Episode 11

2.7K 240 1
                                    

Zawgyi

လှိုင်း​​​တွေရဲ့ ကမ်း​ခြေကိုထိခတ်​​သံ​တွေကပြင်းထန်​လွန်းလို့ ပူ​ဆွေး​နေတဲ့ကိုယ့်​ကို​လှောင်​​ပြောင်​​နေသ​ယောင်​ဖြစ်
နေသည်​။

အချစ်​ရဆုံးလူသားကို​တောင်​ ချစ်​​နေရဲ့သားနဲ့ ဘာလို့များလွတ်​လပ်​ခွင့်​​ပေးလိုက်​မိတာပါလိမ့်​။ တကယ်​ဆို
အဆုံးထိဆွဲထားသင့်​သည်​မဟုတ်​လား.....

ကိုယ်​လုပ်​ခဲ့မိတဲ့အရာ​တွေကလည်း ​​နောင်​တများအသွင်​ ​ကြေကွဲမှုတစ်​လှည့်​ နာကျင်​မှုတစ်​ဖုံ ပုံစံအမျိုးမျိုးနှင့်​​နှောင့်​ယှက်​​နေ​လေ​တော့သည်​။

လွမ်းသည်​။ တကယ်​ဆိုအရမ်းလွမ်း​​နေတာကို ဖုံးကွယ်​ပြီး
ဟန်​​ဆောင်​ထားရုံသက်​သက်​~

သူ့ကိုပို့​နေကျ message ​လေး​တွေ အတူစကား​ပြောကြတာ​တွေ ​ဘေးနားကတ​ကောက်​​ကောက်​လိုက်​တာ​တွေ
နေ့တိုင်းလုပ်​​နေကျ​တွေမရှိ​တော့လည်း လူက​ဟာတာတာ​တော့ဖြစ်​သား....

ထားပါ​လေ~အချိန်ကသူ့အလိုလို ကုစား​ပေးသွားမှာ​ပါ~

အချိန်​အကြာကြီး​ပေးရမယ်​ဆိုရင်​​ရော ​တောင့်​ခံ​နေနိုင်​ပါဦးမလား......

သူမ စိတ်​​လေး​လေးဖြင့်​သာ ကမ်း​ခြေကို​ကျောခိုင်းထွက်​ခွာခဲ့သည်​။

သူမထွက်​သွားပြီးမကြာမီ ​မျှော်​လင့်​ခြင်း​ပေါင်းများစွာဖြင့်
ရောက်​လာ​သော ​ကောင်​​လေးတစ်​​ယောက်​~

.................................................................
သူ Eun Ji ဆီကလိပ်​စာရရချင်းပဲ အိမ်​ပြန်​ပြီးအထုပ်​အပိုး​တွေပြင်​ဆင်​ကာ ထွက်​လာလိုက်​သည်​။

ကား​ပေါ်မှာစီးလာတဲ့တစ်​​လျှောက်​လုံးလည်း အိပ်​ပြီးလိုက်​လာမိတာ ​ဘူဆန်​​ရောက်​​တော့လည်းပတ်​ဝန်းကျင်​အသစ်
လေထုအသစ်​က လန်းဆန်း​စေခဲ့သည်​။

သို့​သော်​လည်း သာယာ​နေလို့မဖြစ်​​သေး ကိုယ်​ချစ်​ရတဲ့သူကိုလည်းရှာရဦးမည်​ဖြစ်​သည်​။ တကယ်​​တော့ လိပ်​စာသာရတာချက်​ချင်းလိုက်​သွားလို့ကလည်းမဖြစ်​ လက်​ခံမည်​လည်းမဟုတ်​ ဒီညဘယ်​သွားအိပ်​ရမလဲ~

When Everything Is Gone [Completed] Место, где живут истории. Откройте их для себя