Zawgyi
နေ့ရက်တိုင်းကို သူ့စိတ်နဲ့အသက်ရှင်ရတာ တကယ့်ကို
ိုပင်ပန်းလွန်းတယ်....မိုးလင်းတာနဲ့ သူ့အကြောင်းတွေက ခေါင်းထဲကို အလိုလိုဝင်လာတာမျိုး...
မေ့ထားလိုက်ပါတော့မယ်လို့ စဉ်းစားလည်းခဏပဲ ကိုယ်ပဲမနေနိုင်တာ သူကတော့အနေသာကြီး...
တစ်ခါတစ်လေ သူဂရုစိုက်တာကိုခံချင်ပေမယ့်လည်း
ကိုယ့်ရဲ့မဖြစ်စလောက်မာနလေးက သူကသနားသလို
ဆက်ဆံနေတာကို လက်မခံနိုင်ပြန်ရော....မူမမှန်တဲ့ကိုယ့်ရဲ့ခံစားချက်တွေကပဲ ကိုယ့်ကိုရူးသွပ်စေခဲ့တာ....
ဒါပေမဲ့ သူ့ကိုဘယ်အချိန်မြင်မြင် ကိုယ့်ခံစားချက်တွေက
တော့ တသမတ်တည်းပဲ....trip ထွက်တုန်းက အဖြစ်အပျက်ကြောင့် ကိုယ်ကတော့ရှောင်နေမိတယ ပြီးတော့လည်း အဲ့တုန်းကချီလိုက်တာကို ပြန်တွေးမိရင် ရင်ခုန်သံတွေမြန်နေတုန်းပဲ....
"Soo ဒီနေ့ ရုပ်ရှင်သွားကြည့်ကြမယ်နော်"
"ဟင်..အထူးအဆန်းပါလား Eun Ji"
"အင်းလေ...Jungkook တို့နဲ့သွားကြမှာလေ shopping လဲထွက်မယ်လေ...."
အော်...မယ်မင်းကြီးမက Jungkook ပါလို့ကိုး....
မျက်လုံးလေး ကလယ်ကလယ်နဲ့ လာလုပ်ပြတဲ့ သူမကို
ကိုယ်လည်းမလွန်ဆန်နိုင်ပါဘူး....."ကဲ...လိုက်ပါမယ်...ရပြီလား"
"ဒါမှ တို့ရဲ့ Soo...Taehyung လည်းပါမှာလေ"
ပျော်ရမလိုလို ဝမ်းနည်းရမလိုလိုနဲ့ ဘယ်လိုဖြစ်သွားမှန်းတော့မသိဘူး...ဒါပေမဲ့လည်း သူ့ကိုတော့တွေ့ချင်တယ်...
..............................................................
အပြင်သွားရမယ့်အချိန်ကလည်း တဖြည်းဖြည်းကပ်လာပြီဆိုတော့ လူကဂနာမငြိမ်...
အရမ်းလှလှပပကြီး ပြင်ဆင်သွားချင်တာတော့မဟုတ်ပေမဲ့
သူရှေ့မှာ လှလှလေးတော့ဖြစ်ချင်မိတယ်....
YOU ARE READING
When Everything Is Gone [Completed]
Fanfictionဘယ်သူ မှ ဘယ်အရာမှ ငါ့အနားမှာ မရှိတော့တဲ့နောက်ပိုင်း....ငါအဆင်ပြေနေပါဦးမလား.....အကယ်၍ မင်းကပါ ငါ့ကိုထားသွားရင်ရော Cast: Kim Taehyung, Im Soo