သူမသိနိုင်ပါ့မလား.....
တစ်ခါတစ်လေတော့လည်း လောကကြီးက Im Soo ကိုသနားလို့ထင်ပါရဲ့ ကျောင်းကနောက်ဆုံးနှစ်ကျောင်းသားတွေကို camping trip ထွက်ပေးမှာတဲ့
အို....မိSooတို့ ပျော်လို့မဆုံးတာ ဘေးနားက Eun
Ji အသိပေါ့.....သူမက အရမ်းကို မြတ်မြတ်နိုးနိုးနဲ့ စွဲစွဲလမ်းလမ်းဖြစ်နေတာတောင် သူကဘာကြောင့်များ လျစ်လျူရှုထားနိုင်ရတာလဲ.....
...............................................................
"Sooရေ နင့်ဟာကြီးက ငါတို့နဲ့ကားတစ်စီးတည်းတဲ့"
"ဟင်...တကယ်လား Eun Ji...Oh yes"
သူ့ရဲ့ပျော်ရွှင်မှုတွေက တစ်စုံတစ်ယောက်ရဲ့ စိတ်အနှောင့်အယှက်တစ်ခု ဖြစ်သွားခဲ့မယ်ဆိုရင်ရော....
YOU ARE READING
When Everything Is Gone [Completed]
Fanfictionဘယ်သူ မှ ဘယ်အရာမှ ငါ့အနားမှာ မရှိတော့တဲ့နောက်ပိုင်း....ငါအဆင်ပြေနေပါဦးမလား.....အကယ်၍ မင်းကပါ ငါ့ကိုထားသွားရင်ရော Cast: Kim Taehyung, Im Soo