Zawgyi
မိုးတွေ သည်းကြီးမည်းကြီးရွာတဲ့ နေ့တစ်နေ့
ကျောင်းရှေ့က ဆင်ဝင်အောက်မှာ ရပ်စောင့်နေတဲ့
ဲ့ကောင်မလေးတစ်ယောက်....ခဏကြာတော့ ထွက်လာတဲ့ကောင်လေးတစ်ယောက်
" Taehyung na~ Soo ထီးမပါလို့"
"အဲ့ဒီတော့...."
စကားကို ကပ်သတ်ပြီးပြောနေပြန်ပါပြီ...
"Sooလေ ယူနဲ့ထီးတူတူဆောင်းလို့ရမလားဟင်...
bus ကားဂိတ်အထိပါပဲ""ရော့....ငါ့ထီးယူသွားလိုက်"
"နင်ကရော"
"ငါက ရတယ် ဒီအတိုင်းပြန်လိုက်မယ်"
" ဟာ..အဲ့လိုတော့မလုပ်ပါနဲ့...အဲ့လိုဆိုရင်တော့ ငါမယူဘူး.."
" အင်း...မယူလည်းပြီးတာပဲ"
တစ်ချက်တောင်ပြန်လှည့်မကြည့်ပဲ ထွက်သွားတဲ့သူ
သူ ကိုယ်နဲ့ ထီးတူတူမဆောင်းချင်မှန်းသိပေမယ့်
အဲ့လိုကြီးတော့ ပစ်ပစ်ခါခါ ထားမသွားလောက်ဘူးထင်နေတာ.....ဟူး....ဘယ်တတ်နိုင်မလဲ ပြေးပေတော့ပေါ Soo ရေ
..............................................................
မနေ့ကမိုးမိတဲ့အရှိန်နဲ့ လူတစ်ကိုယ်လုံးက ကိုင်ပေါက်ခံထားရသလို ကိုက်ခဲ....
သူ့မျက်နှာလေးတွေ့ချင်လို့သာ ကျောင်းလာရတာ လူက
ဖြူစုပ်စုပ်နဲ့ တရုတ်သရဲမကျနေတာပဲ....ကျောင်းရောက်တော့လည်း ကိုယ့်မှာ ခေါင်းမူးပေမယ့်
သူ့ကိုလိုက်ရှိုးရသေးတယ်...."Soo နေမကောင်းဘူးလား ဖြူစုပ်နေတာပဲ"
ကိုယ့်ရဲ့ bestie လေးကလာမေးပြန်တော့
"Omm နည်းနည်းပါ Eun Ji ရဲ့"
သူမေးတာဖြေပြီးတော့လည်း ဆက်ငေးရတာ
ကိုယ့်အလုပ်.....မျက်မှန်လေးထောင့်လေးနဲ့နင်က အရမ်းလိုက်တယ်
Tae....
![](https://img.wattpad.com/cover/182615706-288-k218639.jpg)
ŞİMDİ OKUDUĞUN
When Everything Is Gone [Completed]
Hayran Kurguဘယ်သူ မှ ဘယ်အရာမှ ငါ့အနားမှာ မရှိတော့တဲ့နောက်ပိုင်း....ငါအဆင်ပြေနေပါဦးမလား.....အကယ်၍ မင်းကပါ ငါ့ကိုထားသွားရင်ရော Cast: Kim Taehyung, Im Soo