Zawgyi
ခံစားချက်တွေ နာကျင်လာတဲ့နောက်ပိုင်းမှာ ကိုယ့်ဘဝကိုကိုယ်မုန်းလာတယ်...
ကိုယ့်ရဲ့ဖြစ်တည်မှုကို သဘောမကျတော့ဘူး
တစ်ယောက်တည်းပဲနေဖြစ်တော့တယ်
"Soo BBQ လာစားလေ"
"မစားချင်ဘူး နင်တို့ပဲစားပါ"
"မရဘူး....လာ"
ကိုယ့်ကိုမရမက အတင်းဆွဲခေါ်လာတဲ့သူမ....
အော်...စားချင်စိတ်မရှိပါဘူးဆိုမှပဲ....
"ဟဲ့...ဟိုအကောင်ကိုပစ်လိုက်လို့ ညစ်မနေနဲ့ စားစရာရှိတာစား ဒါနင့်ကျေးဇူးနဲ့စားရတာ"
သူပြောတာလဲဟုတ်သလိုလိုတော့ရှိသား
ကိုယ့်ဘာသာလည်းမှန်တယ်ထင်ရဲ့သားနဲ့ ခံရတာတော့ အောင့်သက်သက်....."မနက်ဖြန် hiking ရှိတယ်နော်"
"အင်း...ငါလည်းကြားတယ်"
စားပြီးသောက်ပြီးတော့ ကိုယ်လည်းမွန်းကြပ်သလိုလိုရှိလို့ လမ်းလျှောက်ထွက်လာခဲ့တယ်
မနက်က ကစားရင်းနဲ့ စမ်းချောင်းလေးတစ်ခုကိုတွေ့ခဲ့လို့ အဲ့နေရာလေးကိုထွက်လာခဲ့တယ်....
ငယ်ငယ်တည်းက ရေမြင်ရင်သိပ်သဘောကျတာ...
ရေစီးသံလေးကိုလည်း မြတ်နိုးတယ်....နည်းနည်းလည်းမှောင်နေတော့ flash light လေးဖွင့်ထားရသေးတယ်....
"တစ်ယောက်တည်း ဘာလာလုပ်တာလဲ"
ဟင်...ဒါရင်းနှီးနေတဲ့အသံတစ်ခု
"အော်...Taehyung...လေညှင်းခံထွက်လာတာ"
"ရူးနေတာလား...လေတွေအဲ့လောက်တိုက်နေတာကို"
"နင်ကရော ဘာထွက်လုပ်တာလဲ"
"အဲ့ဒါ နင့်ကိစ္စမှ မဟုတ်တာ"
"ဟက်"
ကိုယ်ရယ်လိုက်မိသည်...ကိုယ်နဲ့တော့မဆိုင်ဘူးပေါ့
YOU ARE READING
When Everything Is Gone [Completed]
Fanfictionဘယ်သူ မှ ဘယ်အရာမှ ငါ့အနားမှာ မရှိတော့တဲ့နောက်ပိုင်း....ငါအဆင်ပြေနေပါဦးမလား.....အကယ်၍ မင်းကပါ ငါ့ကိုထားသွားရင်ရော Cast: Kim Taehyung, Im Soo