Episode 4

2.7K 274 3
                                    

Zawgyi

ခြေ​ထောက်​နာတဲ့ဒဏ်​နဲ့ tent ထဲမှာအောင်း​နေ​တော့ ခရီးထွက်​လာတာ​တောင်​ ​ပျော်​ရမှာလည်းမ​ပျော်​​တော့ဘူး...

ဒါ​ပေမဲ့ စိတ်​ထဲမှာ​တော့ သူရဲ့အာရုံစိုက်​မှုကို အရင်​ကထက်​​တော့ပိုရလာသလိုပဲ...

ဟို​နေ့က သူ့ကိုပြန်​​အော်​မိလိုက်​​တော့ သွားပြီထင်​​နေတာ
အဲ့​နေ့က​တော့ သူ​ပြောတာကြီးက ကိုယ့်​ကိုတကယ်​ခံရခက်​​စေတာ....ပြန်​စ​ဉ်းစားရင်​ ရင်​ဘတ်​ထဲက​တောင်​​အောင့်​လာသလိုပဲ.....

Eun Ji​ပြောတာ နည်းနည်း​တော့မှန်​တယ်​ထင်​တာပဲ
ယောကျာ်း​လေး​တွေက သူတို့ကိုအရမ်းလိုက်​ကပ်​တဲ့
ကောင်​မ​လေး​တွေဆို မကြိုက်​ဘူးဆိုတာ...

ဒါ​ပေမဲ့ ကိုယ်​က ဘယ်​လိုစိတ်​မျိုးနဲ့
သူ့ကိုကြာကြာလျစ်​လျူ ရှုနိုင်​မှာလဲ.....
သူကကိုယ်​မြတ်​နိုးရတဲ့လူတစ်​​ယောက်​ပဲ​လေ....

"Soo ​ခြေ​ထောက်​သက်​သာရဲ့လား"

"သက်​သာပါတယ်​ Eun Ji ရဲ့"

"ဒီ​နေ့ activity လုပ်​ရင်​လိုက်​မယ်​မလား"

"ဟင့်​အင်း ​နေခဲ့မယ်​လို့ တီချယ်​ကို​ပြောထားတယ်​"

တွေးမိပါ​သေးတယ်
်ကိုယ့်​ရဲ့အထီးကျန်​ဆန်​​နေမယ့်​ဘဝကြီးအ​ကြောင်း....

"တစ်​​ယောက်​တည်း​နေခဲ့မလို့??"

ပြူးတူးပြဲတဲနဲ့​မေးလာတဲ့ Eun Ji ​ကြောင့်​ ကိုယ်​လည်းရီချင်​ပါတယ်​...ဘယ်​လို​တောင်​စိတ်​ပူတာလဲ

"​အေး​လေ... စိတ်​မပူနဲ့ ငါက​အေး​ဆေး"

"က​လေး​တွေ....လူစုမယ်​"

"​ဟော...တီချယ်​​ခေါ်​နေပြီသွား​တော့"

"အားလုံးပဲ ဒီ​နေ့က​တော့​ game ကစားမှာ...Soo က​ခြေ​ထောက်​နာ​နေလို့ မလိုက်​နိုင်​ဘူး"

"တစ်​​ယောက်​တည်း​ပေါ့...."

ကျောင်းသား​တွေထဲက တစ်​​ယောက်​ကထ​မေး​တော့

"အဲ့ဒါကိုပဲ တီချယ်​ အကူအညီ​တောင်းမလို့ တစ်​​ယောက်​​လောက်​​နေခဲ့​ပေးပါလညးလို့"

When Everything Is Gone [Completed] Wo Geschichten leben. Entdecke jetzt