Zawgyi
သူ့နားမှာရှိနေရတဲ့ အချိန်တိုင်း စက္ကန့်တိုင်းမှာ ရင်ခုန်သံတွေဗြောင်းဆန်နေခဲ့ပါတယ်...
ထာဝရမဖြစ်နိုင်တဲ့ ခဏတာအချိန်လေးတွေကိုမှ ကိုယ်က
တွယ်တာနေမိပြန်ပြီ...."ဟဲ့ နင်တို့က ဘယ်လိုတွေဖြစ်ကုန်တာလဲ"
ရုပ်ရှင်ရုံရှေ့မှာထိုင်စောင့်နေရင်းနဲ့ Eun Ji အသံကြားလို့လှည့်လိုက်မိတယ် ကိုယ်တောင်ဘာမှပြန်မပြောရသေးဘူး ဘေးက Taehyung က ဝင်ပြောလိုက်တယ်...
"ဒါ ငါ့ကောင်မလေး"တဲ့
ကိုယ့်လက်ကိုမြှောက်ပြပြီးပြောနေတဲ့သူ့ကို ဘယ်လိုမှ
နားမလည်နိုင်တော့ဘူး..."ဒီနေ့တစ်ရက်တည်းပါ Eun Ji ရဲ့"
"ဟာ...မင်းတို့ကလည်း အမြဲတွဲလည်းရတာပဲကို ဘာကိုတစ်ရက်တည်းလဲ"ဟု Jungkook ကဝင်ပြောသည်
သူကဘာမှပြန်မပြောပဲ ရယ်ပြသည်...
ဖြစ်နိုင်ရင် ကိုယ်လည်းအမြဲတွဲချင်တာပေါ့...
ဖြစ်မှမဖြစ်နိုင်တာကို...."လာလေ...အထဲဝင်ကြမယ်"
အထဲဝင်တော့မှ ကိုယ်သတိထားလိုက်မိတာက couple ခုံနှစ်တွဲဝယ်ထားတာပဲ...
"Eun Ji အစတည်းကဝယ်ထားတာလား"
"အင်းလေ...ဘာလို့လဲ"
ကိုယ်ခေါင်းပဲခါပြမိတယ်.....အစတည်းကဆို Jimin ဖို့ကရော...ထားလိုက်ပါတော့
ရုပ်ရှင်ကလည်း romance ကားကြီး...
ကာတွန်းကားတွေ အကြည့်များတဲ့ကိုယ်က ဒါတွေဆို
တကယ့်ကို စိတ်မဝင်စား....ရောက်တည်းက မုန့်တွေချည်းပဲလှိမ့်စားနေမိတယ် ပြီးမှ
သတိရတာက သူ့ကိုမုန့်လည်းမကျွေးပဲနဲ့ စားနေမိတာ....တစ်ချက်ကြည့်လိုက်တော့ သူကကိုယ့်ကိုကြည့်နေတယ်
ဟိုက်...တစ်ချိန်လုံးကြည့်နေတာလားမသိဘူး...."မုန့်စားပါလားဟင်"
မျက်နှာတွေလည်းပူထူလာပြီး ရဲရဲနီနေမှာမြင်ယောင်နေမိတယ်...
KAMU SEDANG MEMBACA
When Everything Is Gone [Completed]
Fiksi Penggemarဘယ်သူ မှ ဘယ်အရာမှ ငါ့အနားမှာ မရှိတော့တဲ့နောက်ပိုင်း....ငါအဆင်ပြေနေပါဦးမလား.....အကယ်၍ မင်းကပါ ငါ့ကိုထားသွားရင်ရော Cast: Kim Taehyung, Im Soo