Episode 7

2.6K 266 4
                                    

Zawgyi

ကျောင်း​ပြန်​တက်​တဲ့​နေ့မှာ အရာအားလုံးကအေးစက်​စက်
တွေ့ချင်​​နေတာကို မ​တွေ့ချင်​ဟန်​​ဆောင်​ပြီး ခံစားချက်​​တွေကိုလျစ်​လျူ ရှုထားမိပြန်​ပါတယ်​​.....

တကယ်​​တော့ သိပ်​ပြီးလည်းမ​တွေ့ချင်​ပါဘူး​လေ...

သူနဲ့​တွေ့လိုက်​တိုင်း ဖြစ်​သွားတဲ့ကိစ္စ​တွေက အမြဲတိုင်း
ပျော်​ရွှင်​စရာ​တွေကြီးပဲ​တော့မဟုတ်​....​ကြေကွဲစရာ​တွေကပိုများ​နေသည်​​လေ...

ဒါဟာ တကယ်​​တော့ ကိုယ့်​အတွက်​​ကသာ ​ကြေကွဲစရာပါ
သူက​တော့ ဘယ်​လိုဖြစ်​​နေလဲဆိုတာကို ဘယ်​တုန်းကမှ
ခန့်​မှန်းလို့မရခဲ့ပါဘူး....

"Soo ဘာ​တွေ​တွေး​နေပြန်​တာလဲ"

"​အော်​....Eun Ji"

"ဟို​နေ့က Taehyung နဲ့ပြန်တာ​အဆင်​​ပြေလား"

"ဟင်​....Taehyung က​နေခဲ့တာမဟုတ်​ဘူးလား"

ကိုယ်​ အရမ်းအံသြမိသွားတယ်​....သူ့ကို ကိုယ်​က ​နေခဲ့
ခိုင်းတာ​လေ...

"ဟင့်​အင်း....သူနင့်ေ​နာက်ကို​လိုက်​သွားတယ်​"

ကိုယ်​တကယ်​မ​တွေ့တာပါ....အဲ့​နေ့က ကိုယ်​တစ်​​ယောက်​တည်း​ပြန်​လာခဲ့တာ...အကယ်​၍လိုက်​လာရင်​လည်း ကိုယ့်​ကို​ခေါ်ရမှာမဟုတ်​ဘူးလား.....

"မင်းက ​ခွေး​လေးနဲ့ စကား​ပြော​နေလို့ မ​နှောင့်​ယှက်​​တော့တာပါ"

မထင်​မှတ်​ပဲကြားလိုက်​ရတဲ့စကား....ကိုယ့်​နားကို​တောင်​ မယုံနိုင်​ဘူး...အဲ့ဒါဆို ငါ​ပြောတာ​တွေအကုန်​ကြားသွားတာလား....

"ငါ...ငါ ​ပြောတာ​တွေကြားသွားတာလား...."

"အင်း....ငါ့ကိုမုန်းလို့မရတဲ့အ​ကြောင်း အကျယ်​ကြီး​အော်​​ပြော​နေတာ​ကိုမကြားပဲ​နေမလား..."

aish...ရှက်​လို့​သေ​တော့မှာပဲ

ဘေးနားက Eun Ji ကလည်း စပ်​ဖြီးဖြီး...ပခုံးကတွန့်​ပြလိုက်​​သေး...

ဒီနားက​နေ တကယ့်​ကိုထွက်​​ပြေးချင်​လာပြီ....

"​ဟျောင့်​...မင်းတို့​တွေ ဒီ​နေ့​ရော date မှာလား"

When Everything Is Gone [Completed] Where stories live. Discover now